menu

Friday 15 November 2013

နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြု ဒေါ်နော်အုန်းလှ၊ ဦးနေ၀င်း၏မြေး အေးနေ၀င်းနှင့်ကျော်နေ၀င်းတို့ပါဝင်


ရန်ကုန်-နိဝင်ဘာ၁၅


နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့သည့် အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက
ယနေ့ တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်းU Ye Htut facebook မှသိရသည်။
အကျဉ်းသား ၆၉ ဦးကို ပြန်လည်စေလွှတ်ခဲ့သည့် အကျဉ်းထောင်များမှာ
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ
စိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆက်လက်ရေးသားထားသည်။


 ယနေ့လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်လာသူများတွင် ပြစ်မူဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈)တို့ဖြင့် ပြစ်ဒဏ်ကျခံရသူ ၂၃ ဦးပါဝင်ကြောင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီမှသိရသည် ။
ယနေ့ တွင် အကျဉ်းသားများကို နိုင်ငံတော်သမ္မတက
ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြုခဲ့ရာယခင်သမ္မတဟောင်း ဦးနေ၀င်း၏မြေး၂ဦးဖြစ်သော
အင်းစိန်ထောင်တွင်အကျဉ်းကျခံနေသည့်
အေးနေ၀င်းနှင့်ကျော်နေ၀င်းတို့ပါဝင်ကြောင်း သိရသည်။
"နိုင်ငံရေးအကျဉ်းသား ၆၆ ဦးပါပါတယ် ၊ အဲဒီထဲမှာ ပုဒ်မ ၁၈ နဲ့ကျနေတဲ့ ဒေါ်နော်အုန်းလှလည်းပါတယ် ၊ တိုင်းရင်းသားတွေလည်းပါပါတယ် "ဟု အထက်ပါကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခင်သမ္မတဟောင်း ဦးနေ၀င်း၏ မြေးနှစ်ဦးဖြစ်သည့် အေးနေ၀င်း၊ ကျော်နေ၀င်းနှင့် ၄င်းတို့၏ အမူထမ်းတစ်ဦးလွတ်မြောက်လာကြောင်း အထက်ပါတာဝန်ရှိသူကပြောသည် ။
လက်ကျန်နိုင်ငံရေးအကျဉ်းသားစီစစ်ရေးကော်မတီ၏ စာရင်းအရ လွတ်မြောက်ရန်ကျန်ရှိသော နိုင်ငံရေးအကျဉ်းသား ၆၀ ဦး ရှိသေးကြောင်းသိရသည် ။ " ကျွန်တော်တို့ စီစစ်ထားတဲ့ ၁၄၇ ဦးမှာ ၂၁ ဦးကမသေချာတဲ့အတွက် ၂၁ ဦးကိုပြန်ဖြုတ်လိုက်ပြီ ၊ နောက်ထပ် ၂ ဦး ရယ် ၊ ၁၅ ဦးရယ် တိုးတာရှိတယ် ၊ အဲဒါတွေကိုလည်း နိုင် / ကျဉ်း ဟုတ်မဟုတ် စီစစ်နေပါတယ် " ဟု ၄င်းကပြောကြားခဲ့သည် ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လူသား ချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေး တွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြု ပါဝင်နိုင်ရန် အတွက် လည်းကောင်း၊ ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့်အညီ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ ထောက်ခံတင်ပြခဲ့သည့် အကျဉ်းသား (၆၉)ဦး အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာ့သက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၃ ရက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နိင်ငံတော်သမ္မတရုံးဝက်ဆိုဒ်တွင်ရေးသားထားသည်။

MZ
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis