menu

Wednesday 24 October 2012

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဝန်ထမ်းတစ်ဦးတို့ အမေးအဖြေပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးစစ်ဆေးမှု ခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် နေရာတွင် တာဝန်ကျနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
လုံခြုံရေးတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦးတို့အား ပြည်တွင်းသတင်းထောက်တစ်ဦး
မှ တာဝန်ထမ်းေ
ဆာင်နေရသည့် အခြေအနေများနှင့် ပတ် သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြု
လုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ၎င်းတို့နှစ်ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့
တွင် ဖဖ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမည်မဖေါ်ပြလိုသည့်
ရုပ်သံသတင်းထောက်တစ်ဦးမှ ပြောဆိုခဲ့သည်။

မြန်မာစီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ ယင်းစီမံကိန်းနေရာတွင် တာဝန်ကျနေသည့်

တပ်မတော် သားအချို့နှင့် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် မြန်မာဝမ်ဘို

မိုင်းနင်းကော့ပါးလီမိတက်မှ တရုတ် နိုင်ငံသားဝန်ထမ်းများ အပါအ၀င် ရဲတပ်ဖွဲ့ဝင်တို့၏ အခြေအနေ

များ၊ အထက်အရာရှိများ၏ အခြေအနေများကို သတင်း ထောက်အား ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောကြား

ခဲ့ကြသည့် ဗီဒီယိုဖိုင်မှာ မြန်မာပြည်တဝှမ်းလုံးနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့ နှံ့သွားခဲ့ပြီးနောက်ပိုင်း

ပြည်သူ့ဝန်ထမ်း ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့အား ယခုကဲ့သို့ ဖဖ်းဆီး

ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကို ပထမတော့ အမှတ် ၂ ရဲစခန်းမှာ ထားတယ်၊ တစ်မြန်မနေ့ကတော့ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ

စစ်ဆေးမေးမြန်းမှုတွေလုပ်တယ်လို့ သိရတယ်။ အခုတော့ သူတို့နှစ်ယောက်လုံး အဲဒီစခန်းမှာ မရှိတော့

ဘူးလို့ သိရတယ်၊ သူတို့ကို တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းနေတယ်လို့ ထင်တယ်၊ ဒါ့အပြင် သူ

တို့ကို အင်တာဗျူးလုပ်ခဲ့တဲ့ Golden Star စား သောက်ဆိုင်ပိုင်ရှင် ဦးအောင်မင်းကိုလည်း ၁၈ ရက်နေ့

နေ့လည် ၁၂နာရီ ၃၀ မိနစ်လောက်ကနေ ၁၉ ရက်နေ့ ၁၀ နာရီ လောက်အထိ ပုခုံးမှာ အပွင့်နှစ်ပွင့်နဲ့

တစ်ခွေပါတဲ့ ရဲအရာရှိက မုံရွာ အမှတ် ၂ ရဲစခန်းက ခေါ်ယူစစ်ဆေးတယ်ဆိုတာ သိရ တယ်။ အင်တာ

ဗျူးလုပ်ခဲ့တဲ့ သတင်းထောက်ကိုလဲ လူပုံသဏ္ဍန်တွေ၊ ဝတ်ထားတဲ့ အဝတ်အစားတွေ၊ နာမည်တွေ၊ နေ

ရပ် လိပ်စာတွေကို သိသလားဆိုတာ မေးမြန်းတယ်လို့ သိရတယ်”ဟု အမည်မဖေါ်လိုသူ ရုပ်သံသ

တင်းထောက်တစ်ဦးက ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းက ကျနော်မေးတော့ ဆိုင်ပိုင်ရှင်က သူ့ကို စာတွေရိုက်ထားတဲ့ စာရွက် ၄၀ လောက်

ရှိတဲ့ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးခိုင်းတယ် ပြောတယ်။ သူက ဘာလို့ထိုးခိုင်းတာလဲမေးတော့ အ

စိုးရသက်သေ လုပ်ခိုင်း မလို့လို့ ပြောတယ်။ စာရွက်ပေါ်မှာ ဘာတွေရေးထားလဲဆိုတာကိုလဲ ဖတ်ခွင့်

မပေးဘူး ပြောတယ်။ ရဲနှစ်ယောက်ကိုလဲ အမှတ် ၂ ရဲစခန်းက အခန်းတစ်ခုထဲမှာ တွေ့တယ်လို့ ပြော

တယ်ဟု ပြောပြခဲ့သည်။

“ ကျနော် yangon.chronicle@facebook.com ဝဘ်ဆိုဒ်မှာ တင်ထားတာနဲ့ DVB မှာ လွှင့်သွားတဲ့ သူတို့

ရဲ့ အင် တာဗျူးတွေကို ကြည့်ရတယ်။ ပြည်သူ့ဖက်က ရပ်တည်ပြီး အမှန်ကို အမှန်အတိုင်း ထုတ်ဖေါ်

ပြောကြားတာကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အခုလို ဖဖ်းဆီးအရေးယူမှုလုပ်တာ ကျနော် လုံးဝ လက်မခံပါ

ဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်နေ ပြီလို့ ပြောနေတဲ့အခြေအနေမှာ အခုလုပ်ရပ်က အ

ရမ်းကို အရုပ်ဆိုးလွန်းပါတယ်။ အခုဖြစ်ရပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း

တင်ပြလိုက်သလိုမျိုးလဲ ဖြစ်သွားတယ်”ဟု ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများကို မျက်ခြေမပြတ်

စောင့်ကြည့်လေ့လာနေသူ အလွတ်တန်းသတင်းထောက် ကိုညီမှ ပြောဆိုခဲ့သည်။

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံကို အောင်မြင်အောင် အစမှအဆုံး ဝိုင်းဝန်းကူညီခဲ့သူများထဲမှ

တစ်ဦးဖြစ် သူ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ တာဝန်ခံ ကိုဟန်ဝင်းအောင်

က "လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့ဖက်က ရပ်တည်ပြီး ဦးပိုင်လီမိတက်

ရဲ့ မတရား ဖိနှိပ်ခိုင်းစေမှုတွေကို ထုတ်ဖေါ် ပြောဆိုမှုနဲ့ ပတ်သက်ပြီး ရဲဝန်ထမ်းနှစ်ယောက်ကို ဖဖ်းဆီး

ထားတယ်။ ဒါဟာ ပြည်သူ့ရဲဝန်ထမ်းတွေရဲ့ အနေအထားနဲ့ အဆင့်အတန်းကို မေးခွန်းထုတ်စရာ ဖြစ်ပါ

တယ်"ဟု ပြောပြခဲ့သည်။

ဆက်လက်ပြီး ၎င်းမှ "ရဲဝန်ထမ်းတွေကို ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ခွင့်ပေးပါ။ ပြည်သူ့ဖက်

က ရပ် တည်လို့ ရဲဝန်ထမ်းတွေကို မဖမ်းပါနဲ့၊ သေချာတာတစ်ခုက ရဲဝန်ထမ်းတွေလည်း အပြောင်းအလဲ

ကို ပါဝင်ခွင့်မရှိဘူးဆိုရင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါတယ်။ အခု သူတို့ ဆိုးဆိုးရွားရွား နှိပ်

စက် စစ်ကြောခံနေရတယ်။ တစ်ယောက် ဆိုရင် အစာအိမ်ရောဂါဖြစ်နေတယ်။ မိသားစုနဲ့ လုံးဝဆက်

သွယ်လို့မရဘူး၊ စိတ်မကောင်းစရာပါ။ ဒါပေမယ့် သူတို့လုပ်ရပ် ကို သူတို့ကိုယ်တိုင် ပြည်သူ့အတွက် ရွေး

ချယ်ခဲ့တာဖြစ်လို့ စိတ်ဓါတ်မကျဘူးလို့ ကြားသိရလို့ လေးစားမိပါတယ်"ဟု ပြော ပြခဲ့သည်။

အဆိုပါ ပြည်သူ့ရဲဝန်ထမ်းနှစ်ယောက် ဖဖ်းဆီးခံထားရသည့် အခြေအနေနှင့် ပတ်သက်၍ ဖုံးနံပါတ် ၀၇၁

၂၁၀၁၈ သို့ ဆက်သွယ်ပြီး တာဝန်ရှိသူ ရဲအုပ် ဝင်းကိုကိုအား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်

အသွယ်မရရှိခဲ့ပါ။

ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးဖြစ်သူ ရဲအုပ် အောင်ကြည်စိန်နှင့် ဒုတပ်ကြပ် အောင်ဝင်းထွန်းတို့ နှစ်ဦး လွတ်

မြောက်ရေး အပါအဝင် ယခုကိစ္စရပ်များကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ပေးနိုင်ရေးအတွက် လွှတ်တော်

တွင်း၊ လွှတ်တော်ပ နှစ်ခု စလုံးမှ ကြိုးစားသွားမည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများထံမှ သိရှိရသည်။

ရန်နိုင်

Yangon Chronicle

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis