menu

Wednesday 24 October 2012

အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်




အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင်အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့်အနေအထားရှိကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်အတွင်း ဖုန်းအလုံးရေ ၄၅ သန်းအထိ တပ်ဆင်ရန်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ နောက်ထပ် ၅ နှစ်တွင် ဖုန်းအလုံးရေ ၇၆ သန်း အထိလည်းကောင်း၊
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာ နှစ်အထိ တတိယ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၂၀ အထိလည်းကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာနှစ်အထိ စတုတ္တ ၅ နှစ်တွင် ဖုန်းအလုံးရေ သန်း ၁၅၀ အထိလည်းကောင်း တိုးချဲ့တပ်ဆင်သွားရန် စီမံကိန်းချမှတ် လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရ သည်။
ထို့အတွက် အစိုးသစ်လက်ထက်မှ ၁၀ နှစ်သက်တမ်းရောက်ရှိမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်  မြန်မာနိုင်ငံ၌ တိုးချဲ့မည့် ဖုန်းအလုံးရေမှာ ၇၆ သန်းရှိလာမည်ဖြစ်ရာ လက်ရှိနိုင်ငံလူဦးရေ သန်း ၆၀ ဖြင့် တွက်ချက်ပါက လူတစ်ဦးလျင် အ နည်းဆုံးဖုန်းတစ်လုံးကိုင်နိုင်သည့် နှုန်းအထိ ဖုန်းသိပ်သည်းဆရှိလာမည်ဖြစ်ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုမှာ အိမ်နီးချင်းနိုင်ငံ၊ အာဆီယံနိုင်ငံများထက် ၁၅ နှစ်အထိ နောက်ကျကျန်နေပြီး ယနေ့ နိုင်ငံတကာဖုန်းဈေးနှုန်း၊ ဖုန်းစနစ်များဖြင့်နှိုင်းယှဉ်ပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတတ်နိုင်ဆုံးလျော့ချပေးထားပါသည်ဆိုသော မိုဘိုင်းဖုန်းတစ်လုံး ကျပ် ၂ သိန်းမှာ မဖြစ်သင့်သည့်ဈေးတွင်ပင်ရှိနေဆဲဖြစ်သည်ဟုလည်း အများပြည်သူက သုံးသပ်ကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း ကော်ပိုရေးရှင်းအသွင်ဖြင့် စီးပွားရေးဆန်ဆန်ဆောင်ရွက်ပြီး ကိုယ့်ဝင်ငွေပေါ်ရပ်တည်မည့်အကြောင်းကိုလည်း ထုတ်ပြန်ထားသည်။
စီးပွားရေးဆန်ဆန် ဆောင်ရွက်လျက်ရှိသော်လည်း မျှတသည့် အသွင်ဖြင့်ဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍအား မြှင့်တင်ပေးနိုင်ခြင်းမရှိပဲ ကုမ္ပဏီအကျိုးသာပိုမိုဖြစ်ထွန်းနေသည့် အနေအထားကိုလည်း ထည့် သွင်းတွက်ချက်ရန်လိုကြောင်း၊ အများပြည်သူအဆင်ပြေရေးပိုကြည့်သည့်ကုမ္ပဏီများကို အများစုလုပ်ကိုင်ခွင့်ပေးသင့်ပြီဖြစ်သည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြခဲ့သည်။
EMG

နှစ်အပိုင်းအခြားအလိုက် တိုးချဲ့သွားမည့် တယ်လီဖုန်းနှင့် အင်တာနက်ပမာဏအား နိုင်ငံ့လူဦးရေပေါ်တွင် အခြေခံကာ ရာခိုင်နှုန်းတွက်ချက်ပြမှုဇယား
ဘဏ္ဍာနှစ် ဖုန်း ရာခိုင်နှုန်း အင်တာနက် ရာခိုင်နှုန်း
၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ၄၅ သန်း ၇၅%၈၀% ၃၀ သန်း ၅၀.၀၀%
၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ၇၆ သန်း ၁၂၅.၀၀% ၅၀ သန်း ၇၇.၀၀%
၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ ၁၂၀ သန်း ၂၀၀.၀၀% ၇၅ သန်း ၁၀၇.၀၀%
၂၀၂၆-၂၀၂၇ မှ ၂၀၃၀-၂၀၃၁ ၁၅၀ သန်း ၂၅၀.၀၀% ၉၀ သန်း ၁၂၀.၀၀%

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis