menu

Saturday 31 August 2013

ဆီးရီးယားအရေးနဲ့ မြန်မာတွေရဲ့ အမြင်

ကမ္ဘာ့သတင်းလောကမှာ အခုတလော စိတ်ဝင်စားမှုအများဆုံးကတော့ ဆီးရီးယားအရေးပါပဲ။ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး မြန်မာတွေရဲ့ စိတ်ဝင်စားမှု ဘယ်လို ရှိလဲ ဆိုတာ ဧရာဝတီက စုစည်းတင်ပြထားပါ တယ်။ 




သတ်ဖြတ် ခြိမ်းခြောက်ပြီး ပြည်သူကို အုပ်စိုးသူတို့ရဲ့ နိဂုံးဟာ ဘယ်တုန်းကမှ ဇာတ်သိမ်း မကောင်းခဲ့ပါဘူး။ အသက် ရှင်စဉ် မှာလဲ အာဏာရှင်တွေဟာ အကြောက်တရားနဲ့ နေကြရပြီး နှောင်းလူ အဆက်ဆက်တွေရဲ့ တံတွေးခွက်ထဲ မှာပဲ သူတို့တတွေရဲ့ ဘဝဟာ နစ်မြောကြရတာကို အာဏာရှင်တိုင်း သံဝေဂ ယူသင့်ပါ တယ်။ 



နိုင်ငံရေး အကျဉ်းသား ဟောင်း အရှင်ဇ၀န 




                                        


                                                ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆီးရီးယား ဆိုး တာတော့ ရာဇ၀င်နဲ့ ချီတာဘဲ၊ နိုင်ငံကြီး၊ ငယ်တွေကလဲ သူ့ အကျိုးစီးပွားနဲ့ သူပေါ့။ အရှေ့ အလယ်ပိုင်း က သိပ်တော့ မလွယ်လှဘူး။ အီရတ်၊ အီဂျစ်၊ ခုထိ မငြိမ်သေးတာ နမူနာဘဲ။ လစ်ဗျားတော့ ဘယ် လို နေတယ် မသိဘူး၊ အသံ သိပ်မကြားရတော့ဘူး။ နိုင်ငံတကာစိတ်ဝင်စားတဲ့လူတွေကလွဲရင် လူများစုက ဝေး လည်း ဝေးတော့ သိပ်စိတ်ဝင်စားကြမယ်မထင်ဘူး။ အဲ အမေရိကန်စစ်သင်္ဘော ပုံ ကြီး တက်လာတော့မှ ဘာလဲ ဟ ဆိုပြီး ခေါင်းထောင်ကြည့်ကြမယ်လို့ ထင်တယ်။ ဒါမှမဟုတ် ဓါတ်ဆီဈေးတက် ရင်ပေါ့။ သေချာတာက တော့ စစ်ဖြစ်ရင် အနည်းနဲ့ အများ ဂယက်ရိုက်မှာဘဲ။ ဒေါ်လာ ဈေးလေး၊ ရွှေ ဈေးလေး နည်းနည်း လှုပ်နိုင်တယ်၊ ခုခေတ် က ညောင်ဦးက ကမ်းပါးပြိုလို့ စမ္ပာယ်နဂို နွားမပေါင်ကျိုးတဲ့ ခေတ်လေ။ ဘိုလို ပြောရင်တော့ globalization ပေါ့။ 





နိုင်ငံရေး အကျဉ်းသားဟောင်း ( NLD) ဦးခင်မောင်ကြည်


                                              ။။။။။။။။။။။။။။။။။။။။။။။။။။။။။။





ကျနော်တို့လည်း ဒီမှာ ဂြိုလ်တု စလောင်းတွေက လွှင့်နေတဲ့ သတင်းတွေ အရပေါ့ဗျာ။ Poison Gas အဆိပ်ဓာတ် ငွေ့ တွေ၊ ဓာတု လက်နက်တွေနဲ့ တိုက်ခိုက်တယ်ဆိုတာ ကျနော်တို့ သိရတယ်လေ။ ပြည်သူ လူထု အပေါ်ကိုပေါ့။ သူတို့ရဲ့ အစိုးရက တိုက်ခိုက်တယ်လို့ အများစု က ဖော်ပြတယ်။ ဒါပေမယ့် လက်ရှိ ဆီးရီးယား အစိုးရကလည်း သူတို့ လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆန်နေတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ ကမ္ဘာ့ခေါင်း ဆောင်တွေ အားလုံးကတော့ ဒီလို ရုပ်ဆိုး အကျည်းတန်တဲ့ အများ ပြည်သူအပေါ် ကျူးလွန်မှုကြီးကို ဘယ်သူမှ မကြိုက်လို့ အားလုံး ကန့်ကွက်ထားကြတယ်လေ။ ဆိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့နိုင်ငံတွေကတော့ တခုခုတော့ အရေးယူဆောင်ရွက်မှုတွေ ရှိလိမ့်မယ်လို့ ကျနော်တို့လည်း ယူဆမိတယ်ပေါ့ဗျာ။ ဒါပေမယ့် စစ်ရေး လောက်အထိ အရေးယူဆောင်ရွက်မလား ဆိုတာ တော့ ခုနပြောသလို လက်ရှိ အမေရိကန်အစိုးရတို့ အီးယူ တို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ လုံခြုံရေး ကောင်စီမှာ ပါတဲ့ အဓိက နိုင်ငံကြီးတွေက ဆုံးဖြတ်ပြီးတော့ ဘယ်လို လုပ်မလဲ ဆိုတာတော့ ကျနော်တို့ ကြိုတင်ခန့်မှန်းရ နည်းနည်း ခက်တာပေါ့ဗျာ။ အရေးယူဆောင်ရွက်မှု တခုခု တော့ ရှိလိမ့်မယ်။ စစ်ရေးအထိ ပါဝင်နိုင်မလား ဆိုတာတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ့ဗျာ။ ကျနော့်အနေနဲ့တော့ အပြစ်မဲ့ ဆီးရီးယား ပြည်သူပြည်သားတွေ ဒီလိုကြီး ရက်ရက်စက်စက် အလုပ်ခံရတာတော့ ကျနော်တို့ကလည်း မြန်မာပြည်က သာမန်ပြည်သူ ပြည်သားတွေပဲလေ။ ကမ္ဘာသူ ကမ္ဘာသား တဦးအနေနဲ့ ကျနော်လည်း စိတ် မကောင်း ဖြစ်ရတာပေါ့။ 


တေးရေး တေးဆို ဆောင်းဦးလှိုင် 



                                                
                                                             ။။။။။။။။။။။။။။။။။။။




ကျမက အဲဒီလို အမြင်မျိုးရေးလေ့ မရှိလို့ မပြောတတ်ပါဘူး။ ခုနပဲ မသေ မရှင်ဖြစ်နေတဲ့ ဓါတ်ငွေ့သင့် ကလေး တစ် ယောက် ကို ရိုက်ထားတဲ့ ဗီဒီယိုကလစ် ကလေးကြည့်ပြီး ရင်ထဲမှာ နာလာတယ်။ ပြည်သူတွေ ထိမှာ စိုးပေမယ့် ခုလည်း သူတို့ကြောင့် ထောင်ချီသေနေရတာပဲလေ။ သေရမှာ အတူတူဆိုရင်တော့ သူတို့ ထဲ က လူပါသေပြီး ပြည်သူသေရတာကမှ တော်သေးလို့ ပြောရမှာပါပဲ။ 

 
အမေရိကန် ပြည်ထောင်စုရောက် စာရေး ဆရာမ မခက်မာ 





                                                  ။။။။။။။။။။။။။။။။။။။။။။။။



အမေရိကန် ၀င်တိုက်ဖို့ အခြေအနေ နည်းနေ သေးတယ်။ ဓါတု သုံးတာကို CWC သုံးတာကို မကြိုက်ပေ မယ့် ၀င်ဖို့ အခြေအနေ မပေးသေဘူးလို့ မြင် တယ်။ ဒီလိုဖြစ်ရတာက ဆီးရီးယား က အာဆတ်ကို ဖြုတ်ချဖို့ အကြမ်းဖက်သမားတွေ နဲ့ ပူးပေါင်း မလုပ်ခြင်တဲ့ သဘောပေါ့။ တချို့ မွတ်စလင် အစွန်းရောက်တွေ ပါနေတယ်။ အာဖဂန် ကိစ္စမှာ အမေရိကန် သင်ခန်းစာ ရထားတယ်။ အာဖဂန်မှာ ရုရှားလိုလားတဲ့ အစိုးရ ကို တိုက်ထုတ်ဖို့ အကြမ်းဖက်နဲ့ ပေါင်းခဲ့ဘူး တဲ့ ရလာဒ် သခန်းစာ။ နောက်တခုက နိင်ငံတကာ ပေါ်လစီ Level မှာတော့ ဓါတု လက်နက်ကြောင့် သေတဲ့ ဦးရေ( body count ) အရ နည်းသေးတယ်။ ဘင်္ဂလာဒေ့ရှ်မှာ အလုပ်ရုံပြိုတာ လူ ၃ ထောင်ကျော် သေဆုံးခဲ့ဖူးတယ်။ Destabilize လုပ်ထားရုံ နဲ့ ဆီးရီးယားက အာဆတ် ဒုက္ခ များနိင်တယ်။ ရေနံ ဈေး ကမောင်ကမဖြစ်။ ဒေါ်လာဈေးတက်ပေါ့။ မဟာဗျူဟာ အရတော့ ဒီဒေသကြီးဟာ အမေရိကန် ရင်ခွင်ထဲမှာ ထားကို ထားမယ်လေ။ အမေရိကန်ဟာ ရေနံ ကန်ကြီး ကို သူနိင်ငံမှာ ဖင်ခု ထိုင် ထားပြီး ဖြစ်ဦးတော့ ဒီဒေသ ကို လက်မလွတ်ပါဘူး။ လုံးဝကို ထိမ်းချုပ်ထားမယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ တခြားသူတွေ ပါဝါကို ဒီဒေသကို အသုံချပြီး တက်မလာနိင်အောင်လုပ်ဖို့က သူရဲ့ မဟာဗျူဟာ ရည်မှန်းချက် ဖြစ်ပါတယ်။ အာရပ်တွေ ကို ယဉ်ကျေးမှု သင်တန်း ဖွင့်ပေးရေး က အမေရိကန် ဆန္ဒ ပဲ။ 

 
ခေတ္တ မြန်မာနိုင်ငံရောက် 
၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးမိုးသီးဇွန်
                                          ။။။။။။။။။။။။။။။။။။။။။
အိမ့်သံစဉ် ~ 
 
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis