menu

Wednesday 24 October 2012

နန်းခင်ဇေယျာ ဖီဗာ( အေးမြကျော်)

Photo: နန်းခင်ဇေယျာ ဖီဗာ

ရေးသားသူ- အေးမြကျော်

သည်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အများဆုံး နေရာယူထားသည်မှာ တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်နေ သော

တောင်ကိုရီးယား အဆိုတော်၏ ဂမ်နန်းစတိုင်လ်လည်းမဟုတ်သလို မိန်းကလေးတွေသည်းသည်းလှုပ်သော ဗြိတိန်အဆိုတော်အဖွဲ့ One

Direction ရဲ့ဂီတဗီဒီယို အသစ်အကြောင်းလည်း မဟုတ်ခဲ့ပါ။

နှစ်ပေါင်း ၅၀ ကြာမှ ပထမ ဆုံးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်ထက်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်နေသော

ပအို့ဝ်တိုင်းရင်းသူ နန်းခင်ဇေယျာအကြောင်းကသာ မြန်မာလူမျိုးများ အသုံးပြုမှုအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်

စာမျက်နှာများတွင် အများဆုံးနေ ရာယူထားခဲ့လေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အင်တာနက်သုံးစွဲသူ သုံးသိန်းကျော်သာရှိမည်ဟု ခန့်မှန်းထားပြီးကမ္ဘာပေါ်မှာ အင်တာနက်သုံးစွဲ သူဦးရေ

အနည်းဆုံးနိုင်ငံစာရင်းထဲမှာပင်ရှိနေသေးသည့် မြန်မာပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် မစ္စအင်တာနက်ဆုနှင့်ပရိသတ်

အကြိုက်ဆုံးဆုနှစ်ဆုကို နန်းခင်ဇေယျာ ဆွတ်ခူးခဲ့သည်။

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တွင် နိုင်ငံပေါင်း ၆၈ နိုင်ငံမှ လှပျိုဖြူများ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ Miss International

2012 ပွဲတွင် ပြိုင်ဘက်များ သတိပြုမိကာ အံ့အားတသင့် မေးယူရသည်အထိ နန်း ခင်ဇေယျာကို အင်တာနက်မှ အားပေးသူများ၏ မဲများက အ

ထူးပင်များပြားခဲ့သည်။ Miss Int- ernational ပြိုင်ပွဲသည်ကမ္ဘာတွင်အဆင့်၎ ရှိသော နိုင်ငံတကာအ လှမယ်ရွေးချယ်ပွဲဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ကြသော အလှမယ်အားလုံးကို အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်မှုကို အောက်တိုဘာ ၈ ရက်မှ ၁၉ အထိ ၁၂ ရက်ကြာ

ရွေးချယ်စေခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု နန်းခင်ဇေယျာက မဲပေါင်း သန်း၂၀ ကျော်နှင့် အင်တာနက်မှ မဲပေးရွေးချယ်သည့်

လူကြိုက်အများဆုံးဆုနှင့် အင်တာနက်မဲအများဆုံးဆု မစ္စအင်တာနက်ဆုနှစ်ဆုကို ပိုင်ဆိုင်ခဲ့သည်။ နှစ်ပေါင်း ၅၀ကျော်မှ ပါဝင်
ယှဉ်ပြိုင်သော မြန်မာအလှမယ်အတွက် အောင်မြင်မှုသရဖူတစ်ခုလည်းဖြစ်ခဲ့သည်။ မဲပေးသူအများစုက သူမကို မျိုးချစ်စိတ်၊ အမျိုးသား

ရေးစိတ်ဖြင့် မဲပေးခဲ့ကြသည်။

ဆန်ခါတင် ၁၅ ယောက်စာရင်းတွင် မြန်မာအလှမယ်အနေနှင့် မပါဝင်ခဲ့သော်လည်း ဆုနှစ်ဆု ရရှိခဲ့သည့်အတွက် ကျေနပ်ဝမ်းသာကြောင်း၊

စည်းစည်းလုံးလုံးနှင့် အင်တိုက်အားတိုက် မဲပေးခဲ့ရကျိုးနပ်သည်ဟု ဆုပေးပွဲအပြီး၌ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် သူမကို အားပေးထောက်
ခံသူများ၏ ပြောဆိုရေးသားချက်များနှင့် ပြည့်လျှံနေခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာအောင် နိုင်ငံတကာပြိုင်ပွဲများနှင့် အလှမ်းဝေးခဲ့ရသော မြန်မာကို အသိအမှတ်ပြုမှုတစ်ခုခုရလိုဇော နှင့်

နိုင်ငံတကာအသိုင်းအ၀ိုင်းကပင် သတိပြုမိလောက်အောင် ပြည်တွင်းပြည်ပ မြန်မာလူမျိုးများ ၏ နန်းခင်ဇေယျာကို အားပေးထောက်ခံမှုက

အထူးပင် မြင့်မားခဲ့သည်။

မဲပေးသူအချင်းချင်း၊ ထောက်ခံအားပေးသူ အချင်းချင်း အပြန်အလှန် ပြောဆိုနေကြသည် များတွင် အချို့က နန်းခင်ဇေယျာကို အမြဲမပြတ်

ခလုတ်နှိပ်မဲပေးရလွန်းသဖြင့် မောက်စ်များပင်ပျက်သွားပြီ၊ နှိပ်ရလွန်းသဖြင့် လက်ချောင်းများပင် အသားမာတက်ကုန်ပြီ၊ မဲပေးရသည့် ၀က်ဘ်

ဆိုက်စာမျက်နှာ (Flickr.com) ကို မရေမတွက်နိုင်အောင် ဖွင့် ထားမိသဖြင့် ကွန်ပျူတာများပင် ပျက်သွားပြီ စသဖြင့် အချင်းချင်း ကျီစယ်ရင်း

တက်ညီလက်ညီမဲ ပေးခဲ့ကြသဖြင့် ယခုကဲ့သို့ Miss Internet ဆုနှင့် Miss People Choice ဆုနှစ်ဆုကို ရရှိခဲ့ခြင်းပင်။ မဲပေးရသည့်

နေရာတိုင်းတွင် မြန်မာ၊ မြန်မာ၊ မြန်မာ ဆို သည့် စကားလုံးများ အကြိမ်မရေမတွက်နိုင်အောင်ဝင်ရေးသား ကြသည့်အခါ အခြားနိုင်ငံသားများ
ကပင် “ဘာကြောင့် မြန်မာ မြန်မာဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်ရေးနေကြရတာလဲ”ဟု ဝေဖန်ခံ ရသည်အထိပင် အားပေးခဲ့ကြသည်။

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် နန်းခင်ဇေယျာဆုရသည့် ဓာတ်ပုံအောက်တွင် ပရိသတ်တစ်ယောက်က

“ကိုယ့်နိုင်ငံက လူတွေ စည်းလုံးအောင် ဒီအမျိုးသမီးငယ်လေးက လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒါဟာ ဆုရတာထက် အများကြီး အရေးကြီးပါ

တယ်”ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာကြောင်းကို ရေးသားမှတ်ချက်ပြုခဲ့သည်။

သူမကလည်း လူမှုကွန်ရက် ကိုအသုံးချကာ အားပေးထောက် ခံသူများ၏ သန်းနှင့်ချီသော မဲ များကို အရယူငင်နိုင်ခဲ့သည်။ နေ့ စဉ်လှုပ်ရှားမှုများ

နောက်ဆုံးရိုက် ထားသော ဓာတ်ပုံများကို အခါမ လပ်တင်ပေးခြင်းက ရက်ကြာလာ သည်နှင့်အမျှ အားပေးထောက် ခံသူ ဦးရေကို

တိုးပွားစေခဲ့သည်။

တစ်နည်းပြောရလျှင် ကိုယ့် မြန်မာမိန်းကလေးတစ်ယောက် ဆုရစေလိုစိတ်၊ နိုင်ငံတကာအလယ်တွင် မြန်မာကို အာရုံစိုက်ခံရ
လိုစိတ်အဖျားရောဂါ (Fever) များ အရှိန်မြင့်တက်ခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် ရင်ဖုံးအကျနှင့် ချိတ်ထဘီတို့ကို အမြဲလိုလို ၀တ်ဆင်

တတ်သည့်အတွက်လည်းပရိသတ်၏အမှတ်ကို ပိုမိုရယူနိုင်ခဲ့သည်။

သူမ၏ ရေကူးဝတ်စုံဝတ်ဆင်ထားသော ဓာတ်ပုံများ၊ ကျောက်စိမ်းရောင် ရှမ်းရိုးရာဝတ်စုံနှင့် ကပြနေသည့်ပုံ၊ ဆွမ်းအုပ်ပွေ့ချီကာ ရင်ဖုံးအကျနှင့်

ပုံတို့မှာ လူမှုကွန်ရက်စာမျက်နှာ များတွင် အများဆုံးနေရာယူ ထားသော ပုံများပင်ဖြစ်သည်။

ရေကူးဝတ်စုံနှင့် ရိုက်ကူးရသော ပြိုင်ပွဲဝင်ဓာတ်ပုံမှာ လူပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်ခဲ့သလို သူမကလည်း
“မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်သည့်အတွက် ရေကူးဝတ်စုံ ၀တ်ရာတွင် မြန်မာလူမျိုးများ မည်သို့ တုံ့ပြန်မည်ကို စဉ်းစားရင်း စိုးရိမ်
စိတ်ဝင်မိခဲ့ကြောင်း”တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားထားသည်။

နှစ်ပေါင်း ၅၀ ကျော်မှ နိုင်ငံ တကာအလှမယ် ပြိုင်ပွဲစင်မြင့်ထက်သို့ တစ်ကျော့ပြန်တက်လှမ်းခဲ့သော မြန်မာအလှမယ်အနေနှင့်

မြန်မာလူမျိုးများ၏ တက်ညီလက်ညီ မဲပေးခဲ့သဖြင့် ဆုနှစ်ဆုကိုပိုက်ကာ အိမ်အပြန်လှခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့်လက ပြည်တွင်း၌ လူသိနည်းသော ဂျာမန်ဧည့်လမ်းညွှန်မလေး အဖြစ်မှသည် ကျော်ကြားသူတစ်ယောက်အဖြစ် အမိအိမ်သို့

နန်းခင်ဇေယျာ ပြန်လာခဲ့လေပြီ။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal
သည်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အများဆုံး နေရာယူထားသည်မှာ တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်နေ သောတောင်ကိုရီးယား အဆိုတော်၏ ဂမ်နန်းစတိုင်လ်လည်းမဟုတ်သလို မိန်းကလေးတွေသည်းသည်းလှုပ်သော ဗြိတိန်အဆိုတော်အဖွဲ့ OneDirection ရဲ့ဂီတဗီဒီယို အသစ်အကြောင်းလည်း မဟုတ်ခဲ့ပါ။

နှစ်ပေါင်း ၅၀ ကြာမှ ပထမ ဆုံးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်ထက်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်နေသော
ပအို့ဝ်တိုင်းရင်းသူ နန်းခင်ဇေယျာအကြောင်းကသာ မြန်မာလူမျိုးများ အသုံးပြုမှုအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အများဆုံးနေ ရာယူထားခဲ့လေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အင်တာနက်သုံးစွဲသူ သုံးသိန်းကျော်သာရှိမည်ဟု ခန့်မှန်းထားပြီးကမ္ဘာပေါ်မှာ အင်တာနက်သုံးစွဲ သူဦးရေ

အနည်းဆုံးနိုင်ငံစာရင်းထဲမှာပင်ရှိနေသေးသည့် မြန်မာပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် မစ္စအင်တာနက်ဆုနှင့်ပရိသတ်

အကြိုက်ဆုံးဆုနှစ်ဆုကို နန်းခင်ဇေယျာ ဆွတ်ခူးခဲ့သည်။

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တွင် နိုင်ငံပေါင်း ၆၈ နိုင်ငံမှ လှပျိုဖြူများ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ Miss International

2012 ပွဲတွင် ပြိုင်ဘက်များ သတိပြုမိကာ အံ့အားတသင့် မေးယူရသည်အထိ နန်း ခင်ဇေယျာကို အင်တာနက်မှ အားပေးသူများ၏ မဲများက အ

ထူးပင်များပြားခဲ့သည်။ Miss Int- ernational ပြိုင်ပွဲသည်ကမ္ဘာတွင်အဆင့်၎ ရှိသော နိုင်ငံတကာအ လှမယ်ရွေးချယ်ပွဲဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ကြသော အလှမယ်အားလုံးကို အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်မှုကို အောက်တိုဘာ ၈ ရက်မှ ၁၉ အထိ ၁၂ ရက်ကြာ

ရွေးချယ်စေခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု နန်းခင်ဇေယျာက မဲပေါင်း သန်း၂၀ ကျော်နှင့် အင်တာနက်မှ မဲပေးရွေးချယ်သည့်

လူကြိုက်အများဆုံးဆုနှင့် အင်တာနက်မဲအများဆုံးဆု မစ္စအင်တာနက်ဆုနှစ်ဆုကို ပိုင်ဆိုင်ခဲ့သည်။ နှစ်ပေါင်း ၅၀ကျော်မှ ပါဝင်
ယှဉ်ပြိုင်သော မြန်မာအလှမယ်အတွက် အောင်မြင်မှုသရဖူတစ်ခုလည်းဖြစ်ခဲ့သည်။ မဲပေးသူအများစုက သူမကို မျိုးချစ်စိတ်၊ အမျိုးသား

ရေးစိတ်ဖြင့် မဲပေးခဲ့ကြသည်။

ဆန်ခါတင် ၁၅ ယောက်စာရင်းတွင် မြန်မာအလှမယ်အနေနှင့် မပါဝင်ခဲ့သော်လည်း ဆုနှစ်ဆု ရရှိခဲ့သည့်အတွက် ကျေနပ်ဝမ်းသာကြောင်း၊

စည်းစည်းလုံးလုံးနှင့် အင်တိုက်အားတိုက် မဲပေးခဲ့ရကျိုးနပ်သည်ဟု ဆုပေးပွဲအပြီး၌ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် သူမကို အားပေးထောက်
ခံသူများ၏ ပြောဆိုရေးသားချက်များနှင့် ပြည့်လျှံနေခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာအောင် နိုင်ငံတကာပြိုင်ပွဲများနှင့် အလှမ်းဝေးခဲ့ရသော မြန်မာကို အသိအမှတ်ပြုမှုတစ်ခုခုရလိုဇော နှင့်

နိုင်ငံတကာအသိုင်းအ၀ိုင်းကပင် သတိပြုမိလောက်အောင် ပြည်တွင်းပြည်ပ မြန်မာလူမျိုးများ ၏ နန်းခင်ဇေယျာကို အားပေးထောက်ခံမှုက

အထူးပင် မြင့်မားခဲ့သည်။

မဲပေးသူအချင်းချင်း၊ ထောက်ခံအားပေးသူ အချင်းချင်း အပြန်အလှန် ပြောဆိုနေကြသည် များတွင် အချို့က နန်းခင်ဇေယျာကို အမြဲမပြတ်

ခလုတ်နှိပ်မဲပေးရလွန်းသဖြင့် မောက်စ်များပင်ပျက်သွားပြီ၊ နှိပ်ရလွန်းသဖြင့် လက်ချောင်းများပင် အသားမာတက်ကုန်ပြီ၊ မဲပေးရသည့် ၀က်ဘ်

ဆိုက်စာမျက်နှာ (Flickr.com) ကို မရေမတွက်နိုင်အောင် ဖွင့် ထားမိသဖြင့် ကွန်ပျူတာများပင် ပျက်သွားပြီ စသဖြင့် အချင်းချင်း ကျီစယ်ရင်း

တက်ညီလက်ညီမဲ ပေးခဲ့ကြသဖြင့် ယခုကဲ့သို့ Miss Internet ဆုနှင့် Miss People Choice ဆုနှစ်ဆုကို ရရှိခဲ့ခြင်းပင်။ မဲပေးရသည့်

နေရာတိုင်းတွင် မြန်မာ၊ မြန်မာ၊ မြန်မာ ဆို သည့် စကားလုံးများ အကြိမ်မရေမတွက်နိုင်အောင်ဝင်ရေးသား ကြသည့်အခါ အခြားနိုင်ငံသားများ
ကပင် “ဘာကြောင့် မြန်မာ မြန်မာဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်ရေးနေကြရတာလဲ”ဟု ဝေဖန်ခံ ရသည်အထိပင် အားပေးခဲ့ကြသည်။

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် နန်းခင်ဇေယျာဆုရသည့် ဓာတ်ပုံအောက်တွင် ပရိသတ်တစ်ယောက်က

“ကိုယ့်နိုင်ငံက လူတွေ စည်းလုံးအောင် ဒီအမျိုးသမီးငယ်လေးက လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒါဟာ ဆုရတာထက် အများကြီး အရေးကြီးပါ

တယ်”ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာကြောင်းကို ရေးသားမှတ်ချက်ပြုခဲ့သည်။

သူမကလည်း လူမှုကွန်ရက် ကိုအသုံးချကာ အားပေးထောက် ခံသူများ၏ သန်းနှင့်ချီသော မဲ များကို အရယူငင်နိုင်ခဲ့သည်။ နေ့ စဉ်လှုပ်ရှားမှုများ

နောက်ဆုံးရိုက် ထားသော ဓာတ်ပုံများကို အခါမ လပ်တင်ပေးခြင်းက ရက်ကြာလာ သည်နှင့်အမျှ အားပေးထောက် ခံသူ ဦးရေကို

တိုးပွားစေခဲ့သည်။

တစ်နည်းပြောရလျှင် ကိုယ့် မြန်မာမိန်းကလေးတစ်ယောက် ဆုရစေလိုစိတ်၊ နိုင်ငံတကာအလယ်တွင် မြန်မာကို အာရုံစိုက်ခံရ
လိုစိတ်အဖျားရောဂါ (Fever) များ အရှိန်မြင့်တက်ခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် ရင်ဖုံးအကျနှင့် ချိတ်ထဘီတို့ကို အမြဲလိုလို ၀တ်ဆင်

တတ်သည့်အတွက်လည်းပရိသတ်၏အမှတ်ကို ပိုမိုရယူနိုင်ခဲ့သည်။

သူမ၏ ရေကူးဝတ်စုံဝတ်ဆင်ထားသော ဓာတ်ပုံများ၊ ကျောက်စိမ်းရောင် ရှမ်းရိုးရာဝတ်စုံနှင့် ကပြနေသည့်ပုံ၊ ဆွမ်းအုပ်ပွေ့ချီကာ ရင်ဖုံးအကျနှင့်

ပုံတို့မှာ လူမှုကွန်ရက်စာမျက်နှာ များတွင် အများဆုံးနေရာယူ ထားသော ပုံများပင်ဖြစ်သည်။

ရေကူးဝတ်စုံနှင့် ရိုက်ကူးရသော ပြိုင်ပွဲဝင်ဓာတ်ပုံမှာ လူပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်ခဲ့သလို သူမကလည်း
“မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်သည့်အတွက် ရေကူးဝတ်စုံ ၀တ်ရာတွင် မြန်မာလူမျိုးများ မည်သို့ တုံ့ပြန်မည်ကို စဉ်းစားရင်း စိုးရိမ်
စိတ်ဝင်မိခဲ့ကြောင်း”တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားထားသည်။

နှစ်ပေါင်း ၅၀ ကျော်မှ နိုင်ငံ တကာအလှမယ် ပြိုင်ပွဲစင်မြင့်ထက်သို့ တစ်ကျော့ပြန်တက်လှမ်းခဲ့သော မြန်မာအလှမယ်အနေနှင့်

မြန်မာလူမျိုးများ၏ တက်ညီလက်ညီ မဲပေးခဲ့သဖြင့် ဆုနှစ်ဆုကိုပိုက်ကာ အိမ်အပြန်လှခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့်လက ပြည်တွင်း၌ လူသိနည်းသော ဂျာမန်ဧည့်လမ်းညွှန်မလေး အဖြစ်မှသည် ကျော်ကြားသူတစ်ယောက်အဖြစ် အမိအိမ်သို့နန်းခင်ဇေယျာ ပြန်လာခဲ့လေပြီ။

7Day News Journa

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis