menu

Tuesday 9 October 2012

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင်

Photo: ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင် 

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင်လိုက်ကြောင်း သိရှိရသည်။ SpaceXသည် လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပေးပို့မည် ဖြစ်သည်။

Falcon 9ဒုံးပျံနှင့် Dragonဟု အမည်ပေးထားသော Capsuleတို့ကို တနင်္ဂနွေနေ့ ညနေပိုင်းက ဖလော်ရီဒါရှိ ကိပ်ကာနေဗယ်လ်မှ လွှတ်တင်ခဲ့သည်။ လွှတ်တင်ပြီး (၁၀)မိနစ် အကြာတွင် Capsuleသည် ဒုံးပျံမှ ခွဲထွက်သွားပြီးနောက် ISSသို့ ဆက်လက် ပျံသန်းဦးတည်သွားခဲ့သည်။ လွှတ်တင်ရေး တာဝန်ခံများက Falconကို အောင်မြင်စွာ၊ အထစ်အငေါ့မရှိ ပျံသန်းစေခဲ့ကြောင်း ပြောကြားသွားသည်။

NASA၏ ကန်ထရိုက် စာချုပ် အများအပြား ရရှိထားပြီး ISSကို ထောက်ပံ့မှုများ ပြုလုပ်ပေးရန် သဘောတူညီထားသည့် SpaceXသည် ယင်းအာကာသ လွန်းပျံ ခရီးသွား လုပ်ငန်းအတွက် ဒေါ်လာ (၁.၆)ဘီလျံဖိုးမျှ အကုန်အကျခံ သုံးစွဲထားခဲ့သည်။ "ခမ်းနားတဲ့ ညနေခင်း တစ်ခုပါပဲ"ဟု SpaceX၏ ဥက္ကဋ္ဌဖြစ်သူ ဂွင်းနက်သ် ရှော့တ်ဝဲလ်က ဆိုသည်။ ၎င်းသည် လွန်ခဲ့သော (၅)လခန့်က အစမ်းပစ်လွှတ်မှု အပြီးတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းသွားသည့် ဒုံးပျံကြောင့် ကြည်နူးပျော်ရွှင်လျှက် ရှိသည်။

Source: CNN

News from: Planet Myanmar Network
Post By : Aye Chan Mon
ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင်လိုက်ကြောင်း သိရှိရသည်။ SpaceXသည် လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ နိုင်ငံတကာ အာကာ
သစခန်း (ISS)သို့ ပေးပို့မည် ဖြစ်သည်။

Falcon 9ဒုံးပျံနှင့် Dragonဟု အမည်ပေးထားသော Capsuleတို့ကို တနင်္ဂနွေနေ့ ညနေပိုင်းက ဖလော်ရီဒါရှိ ကိပ်ကာနေဗယ်လ်မှ လွှတ်တင်ခဲ့သည်။ လွှတ်တင်ပြီး (၁၀)မိနစ် အကြာတွင် Capsuleသည် ဒုံးပျံမှ ခွဲထွက်သွားပြီးနောက် ISSသို့ ဆက်လက် ပျံသန်းဦးတည်သွားခဲ့သည်။ လွှတ်တင်ရေး တာဝန်ခံများက Falconကို အောင်မြင်စွာ၊ အထစ်အငေါ့မရှိ ပျံသန်းစေခဲ့ကြောင်း ပြောကြားသွားသည်။

NASA၏ ကန်ထရိုက် စာချုပ် အများအပြား ရရှိထားပြီး ISSကို ထောက်ပံ့မှုများ ပြုလုပ်ပေးရန် သဘောတူညီထားသည့် SpaceXသည် ယင်းအာကာသ လွန်းပျံ ခရီးသွား လုပ်ငန်းအတွက် ဒေါ်လာ (၁.၆)ဘီလျံဖိုးမျှ အကုန်အကျခံ သုံးစွဲထားခဲ့သည်။ "ခမ်းနားတဲ့ ညနေခင်း တစ်ခုပါပဲ"ဟု SpaceX၏ ဥက္ကဋ္ဌဖြစ်သူ ဂွင်းနက်သ် ရှော့တ်ဝဲလ်က ဆိုသည်။ ၎င်းသည် လွန်ခဲ့သော (၅)လခန့်က အစမ်းပစ်လွှတ်မှု အပြီးတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းသွားသည့် ဒုံးပျံကြောင့် ကြည်နူးပျော်ရွှင်လျှက် ရှိသည်။

Source: CNN

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis