menu

Wednesday 24 October 2012

တရုတ် Huawei ကုမ္မဏီကို အနောက်တိုင်း အစိုးရများက တိုက်ခိုက်လာ

တရုတ်ပြည်အခြေဆိုက် Huawei ဆက်သွယ်ရေးနှင့် နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီကို အနောက်အုပ်စုအစိုးရများ စတင်တိုက်ခိုက် လာပြီ ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် အမေရိကန်၊ သြစတေးလျ နှင့် ဗြိတိန်နိုင်ငံတို့ သုံးနိုင်ငံ သဘော တူညီချက်ဖြင့် စတင်နေပြီ ဖြစ်သည်။ စီမံကိန်းမှာ Huawei ကုမ္မဏီကို တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်ပဲ ဆိုက်ဘာလုံခြုံရေး/ အင်တာနက် လုံခြုံရေးဟု ခေါင်းစဉ်တပ်ထားသည်။ ယင်းမှာ Huawei ကုမ္မဏီတစ်ခုတည်း ကိုမဟုတ်ပဲ တရုတ်ပြည်အခြေဆိုက် နည်းပညာ ကုမ္မဏီအားလုံးကို ထိခိုက်ပြီး ZTE ကဲ့သို့ ကုမ္မဏီကြီးလည်း ပါဝင်ကြောင်း သိရသည်။ 

အမေရိကန်တွင် စတင်ဖြစ်ပွားသော ကိစ္စ ဖြစ်သည်။ အမေရိကန် အင်တာနက်နှင့် ဆက်သွယ်ရေး လုံခြုံမှု ကျဆင်းလာပြီး တရုတ်ပြည်ထုတ် ဆက်သွယ်ရေး ကုန်ပစ္စည်းများ၊ တရုတ်ပြည်မှ အင်တာနက်/ဆိုက်ဘာ ဝန်ဆောင်မှုများကြောင့် ဖြစ်ကြောင်း ထွက်ဆိုထားသည်။ ထို့ကြောင့် အမေရိကန် အစိုးရသည် Huawei ကုမ္မဏီထုတ် ကုန်ပစ္စည်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးမပြုရန် တားမြစ်တိုက်တွန်း လာကြောင်း သိရသည်။ 

ယင်းတားမြစ်မှုကို အမေရိကန်တို့ နိုင်ငံတစ်ခုတွင်သာ ပြုလုပ်ခြင်း မဟုတ်တော့ပဲ ဗြိတိန်၊ သြစတေးလျတို့ကဲ့သို့ နိုင်ငံကြီးများသို့ပါ ဆက်သွယ် အကြောင်းကြားပြီး Huawei ကုန်ပစ္စည်းများကို သတိထားရန် ပြောဆိုထား သည်။ ထို့ကြောင့် ယင်း သုံးနိုင်ငံ၏ သဘောတူညီ ချက်ဖြင့် အင်တာနက် လုံခြုံရေး တိုးမြင့်မှုလုပ်ငန်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

"ဒါဟာ အခြေအမြစ်မရှိ ကြောက်ရွံ့ မှု ဖြစ်ပါတယ်။ အမေရိကန်ပြောဆို မှု ကြောင့် သြစတေးလျအစိုးရရဲ့  ကျွန်တော်တို့ ကုမ္မဏီ အပေါ်အမြင်ပြောင်းလဲသွားတာမျိုး မဖြစ်စေချင်ပါဘူး။ တားဆီးပိတ်ပင် တာမျိုး မလုပ်စေချင်ပါဘူး။  US မှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနေချိန် သြစတေးလျ ဈေးကွက် ဆုံးရှုံးရခြင်းကလည်း ကုမ္မဏီရဲ့ အဓိက ထိုးနှက်မှု တစ်ခု ဖြစ်ပါတယ်" ဟု သြစတေးလျနိုင်ငံ ကိုယ်စားပြု Huawei ဥက္ကဌ John Lord မှ ပြောကြားခဲ့သည်။ 

လက်ရှိတွင် Huawei (ဟာဝေး) သည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်သည်။ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ရုံးခွဲရှိပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ် အစရှိသဖြင့် နိုင်ငံကြီး တော်တော်များများတွင်လည်း နည်းပညာ အဆင့်မြင့်တင်ရေးနှင့် စမ်းသပ်ရေး ဓာတ်ခွဲခန်းများ ဖွင့်လှစ် ထားသည်။ တစ်နှစ်ထက် တစ်နှစ်အင်အားကြီးမားလာပြီး နှစ်စဉ် အမြတ်ငွေ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ရလျက် ရှိသည်။ 

တရုတ်အစိုးရ၏ တွင်းထွက်ပစ္စည်း တင်ပို့မှု ပိတ်ပင်ထားမှုအပေါ် အမေရိကန် အစိုးရ ဒေါကန်ခဲ့ပြီး ယခုနှစ်လယ်မှ စ၍ တရုတ်စီးပွားရေးလုပ်ငန်းများကို  တစ်ခုပြီးတစ်ခု ပိတ်ပင်ခဲ့သည်။ ကားထုတ်လုပ်ရေးလုပ်ငန်းနှင့် စားသုံးကုန်များကို အလေးပေးတားမြစ်တိုက်ခိုက်လာရာမှ အီလက်ထရောနစ် ပစ္စည်းဘက်သို့ ရောက်ရှိလာခဲ့သည်။ ဟာဝေးနှင့် ZTE သည် ယင်းတိုက်ခိုက်မှုအတွက် ပထမဆုံး ခံရသည့် တရုတ်ပြည်၏ ကုမ္မဏီကြီး နှစ်ခု ဖြစ်လာပြီး အနောက်တိုင်း ဈေးကွက်ရရှိမှုအပေါ် များစွာ လျော့နည်းကာ စီးပွားကျဆင်းနိုင်ကြောင်း သိရသည်။ 
---
Ref:businessweek
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/huawei.html
တရုတ်ပြည်အခြေဆိုက် Huawei ဆက်သွယ်ရေးနှင့် နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီကို အနောက်အုပ်စုအစိုးရများ စတင်တိုက်ခိုက် လာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်၊ သြစတေးလျ နှင့် ဗြိတိန်နိုင်ငံတို့ သုံးနိုင်ငံ သဘော တူညီချက်ဖြင့် စတင်နေပြီ ဖြစ်သည်။ စီမံကိန်းမှာ Huawei ကုမ္မဏီကို တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်ပဲ ဆိုက်ဘာလုံခြုံရေး/ အင်တာနက် လုံခြုံရေးဟု ခေါင်းစဉ်တပ်ထားသည်။ ယင်းမှာ Huawei ကုမ္မဏီတစ်ခုတည်း ကိုမဟုတ်ပဲ တရုတ်ပြည်အခြေဆိုက် နည်းပညာ ကုမ္မဏီအားလုံးကို ထိခိုက်ပြီး ZTE ကဲ့သို့ ကုမ္မဏီကြီးလည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်တွင် စတင်ဖြစ်ပွားသော ကိစ္စ ဖြစ်သည်။ အမေရိကန် အင်တာနက်နှင့် ဆက်သွယ်ရေး လုံခြုံမှု ကျဆင်းလာပြီး တရုတ်ပြည်ထုတ် ဆက်သွယ်ရေး ကုန်ပစ္စည်းများ၊ တရုတ်ပြည်မှ အင်တာနက်/ဆိုက်ဘာ ဝန်ဆောင်မှုများကြောင့် ဖြစ်ကြောင်း ထွက်ဆိုထားသည်။ ထို့ကြောင့် အမေရိကန် အစိုးရသည် Huawei ကုမ္မဏီထုတ် ကုန်ပစ္စည်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးမပြုရန် တားမြစ်တိုက်တွန်း လာကြောင်း သိရသည်။

ယင်းတားမြစ်မှုကို အမေရိကန်တို့ နိုင်ငံတစ်ခုတွင်သာ ပြုလုပ်ခြင်း မဟုတ်တော့ပဲ ဗြိတိန်၊ သြစတေးလျတို့ကဲ့သို့ နိုင်ငံကြီးများသို့ပါ ဆက်သွယ် အကြောင်းကြားပြီး Huawei ကုန်ပစ္စည်းများကို သတိထားရန် ပြောဆိုထား သည်။ ထို့ကြောင့် ယင်း သုံးနိုင်ငံ၏ သဘောတူညီ ချက်ဖြင့် အင်တာနက် လုံခြုံရေး တိုးမြင့်မှုလုပ်ငန်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

"ဒါဟာ အခြေအမြစ်မရှိ ကြောက်ရွံ့ မှု ဖြစ်ပါတယ်။ အမေရိကန်ပြောဆို မှု ကြောင့် သြစတေးလျအစိုးရရဲ့  ကျွန်တော်တို့ ကုမ္မဏီ အပေါ်အမြင်ပြောင်းလဲသွားတာမျိုး မဖြစ်စေချင်ပါဘူး။ တားဆီးပိတ်ပင် တာမျိုး မလုပ်စေချင်ပါဘူး။ US မှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနေချိန် သြစတေးလျ ဈေးကွက် ဆုံးရှုံးရခြင်းကလည်း ကုမ္မဏီရဲ့ အဓိက ထိုးနှက်မှု တစ်ခု ဖြစ်ပါတယ်" ဟု သြစတေးလျနိုင်ငံ ကိုယ်စားပြု Huawei ဥက္ကဌ John Lord မှ ပြောကြားခဲ့သည်။

လက်ရှိတွင် Huawei (ဟာဝေး) သည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်သည်။ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ရုံးခွဲရှိပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ် အစရှိသဖြင့် နိုင်ငံကြီး တော်တော်များများတွင်လည်း နည်းပညာ အဆင့်မြင့်တင်ရေးနှင့် စမ်းသပ်ရေး ဓာတ်ခွဲခန်းများ ဖွင့်လှစ် ထားသည်။ တစ်နှစ်ထက် တစ်နှစ်အင်အားကြီးမားလာပြီး နှစ်စဉ် အမြတ်ငွေ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ရလျက် ရှိသည်။

တရုတ်အစိုးရ၏ တွင်းထွက်ပစ္စည်း တင်ပို့မှု ပိတ်ပင်ထားမှုအပေါ် အမေရိကန် အစိုးရ ဒေါကန်ခဲ့ပြီး ယခုနှစ်လယ်မှ စ၍ တရုတ်စီးပွားရေးလုပ်ငန်းများကို
တစ်ခုပြီးတစ်ခု ပိတ်ပင်ခဲ့သည်။ ကားထုတ်လုပ်ရေးလုပ်ငန်းနှင့် စားသုံးကုန်များကို အလေးပေးတားမြစ်တိုက်ခိုက်လာရာမှ အီလက်ထရောနစ် ပစ္စည်းဘက်သို့ ရောက်ရှိလာခဲ့သည်။ ဟာဝေးနှင့် ZTE သည် ယင်းတိုက်ခိုက်မှုအတွက် ပထမဆုံး ခံရသည့် တရုတ်ပြည်၏ ကုမ္မဏီကြီး နှစ်ခု ဖြစ်လာပြီး အနောက်တိုင်း ဈေးကွက်ရရှိမှုအပေါ် များစွာ လျော့နည်းကာ စီးပွားကျဆင်းနိုင်ကြောင်း သိရသည်။
---
Ref:businessweek
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/huawei.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis