menu

Saturday 31 August 2013

အမျိုးသမီးငယ် တစ်ဦးအား ကားဖြင့်တိုက်၍ မုဒိမ်းကျင့်သွားသည်ဟု မဟုတ်မမှန်သတင်းထွက်နေသူ ဒေါက်တာသူရိန်လှိုင်ဝင်း


ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ပြောတဲ့အချိန်ကနေစပြီး အခုချိန်ထိ မက်စေ့ခ်ျနဲ့တစ်မျိုး၊ ကွန်မင့်နဲ့တစ်မျိုး အဆဲခံရလေ့ရှိတယ်။ အခုနောက်ဆုံးမှာတော့
ဟက်ခ်ခံထားရတဲ့ပေ့ခ်ျတွေမှာ မိန်းကလေးတစ်ယောက်ကို ကားတိုက်ပြီး မုဒိမ်းကျင့်ထွက်ပြေးတယ်ဆိုပြီး တင်ပါတယ်။ Ref ကိုတော့ Daily Eleven ဆိုတဲ့နာမည်နဲ့တင်ပါတယ်။ ဒါဟာ လုပ်ကြံဖန်တီးထားတယ်ဆိုတာကို ဥာဏ်ရှိတဲ့သူတိုင်းသိလောက်ပါတယ်။ဘင်္ဂါလီကိစ္စကို ပြင်းပြင်းထန်ထန်ပြောလို့ ဒီလိုတွေဖြစ်လာတယ်ဆိုတာကိုလည်း ကျွန်တော်ရိပ်စားမိပါတယ်။ ဒါပေမယ့် ဓမ္မနဲ့ အဓမ္မမှာ ဓမ္မကသာ အမြဲနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်ကို မှတ်လောက်အောင်လုပ်တယ်လို့ထင်ရပေမယ့် ဘင်္ဂါလီနဲ့ပတ်သက်လို့ ကျွန်တော့်ခံယူချက်ကပြောင်းလဲမသွားပါဘူး။ ဒီကိစ္စကို လုပ်ကြံဖန်တီးတာဘယ်သူတွေလဲဆိုတာရယ်၊ ဘယ်လိုလူမျိုးတွေက အောက်လုံးထိုးတတ်သလဲဆိုတာရယ်ကို ကျွန်တော်တို့ပိုသိလာရတာပေါ့။ ဒီအတွက် ကျွန်တော်ယုံကြည်ရာ ဆက်လျှောက်နေဦးမှာပါ ဟု facebook တွင်ရေးသားထားသည်ကိုတွေ့ရပါသည်၊

 အမျိုးသမီးငယ် တစ်ဦးအား ကားဖြင့်တိုက်၍ သတိလစ်နေစဉ် မုဒိမ်းကျင့်သွားသည်ဟု ယူဆရသူတစ်ဦး၏ ဓါတ်ပုံအား ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ထား

၂၉-၈-၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ သာကတေမြို့ နယ် အမှတ် (၁) ရဲစခန်းသို့ အမည်မသိလူငယ်တစ်ဦး ရောက်ရှိလာကာ မိန်းကလေး ငယ်တစ်ဦးကားတိုက်ခံရပြီး လမ်းဘေးတွင် လဲကျနေကြောင်း၊ ကားမှာတိုင်းရင်းသား
ကျေးရွာဖက် ဘက်သို့မောင်းနှင်ထွက်ပြေးသွားေ
ကြာင်း လာရောက်တိုင်တန်း သဖြင့်
မြို့နယ် ရဲတပ်ဖွဲ့မှူးက လမ်းကြောင်းပေါ်ရှိ ရဲစခန်း/
ရဲကင်းများအား ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးရန်ညွှန်ကြားခဲ့ပြီး အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ရှုခင်းသာ အပန်းဖြေစခန်းအနီးတွင် သာကေတမြို့နယ်နေ မခင်ဝင်းမာ (၁၇)နှစ်အား ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာရရြှိ
ပီး ၀တ်လစ်စလစ်ဖြင့် သားမယားပြုကျင့်ခံထားရသည့် အနေအထားဖြင့် သတိလစ်နေသည်ကိုတွေ့ ရှိရ သဖြင့် တာဝန်သိ ရဲတပ်ဖွဲ့ ဝင်များက ရန်ကန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့သည်။

အခင်းဖြစ်ပွားရာနေရာမှ သက်သေခံပစ္စည်းများကို ရှာဖွေ စစ်ဆေးရာ ၂x၂ ပတ်လည် ပက်စ်ပို့ အရွယ်အစား ဓါတ်ပုံတစ်ပုံကို ရှာဖွေ တွေ့ ရှိခဲ့ပြီး သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းယူဆောင်သွားခဲ့သည်။ ထိုဓါတ်ပုံကို အများပြည်သူ သိစေ ရန်ကြေညာ စာသင်ပုန်းများတွင်လိုက်လံကပ်ထားပြီး တွေ့ ရှိပါကအကြောင်းကြားပေး ရန် သာကေတမြို့ နယ် ရဲတပ်ဖွဲ့ မှ အများပြည်သူသို့ ညွှန်ကြားထားကြောင်း သတင်း ရရှိသည်။

သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃

 Daily Eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis