menu

Wednesday 24 October 2012

စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒဖော်ထုတ်



thn-10-24-6
စစ်တွေမြို့တွင်အောက်တိုဘာလ ၂၄ ရက်နံနက် ၉ နာရီအချိန်မှစတင်ကာ တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်နေစဉ်
စစ်တွေမြို့တွင်အောက်တိုဘာလ ၂၄ ရက်နံနက် ၉ နာရီအချိန်မှစတင်ကာ တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒထုတ်ဖော်ရာတွင် တကသိုလ်ကျောင်းသား ၈၀၀ ခန့်ပါဝင်ခဲ့ပြီး လောကာနန္ဒာစေတီမှစတင်ကာ ကွန်ပျူတာတက္ကသိုလ် လမ်းအတိုင်းစီတန်းလှည်လည်လာခဲ့ကာ ဦးဥတ္တမ ပန်းခြံ ဦးဥတ္တမ ရုပ်ထုရှေ့ထိ ငြိမ်းချမ်းစွာချီတက်လာခဲ့ခြင်းဖြစ်သည်။
စီတန်းလှည့်လည်ရာတွင် “ရခိုင်ပြည်နယ်တက္ကသိုလ်အသီးသီးတွင် လိုအပ်လျက်ရှိသော သင်ထောင်ကူပစည်း များ အမြန်ဆုံး ဖြည့်ဆည်းပေရန်၊ ” “ယခုဖွင့်လှစ်ရန်စီစဉ်လျက်ရှိသော တောင်ကုတ်မြို့နယ်၊ဒေသကောလိပ် အားစီးပွားရေး တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်၊ ” “တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာ လမ်းတစ်လျှောက် နှင့်ပတ်ဝန်းကျင် အနီးတစ်ဝိုက် ရှိ
ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန်၊(ဘုမေကျေးရွာ၊ဘုမေ လက်သမားကျေးရွာ၊ ခတင်ပိုက်ကျေးရွာ)၊ ”၊“တကသိုလ် ကျောင်းအနီး တွင် လုံခြုံစိတ်ချရသော ကျောင်းသား/သူများနေထိုင် မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသောကျောင်းဖယ်ရီကားများကို ဆောင်ရွက်ပေးရန်”နှင့် “တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက် ဘင်္ဂလီကုလားများနှင့်အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။” စသည့် တို့ရေးသားထားသည့် ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။
ကျောင်းသားထုတစ်ရပ်လုံး၏ လိုအပ်ချက်များကို  ဇူလိုင်လ (၇) ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ၊နိုင်ငံတော်သမ္မတရုံး ၊နေပြည်တော်သို့  ကျောင်းသား/သူ ၉၆၃ ဦးလက်မှတ်ရေးထိုးတင်ပြထားပြီး ဖြစ်ကြောင်း၊နှင့် အစိုးရအာဏာပိုင်များအနေဖြင့် ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက် တောင်းဆိုချက် များကို မျက်ကွယ်ပြုပြီး တက္ကသိုလ် ကျောင်းများအား လုံခြုံရေးအကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒုတိယအကြိမ်အဖြစ် ထပ်လောင်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ၊ဥက္ကဌ ကိုထူးလင်းသူကပြောသည်။
“အခုဒီနေ့ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ရခြင်းမှာ အာဏာပိုင်တွေကို ခွင့်ပြုချက်တောင်းခံပြီးမှ ပြုလုပ်တာဖြစ်ပါတယ်။ အင်အား ၈၀၀ ခန့်ပါပါတယ်။ ဒီတောင်းဆိုချက်တွေဟာ သမ္မတဆီကို တင်ပြထားတဲ့အချက်တွေဖြစ်ပါတယ်။ဒီနေ့ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ရတာက ရခိုင်ပြည်နယ်မှာ ရှိတဲ့ကျောင်းသားတစ်ရပ်လုံးအတွက် ရှေ့ရေးကို ကြည့်ပြီးပြုလုပ်ရခြင်းဖြစ်ပါတယ်။”ဟု ကိုထူးလင်းကျော်က ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis