စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ စနေနေ့ညကဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ ၁၁ ဦးထဲက ထန်းကုန်းဒေသခံ အသက် ၄၃ နှစ်အရွယ် ဦးဆန်းချိုဟာ သြဂုတ်လ ၂၈ ရက်နေ့က ရွှေဘိုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်ဆိုတာနဲ့
“ဝမ်းလျှောပြီးတော့ သေတာပါ။ သူ့ဆွေမျိုးသားချင်းတွေလည်း
ဒါကြောင့် ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်လက်မေးမြန်းတဲ့အခါမှာတော
“ရွှေဘိုဆေးရုံကြီးမှာ ဆေးရုံအုပ်ကြီး ဒေါ်သက်သက်စိန်နဲ့တွေ့ပါတယ်။
အာဏာပိုင်တွေဘက်က ဝမ်းသွားလို့ ဦးဆန်းချို သေဆုံးသွားတယ်လို့ အကြောင်းပြပေမဲ့ ဒီအပေါ် သံသယရှိပြီး ဆေးရုံရဲ့ ဆေးစစ်ချက်အဖြေကိုလည်း စောင့်ဆိုင်းနေသလို ထောင်ပိုင်ကိုလည်း ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်မေးမြန်းခဲ့တဲ့အြ
“အခုနက ဆရာဝန်မကြီးပြောတာက အစာအိမ်ကို ဖွင့်စစ်တဲ့အချိန်မှာ သွေးယိုတာတွေ ဘာတွေ ဘာမှ မတွေ့ဘူး-တဲ့။ stool (၀မ်း) တို့ ဘာတို့တော့ ဓာတ်ခွဲခန်း ပို့ထားတယ်-တဲ့။ အခု ဦးဏှောက်ကိုလည်း ဖောက်ပြီးတော့ စစ်ထားတာရှိတယ်။ ဆေးစစ်ချက်တော့ ကျနော့်ကို ပေးမတွေ့ဘူး။ အဲဒါက ဒီလောက် ကလေးနဲ့ တရက် နှစ်ရက်ကလေးနဲ့ ၂၇ ရက်နေ့ ညမှာ ရောက်သွားပြီးတော့ မနက် လေးနာရီ ငါးနာရီလောက်မှာ ဝမ်းလျှောတယ်လို့ ပြောပြီးတော့ ညနေကျတော့ ဒီဆေးရုံ ချက်ခြင်းပို့၊ သတိမရ ဘာမရ သေရတယ်ဆိုတာက ကျနော့်မှာ ယုံကြည်မှု ဘယ်လိုဖြစ်မလဲ။ ကျနော် အလောင်းကိုကြည့်တော့ ပတ်ချာလည်ကို ဖောက်ပြီးတော့ စစ်ထားတယ်။ အပေါ်ကလည်း အခု အခေါင်းကို ဖွင့်ပြယုံပဲပြတာ။ ပတ်ချာလည် ထုံးစံအတိုင်း လှန်ကြည့်လှောကြည့်ရင် ကြိုက်မှာမဟုတ်ဘူး။ ဘေးတွေကလည်း ညိုနေတယ်ထင်တာပဲ။ ဗိုက်ကလည်းဖွင့်ထားတယ်။ ထောင်ကို သွားတဲ့အချိန်မှာ သူတို့ ထွက်မတွေ့ဘူး။ ခဏနေ နာရီဝက်လောက်နေမှ ထောင်ပိုင်က ခေါ်လို့ အထဲဝင်သွားတယ်။ သူက ဘာမှ မပြောဘဲနဲ့ အထက်ကို အစီရင်ခံစာ တက်ပါအုံးမယ်-တဲ့။ သူ ပင်စင်သွားခါနီး ထွက်တော့မှာမို့လို့ ပြုတ်မှာ ပြုမှာ ကြောက်ပါတယ်ဆိုပြီး ပြောနေတာပေါ့ဗျာ။ အဲ သူတို့ တင်ကြတယ်။ Fax ထိုးတယ်။ ကျနော် ထိုင်စောင့်တယ်။ ဘယ်လိုမှ အကြောင်းပြန်မလာဘူး။ ကျနော် ပြန်မယ်လို့- ဘယ်မှာလဲ ဥပဒေရှိတာလဲ။ ဥပဒေမဲ့လုပ်တယ်။ ဒါ ကျနော်တို့ ပြောလို့မှ မရရင် ကျနော်တို့ ထပ်မံပြီးတော့ လုပ်သင့်တာကို လုပ်ရမှာပဲလေ။”
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းကုန်းရွာမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတယောက်ကို မူဆလင်အမျိုးသား တယောက်က ကာဣနြေ္ဒပျက်ပြားအောင် ပြုလုပ်ပြီး အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက် စနေနေ့ညက ဒေသတွင်း အိုးအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ မီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။ ဒီလို လူအုပ်စုနဲ့ မီးရှို့ ဖျက်ဆီးတာကြောင့် ထန်းကုန်းရွာက အိမ်ခြေ ၄၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခံခဲ့ရသလို မီးသတ်သမားတဦးနဲ့ တခြား လူတဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက မသင်္ကာသူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီနေ့မှာပဲ ရွှေဘိုရဲစခန်းကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လ
VOA
No comments:
Post a Comment