menu

Wednesday 24 October 2012

စစ်တွေတွင် လက်နက်မျိုးစုံဖမ်းဆီးရမိသတင်းမှာ မှန်ကန်မှုမရှိဟု ရခိုင်ပြည်နယ်ရဲမှူးကြီး အတည်ပြုပြောကြား

စစ်တွေမြို့
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လက်နက်မျိုးစုံဖမ်းဆီးရမိသည့်သတင်းမှာမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက အတည်ပြုပြောကြားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလီမူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာရပ်ကွက် တွင် အသုဘတစ်ခုဖြစ်ပွားခဲ့ပြီး ထိုအ

သုဘကိုသဲချောင်းရွာရှိ မူဆလင်ဘာသာဝင်များအသုံးပြုသော သင်္ချိုင်းသို့သွားရောက်မြှုပ်နှံပြီးအပြန်တွင် သဲချောင်းရွာမှဘင်္ဂလီမူဆလင်ဘာသာဝင်များက ထည့်ပေး လိုက်သော M-19 လောင်ချာ ၅ လက်နှင့်အခြားလက်နက်မျိုးစုံကိုသယ်ဆောင်လာကြောင်း ရခိုင်ပြည်သူ တစ်ဦးက စစ်တပ်သို့ဖုန်းဆက်အကြောင်း ကြားခဲ့ရာမှ ဖမ်းဆီးရရှိခဲ့ကြောင်း အင်တာနက်ပေါ်ရှိ Arakan Review ၀က်ဘ်ဆိုဒ်တွင်သတင်းဖော်ပြခဲ့ကြောင်းသိရသည်။

“အဲဒီသတင်းမှာဖော်ပြပါရှိတဲ့ အချက်တွေ အားလုံး ဟာ တစ်ခုမှမဟုတ်ပါဘူး။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဘင်္ဂလီလူဆလင်တွေနေထိုင်တဲ့ အင်ဘာလာရပ်ကွက် (အောင်မင်္ဂလာရပ်ကွက်) အတွင်း အသုဘတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတာ ရယ်။ M-19 လောင်ချာ ၅ လက်နဲ့ အခြားလက်နက် မျိုးစုံကို စစ်တပ်ကဖမ်းဆီးရမိခဲ့တယ်ဆိုတာရယ်။ လက်နက်တွေ ဖမ်းမိခြင်းနဲ့ပတ်သက်လို့ မသင်္ကာ ဘင်္ဂလီမူဆလင်ဘာသာဝင် ၅ ဦးကိုဖမ်းဆီး စစ်ဆေး နေတယ်ဆိုတာတွေဟာ လုံးဝမဟုတ်ပါ ဘူး။ နောက်ပြီး ““စိန်””မုန့်တိုက်ပိုင်ရှင် ဘင်္ဂလီမူဆလင် ဘာသာဝင်အိမ်ကိုရှာဖွေတဲ့အခါ လက်နက်တွေနဲ့ လက်နက်မှာအသုံးပြုတဲ့ဒုံးရှည်တွေ ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတာနဲ့ လုံထိန်းတပ်ဖွဲ့မှာရှိတဲ့ အရာရှိတစ်ဦးက၀ယ်ပေးတယ်ဆိုတဲ့အချက်တွေဟာ အကုန်လုံးအမှားတွေချည်းပါပဲ။ ဒီဟာတွေဟာ ရခိုင်ပြည်နယ်အတွင်း မတည်မငြိမ်ဖြစ်အောင် ဖျက်လိုဖျက်ဆီးလုပ်လိုသူတွေက လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက်္ခတွေ အပေါ်အခွင့် ကောင်းယူပြီး ဆူပူအကြမ်းဖက်မှု တွေဖြစ်ပေါ်လာအောင် မကောင်းတဲ့ ရည်ရွယ်ချက်နဲ့လှုံ့ဆော်ဖန်တီး ဆောင်ရွက်ခြင်းသာဖြစ်တယ် လို့ကျွန်တော်သုံးသပ်ယူဆမိပါတယ်””ဟုပြည်နယ်ရဲမှူးကြီးကပြောကြားခဲ့သည်။

“ကောလဟာလဆိုတာ မဟုတ်ဘူးလို့လည်းပြောလို့မရသလို ဟုတ်တယ်လို့လည်းပြောလို့မရပါဘူး။ ယုံသင့်မှယုံပါ။ နောက်ပြီး အဲလိုသတင်းမျိုးတွေထွက်ပေါ်လာတိုင်း ကျွန်တော်တို့ ပြည်နယ် အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းစုံစမ်းကြစေလိုပါတယ်””ဟု ပြည်နယ်အစိုးရ အဖွဲ့၏သတင်း ထုတ်ပြန်ရေးကော်မတီဥကဋ္ဌ ဦးလှသိန်းကပြောသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis