menu

Tuesday 4 September 2012

အသီးတစ်ရာ အညှာ တစ်ခုသို့ သီချင်းနဲ့ လွမ်းကြတဲ့ပွဲ




အနုပညာ လောကမှာ တေးရေး၊ တေးဆို၊ သရုပ်ဆောင်၊ ဂန္ထ၀င် အဆိုကျော် အဖြစ် ထင်ရှား အောင်မြင်ခဲ့တဲ့ တွံတေးသိန်းတန် ကွယ်လွန် သွားခဲ့တာ ၁၉၉၉ ခုနှစ်က ဖြစ်လို့ ဒီနှစ်ဆိုရင် ၁၃ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ကွယ်လွန်သွားခဲ့တာ ၁၃ နှစ် ကျော်ကြာခဲ့ပြီ ဆိုပေမဲ့ သူ့ရဲ့သီချင်းများက ကျေးလက် ဒေသတွေမှာသာမက နယ်ရော မြို့ပါ နေရာ အသီးသီးမှာ အခု အချိန်ထိ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ အဲဒီလို အောင်မြင်ခဲ့တဲ့ အဆိုတော် တွံတေးသိန်းတန်နဲ့ဇနီး ချစ်စံပယ်တို့ကို ပြန်လည် အောက်မေ့ အမှတ်ရတဲ့ အနေနဲ့ ဇူလိုင်လ ၂၃ ရက် ညနေ ၆ နာရီခွဲအချိန်က ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ အသီးတစ်ရာမှ အညှာ တစ်ခုသို့ တမ်းတခြင်း အမည်နဲ့ ဂီတ ဖျော်ဖြေပွဲ တင်ဆက်ခဲ့ပါတယ်။

တွံတေးသိန်းတန်နဲ့ ချစ်စံပယ်တို့ကို ဂုဏ်ပြု ပေးကြတဲ့ ပွဲဖြစ်လို့ အသီးတစ်ရာမှ အညှာတစ်ခုသို့ တမ်းတခြင်း ဂီတ ဖျော်ဖြေပွဲ မှာ ပါဝင် သီဆို ပေးကြတဲ့ အဆိုတော်များကလည်း တွံတေးသိန်းတန်နဲ့ ချစ်စံပယ်တို့ရဲ့သီချင်းများကို ပြန်လည် သီဆိုတင်ဆက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ တွံတေးသိန်းတန်က နောက်ပိုင်းမှာ နယ်လှည့်ဇာတ်သဘင် တည်ထောင်ပြီး အနယ်နယ်အရပ်ရပ် ကို သွားရောက် ကပြခဲ့သေးတာ ကြောင့် ဂုဏ်ပြုတဲ့ ပွဲမှာလည်း တွံ တေးသိန်းတန် ဇာတ်သဘင်မှာ တင်ဆက်နေကျ အဖွင့် ဘုရားကန် တော့၊ အပျိုတော် ယိမ်းများနဲ့ စပြီး ဖျော်ဖြေရေးအစီ အစဉ်ကို ဖွင့်လှစ် ပေးခဲ့ပါတယ်။


တွံ တေးသိန်းတန်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို သီချင်းများနဲ့ အောင်မြင်ခဲ့သလို တခြားဂီတ ပညာရှင်များရဲ့လက်ရာတေး များနဲ့လည်း ခေတ်အဆက် ဆက် အောင်မြင်ခဲ့တာဖြစ်လို့ တွံတေးသိန်းတန်ရဲ့သီချင်း အပုဒ်ရေ က ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ထွေးညို၊ ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ ဘယ်ပန်းသာလို့ယဉ်၊ သာပါ လိမ့်မယ်ရွှေကျီးညို၊ အချစ် တစ်ပွဲ စစ်ပွဲတစ်ရာ၊ ချယ်ရီ လက်ဆောင်ပေးသူလေး၊ မေတ္တာမီးအိမ်၊ မင်္ဂလာတေး၊ ဆောင်းရယ်နှင်းရယ် ကိုယ့် ချစ်သူရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ် တေးများက ယနေ့ထက်တိုင် အောင်မြင်နေဆဲဖြစ်သလို နောက်ထပ် ပေါ်ပေါက်လာ တဲ့ တေးသံရှင်များကလည်း ဒီသီချင်းများကိုပြန်လည်သီဆို နေကြဆဲပဲ ဖြစ်ပါတယ်။

အသီးတစ်ရာမှ အညှာ တစ်ခုသို့ တမ်းတခြင်း ဂီတပွဲ မှာ ပထမဦးစွာ ကြည်သာ ခွန်းဆင့်ပဏာမ အဖွင့်တေးကို ဗညားဟန်၊ ဖိုးသောကြာ၊ ကောင်းသန့်ဟိန်း၊ ရွှေရည် သိန်းတန်၊ ပန်းအိဖြူနဲ့ စိမ်းလဲ့ လဲ့တို့က မြိုင်မြိုင်ဆိုင်ဆိုင် သီဆို တင်ဆက်ခဲ့ကြပါတယ်။ တွံတေးသိန်းတန် အလွန်အောင်မြင် ခဲ့တဲ့ အသီးတစ် ရာ အညှာတစ်ခု သီချင်းကို သီဆိုဖျော်ဖြေ တဲ့ အစီအစဉ်မှာ တော့ တွံတေး သိန်းတန်ရဲ့မူရင်း အသံကိုပြန် လည်ကြားခဲ့ရ ကြပြီး သမီးဖြစ် သူ ရွှေရည်သိန်းတန်ကလည်း ပံ့ပိုး ကူညီသီဆိုပေးပါတယ်။


ဒီသီချင်းမှာတော့ တေးသရုပ် ဖော်အစီအစဉ်နဲ့ တင်ဆက် ခဲ့ပြီး ကုမုဒြာအဖွဲ့က ပါဝင် တင်ဆက်ပေးခဲ့ကြတာဖြစ် ပါတယ်။ ရုပ်ရှင်နဲ့ဂီတ သီချင်းကို ပြန်လည်တင် ဆက်ရာမှာတော့ သန်းမြတ်စိုး နဲ့ ရီရီသန့်တို့က သီဆိုပေးခဲ့ ကြပြီး ထွေးညို သီချင်းကို ရွှေရည်သိန်းတန်၊ တစ်ကိုယ် ရည် စစ်သား သီချင်းကို ဖိုးသောကြာ၊ ကြည်ဖြူ မေတ္တာ သီချင်းကို ကောင်း သန့်ဟိန်းနဲ့ ချိုပြုံးတို့က တစ်ပိုဒ်စီ သီဆို ထားကြပါ တယ်။ ဖိုးလမင်းကို အောင် သွယ်ခိုင်းမယ် သီချင်းကို တော့ စိုးစန္ဒာထွန်း၊ ဆောင်း ရယ်နှင်းရယ် ကိုယ့်ချစ်သူ ရယ် သီချင်းကိုတော့ ရာဇာ ၀င်းတင့်က သီဆိုပေးခဲ့ပါ တယ်။ မိအေး ဘယ်မှာလဲ သီချင်းကို အိအိမွန်၊ မေတ္တာ မီးအိမ် သီချင်းကို ပန်းအိဖြူ တို့က သီဆိုပေးကြပြီး ဒီပွဲကို စပွန်ဆာများနဲ့ ပံ့ပိုး ကူညီပေးတဲ့ မြန်မာသံချစ်သူ တော်ဝင် ဦးကိုကိုထွေးကလည်း ချယ်ရီ လက်ဆောင်ပေးသူလေး သီချင်းကို သီဆိုပေးခဲ့ပါတယ်။

တွံတေးသိန်းတန် အောင်မြင် ခဲ့တဲ့ မင်္ဂလာတေးကိုတော့ လှမြင့်ဝင်းနဲ့ စိမ်းလဲ့လဲ့တို့က သီဆိုပေးခဲ့ကြပြီး အသီး တစ်ရာမှ အညှာတစ်ခုသို့ တမ်းတခြင်း ဂီတပွဲမှာ စိတ် ရောကိုယ်ပါ ပံ့ပိုးပေးခဲ့တဲ့ ရီရီသန့်ကလည်း အမေ့ပါး က သနပ်ခါး သီချင်းနဲ့ ဖျော် ဖြေပေးခဲ့ပါတယ်။ ဖိုးသော ကြာရဲ့ ဒုတိယအကျော့ သီဆို တဲ့အစီအစဉ်မှာ ချစ်ရက်ရှည် ရှည် အင်းလျားမြေ သီချင်း ကို ထပ်မံဖျော်ဖြေပေးပါ တယ်။ ချစ်စံပယ်ငယ်စဉ်က အောင်မြင်မှုရခဲ့တဲ့ မမတို့ မော်ရွှေမြိုင် သီချင်းကို သမီး ရွှေရည်သိန်းတန်ကိုယ်တိုင် သီဆိုပေးခဲ့ပြီး ဗညားဟန်က နှမလက်လျှော့ နေလေတော့ သီချင်း၊ စိမ့်နေခြည်က အမုန်းတွေ၊ လှမြင့်ဝင်းက ပန်းနွယ်က စိမ်း၊ အိအိချွန်က ခွေးဖြူမလေးသို့ စာတစ်စောင်၊ စိမ်းလဲ့လဲ့က တစ်နေ၀င် သော်၊ နှင်းရည်သန့်က ဘယ် ပန်းသာလို့ယဉ် နဲ့ တွံတေး သိန်းတန် နောက်ပိုင်းမှာ သီဆို ဖြစ်ခဲ့တဲ့ ပျင်းတောင်ပျင်း သေးတယ် သီချင်းကိုတော့ ရန်ပိုင်စိုးက သီဆိုပေးခဲ့တာ ဖြစ်ပါတယ်။

တွံတေးသိန်းတန်နဲ့ ချစ် စံပယ်တို့ ဇနီးမောင်နှံ အတွဲ ညီညီအောင်မြင်ခဲ့တဲ့ မောင် ရွှေရိုးနဲ့ ချစ်စံပယ် သီချင်း ကိုတော့ နောက်ဆုံးပိတ် တင်ဆက်မှုအနေနဲ့ ဗညားဟန်နဲ့ ရွှေရည်သိန်းတန်တို့က သီဆို ပေးခဲ့ကြပါတယ်။ အဲဒီ အစီအစဉ်မှာ ဗညားဟန်က လူ ပြက်ကလေး မောင်ရွှေရိုး အဖြစ် လူရွှင်တော်ဝတ်စုံနဲ့ သီဆိုပေးခဲ့သလို ရွှေရည်သိန်း တန်ကလည်း မင်းသမီးဝတ် စုံနဲ့ အတိုင်အဖောက်ညီညီ သီဆို ဖျော်ဖြေပေးခဲ့ကြပါတယ်။ အဲဒီပွဲကို မြန်မာသံချစ်သူများ က တစ်ခဲနက် လာရောက် အားပေးခဲ့ကြသလို ဒီပွဲမှာ သီဆို ဖျော်ဖြေပေးကြတဲ့ မြန်မာသံအဆိုရှင်များက လည်း တွံတေးသိန်းတန်နဲ့ ချစ်စံပယ်တို့ကို ဂုဏ်ပြုကြတဲ့ အနေနဲ့ မေတ္တာ များစွာဖြင့် သီဆိုပေးခဲ့ကြတယ်လို့ သိရ ပါတယ်။            


လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis