menu

Saturday 31 August 2013

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အရေးပေါ် တွေ့ဆုံ


သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြော ခွင့်ရပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာတာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုသည်။


ဧရာဝတီသတင်းဌာန၏ စုံစမ်းချက်အရ သမ္မတဦးသိန်းစိန်နှင့်ေ ဒ်ါအောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် အရေးပေါ် တွေ့ဆုံမှုတခုဖြစ်ပြီး လတ်တလော ဖြစ်ပွားသော ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းအကြား အာဏာလွန်ဆွဲပွဲနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း သိရှိရသည်။

ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၁၃

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis