menu

Tuesday 9 October 2012

သီးခြားဆေးတက္ကသိုလ်ဝင်ခွင့်အစီအစဉ်အတွက် ကျောင်းသား ၃၄ ဦးရွေးချယ်

ရန်ကုန်၊ အောက်တိုဘာ - ၉

...ဆေးတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ခွင့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ ကျောင်းသား ၃၄ ဦးကို ရွေးချယ်လိုက်ကြောင်း ဆေးသိပံ္ပပညာဦးစီးဌာနမှသိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများမှ ကျောင်းသားများအတွက် ဆေးတက္ကသိုလ်

တက်ရောက်ပညာသင်ခွင့်အစီအစဉ်ကို ယခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ၂၀၀ နီးပါး လျှောက်ထားခဲ့ကြကြောင်းသိရသည်။
"ဒီနှစ်အတွက် ရွေးချယ်ထားတဲ့ ကျောင်းသားအများစုက မကွေးဆေးတက္ကသိုလ်မှာ တက်ရောက်ရမှာဖြစ်ပါတယ်။ အမှတ်ကိုတော့ ပြောလို့မရပါဘူး။ မူနဲ့ကိုက်ညီတဲ့သူတွေထဲက ရွေးချယ်လိုက်တာပါ"ဟု ဆေးသိပံ္ပပညာဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုဖြစ်သော နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ဒေသများနှင့် ဒေသစရိတ်ခံစားခွင့်ပြုထားသော ဒေသများတွင် အမြဲနေထိုင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သိပံ္ပဘာသာတွဲဖြင့် အောင်မြင်ထားသော ကျောင်းသားများကို ဆေးတက္ကသိုလ် တက်ရောက်ခွင့်ပြုရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ဆေးတက္ကသိုလ် ၀င်ခွင့်အတွက် သီးခြားလျှောက်ထားရသောအစီအစဉ်တွင် ရွေးချယ်ခံရသော ကျောင်းသားများအနေဖြင့် ဆေးပညာသင်ယူပြီးဆုံးပါက မိမိဒေသတွင် ငါးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန် သတ်မှတ်ထားသည်။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis