menu

Tuesday 9 October 2012

အာရှနဂါးအထည်ချုပ်ဆန္ဒပြပွဲ နောက်ဆုတ်တဲ့ ဂယက်

Photo: အာရှနဂါးအထည်ချုပ်ဆန္ဒပြပွဲ နောက်ဆုတ်တဲ့ ဂယက်


အလုပ်သမား(၈၀)ကျော် အားထုတ်ပယ်ပေးရန်အတွက်လုပ် ငန်းအတူလုပ်သူ အလုပ်သား (၁၄၀၀)ကျော်က လုပ်ငန်းရှင် အား ဆန္ဒပြတောင်းဆိုသည့် သမရိုးကျမဟုတ်သည့် ဒဂုံဆိပ် ကမ်းမြို့နယ် အာရှနဂါးအထည် ချုပ်စက်ရုံအလုပ်သမား ဆန္ဒပြမှု တွင် ပြည်တွင်းမီဒီယာတစ်ခုမှ သတင်းထောက်နှစ်ဦးဘက်လိုက် ရေးသားနေသည်ဟု အလုပ်သ မားအခွင့်အရေးလှုပ်ရှားသူများ အဖွဲ့ဝင်များက ပြောသည်။
အလုပ်သမားအချင်းချင်း စိတ်ဝမ်းကွဲအောင်ပြုလုပ်ပြီး အ လုပ်သမားသမဂ်္ဂအဖွဲ့အစည်းပြို ကွဲအောင် အလုပ်ရှင်က ကြိုတင် စီစဉ်မှုတွင် မီဒီယာကိုပါ အသုံး ပြုထားခြင်းများလည်းရှိကြောင်း ကို ““ဒဂုံဆိပ်ကမ်းအာရှနဂါးအ ထည်ချုပ်စက်ရုံ ဆန္ဒပြပွဲကို ကျွန် တော်ရောက်သွားတော့သတင်း ထောက်တွေတော့တွေ့တယ်။ အားလုံးအပြင်မှာပဲ။ ဒါပေမဲ့ စက် ရုံတွင် အလုပ်သမား (၁၄၀၀) ကျော်ဆန္ဒပြလို့ စက်ရုံပြင်ထွက် နေရတဲ့ အလုပ်သမား (၈၀)ကျော် က ကျွန်တော့်ကိုပြောပြပါတယ်။ သတင်းထောက်တွေဝင်လို့မရပေ မဲ့ ဆန္ဒပြပြခြင်း သတင်းထောက် နှစ်ယောက် အမျိုးသမီးတစ်ဦးနဲ့ အသက်ကြီးပိုင်း အမျိုးသားတစ် သီး စက်ရုံကခေါ်ထားတဲ့ သတင်း ထောက်တွေပါလို့ ပြောပြီးဝင် သွားတာတွေ့ရပါတယ်လို့အလုပ် သမား ၈၀ ကျော်နဲ့ ပတ်ဝန်းကျင် မှာရှိတဲ့ သူတွေကပါ ကျွန်တော့် ကို ပြောပြကြပါတယ်။ အဲဒီ သတင်းထောက်နှစ်ဦးကလည်း အလပ်သမားတွေရဲ့ရှေ့မှာပဲ တောင်ဒဂုံမြို့နယ်အလုပ်သမား ဦးစည်းမှူး ဦးစောစိုးတင့်ဖိတ်ထား လို့ပြောပြီး စက်ရုံတွင်းဝင်တဲ့အခါ စက်ရုံတံခါးစောင့်ကို အလုပ်ရှင် သူဌေးခေါ်ထားလို့ဆိုပြီး ၀င်သွား တာပါလို့ သက်သေအထောက် အထားတွေနဲ့ ၀ိုင်းဝန်းပြောပြလို့ သိရပါတယ်””ဟု အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများ ကွန် ရက်မှ ကိုကျော်ကျော်က ပြော ဆိုသည်။
အလုပ်ရှင်များမှ အလုပ်သ မားအဖွဲ့အစည်း အားကောင်း လျှင် မိမိတို့လုပ်ငန်းအား ထိခိုက် နိုင်သည်ဟု လွဲမှာသည့် အယူ အဆများနှင့် အလုပ်သမားအဖွဲ့ အစည်းအချင်းချင်းစိတ်ဝမ်းကွဲ အောင် ပြုလုပ်သ်ာများကို လိုက် လံ ဖြေရှင်းရေးရမှုများလည်းရှိ သည်။ ယခု အာရှနဂါးအထည် ချုပ်စက်ရုံအလုပ်သမားအဖွဲ့အ စည်း (သုတ်လင်းအောင်)ကို အလုပ်ရှင်မှ နောက်ကွယ်က ဖိ နှိပ်မှုကို ခံရသည့်အပြင် သတင်း မီဒီယာတွေအချို့ကပါ အလုပ်ရှင် ဘက်မှ ဘက်လိုက်ရေးသားခြင်း ကြောင့် လုပ်နင်းခွင်အတွင်း ယခင်ကထက်ဖိနှိပ်မှုများ ခံနေရ  သည်။ မှန်ကန်သည့်အလုပ်သမား အဖွဲ့အစည်းဖြစ်သော်လည်း အဖွဲ့ ၀င် (၈၀)သာရှိသောကြောင့် အင် အားကြီးပြီး အလုပ်ရှင်ဘက်မှ ဖွဲ့ စည်းထားသော (ဦးမိုးလင်း)အာရှ နဂါးအလုပ်သမားအဖွဲ့အစည်းမှ စက်ရုံတွင်းအလုပ်သမားများအ ပေါ် သြော်ဇာလွှမ်းမိုးနေကြောင်း ကို အလုပ်ပြုတ်လျှင် ပြုတ်ပါစေ အမှန်တရားဘက်မှ ရပ်တည်မည် ဟု (ဦးမိုးလင်း)အလုပ်သမားအဖွဲ့ အစည်းမှ နှုတ်ထွက်လာသော အသက်(၂၀)၀န်းကျင်အမျိုးသမီး ငယ်တစ်ဦးကပြောသည်။
““ကိုသုတ်လင်းအောင်တို့ အဖွဲ့မှန်တာကိုသိတယ်။ ဦးမိုးလင်း အဖွဲ့က မတရားဘူးဆိုတာကို လည်း  အလုပ်သမားအများစုသိ ကြတယ်။ ဦးမိုးလင်းအဖွဲ့အင် အား (၁၄၀၀)ကျော်ရှိတယ်ဆို တာကလည်း ငွေအင်အားနဲ့စု စည်းထားလို့ပါ။ သမီးအနေနဲ့ ပြောချင်တာာက အလုပ်သမား အချင်းချင်း စိတ်ဝမ်းကွဲနေတာ တောင်မှ မပြေလည်သေးဘူး။ မီးဒီယာတစ်ချို့က ဖော်ပြလိုက်တဲ့ သတင်းက တစ်ဖက်စောင်းနင်း ဖြစ်နေတော့ (ဦးမိုးလင်း)အဖွဲ့က စက်ရုံထဲမှာပိုပြီးမော်မာမော်ကြွား သွားတာပေါ့””ဟု ဦးမိုးလင်းအလုပ် သမားအဖွဲ့အစည်းတွင် ပါဝင်နေ သူ အမျိုးသမီးတစ်ဦးက အောက် တိုဘာ (၇)ရက်နေ့ အာရှနဂါး အထည်ချုပ်စက်ရုံဆန္ဒပြမှုသတင်း မှားရေးသားခြင်း သတင်းစာရှင်း လင်းပွဲတွင် လာရောက်ပြောဆို သွားခဲ့သည်။
အဆိုပါ အာရှနဂါးအထည် ချုပ်စက်ရုံအလုပ်သမားအဖွဲ့အ စည်းအချင်းချင်း ဆန္ဒပြတောင်း ဆိုမှုတွင် သဘောတူညီချက်များ ရရှိသည်ဟု မီဒီယာတစ်ချို့မှ ဖော်ပြခဲ့သော်လည်း လက်ရှိကာ လတွင် ထိုအလုပ်သမားအဖွဲ့အ စည်းနှစ်ခုမှာ ယခုအချိန်ထိ ပြေ လည်မှုများ မရှိသေးကြောင်း၊ အလုပ်သမား (၈၀)ကျော်သုဏ် လင်းအောင်အဖွဲ့အစည်းက အ လုပ်သမား (၁၄၀၀)ကျော်အဖွဲ့ တွင်းသို့ ပူးပေါင်းဝင်ရောက်ခြင်း မရှိပါက ယင်းပြဿနာမှာ ပြေ လည်သွားနိုင်မှုမရှိကြောင်း အာ ရှနဂါး အထည်ချုပ်အလုပ်သမား များက ပြောသည်။


မျိုးမြင့်၊ တူးတူး

News from: The Hot News
Post By : Aye Chan Mon
အလုပ်သမား(၈၀)ကျော် အားထုတ်ပယ်ပေးရန်အတွက်လုပ် ငန်းအတူလုပ်သူ အလုပ်သား (၁၄၀၀)ကျော်က လုပ်ငန်းရှင် အား ဆန္ဒပြတောင်းဆိုသည့် သမရိုးကျမဟုတ်သည့် ဒဂုံဆိပ် ကမ်းမြို့နယ် အာရှနဂါးအထည် ချုပ်စက်ရုံအလုပ်သမား ဆန္ဒ
ပြမှု တွင် ပြည်တွင်းမီဒီယာတစ်ခုမှ သတင်းထောက်နှစ်ဦးဘက်လိုက် ရေးသားနေသည်ဟု အလုပ်သ မားအခွင့်အရေးလှုပ်ရှားသူများ အဖွဲ့ဝင်များက ပြောသည်။
အလုပ်သမားအချင်းချင်း စိတ်ဝမ်းကွဲအောင်ပြုလုပ်ပြီး အ လုပ်သမားသမဂ်္ဂအဖွဲ့အစည်းပြို ကွဲအောင် အလုပ်ရှင်က ကြိုတင် စီစဉ်မှုတွင် မီဒီယာကိုပါ အသုံး ပြုထားခြင်းများလည်းရှိကြောင်း ကို ““ဒဂုံဆိပ်ကမ်းအာရှနဂါးအ ထည်ချုပ်စက်ရုံ ဆန္ဒပြပွဲကို ကျွန် တော်ရောက်သွားတော့သတင်း ထောက်တွေတော့တွေ့တယ်။ အားလုံးအပြင်မှာပဲ။ ဒါပေမဲ့ စက် ရုံတွင် အလုပ်သမား (၁၄၀၀) ကျော်ဆန္ဒပြလို့ စက်ရုံပြင်ထွက် နေရတဲ့ အလုပ်သမား (၈၀)ကျော် က ကျွန်တော့်ကိုပြောပြပါတယ်။ သတင်းထောက်တွေဝင်လို့မရပေ မဲ့ ဆန္ဒပြပြခြင်း သတင်းထောက် နှစ်ယောက် အမျိုးသမီးတစ်ဦးနဲ့ အသက်ကြီးပိုင်း အမျိုးသားတစ် သီး စက်ရုံကခေါ်ထားတဲ့ သတင်း ထောက်တွေပါလို့ ပြောပြီးဝင် သွားတာတွေ့ရပါတယ်လို့အလုပ် သမား ၈၀ ကျော်နဲ့ ပတ်ဝန်းကျင် မှာရှိတဲ့ သူတွေကပါ ကျွန်တော့် ကို ပြောပြကြပါတယ်။ အဲဒီ သတင်းထောက်နှစ်ဦးကလည်း အလပ်သမားတွေရဲ့ရှေ့မှာပဲ တောင်ဒဂုံမြို့နယ်အလုပ်သမား ဦးစည်းမှူး ဦးစောစိုးတင့်ဖိတ်ထား လို့ပြောပြီး စက်ရုံတွင်းဝင်တဲ့အခါ စက်ရုံတံခါးစောင့်ကို အလုပ်ရှင် သူဌေးခေါ်ထားလို့ဆိုပြီး ၀င်သွား တာပါလို့ သက်သေအထောက် အထားတွေနဲ့ ၀ိုင်းဝန်းပြောပြလို့ သိရပါတယ်””ဟု အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများ ကွန် ရက်မှ ကိုကျော်ကျော်က ပြော ဆိုသည်။
အလုပ်ရှင်များမှ အလုပ်သ မားအဖွဲ့အစည်း အားကောင်း လျှင် မိမိတို့လုပ်ငန်းအား ထိခိုက် နိုင်သည်ဟု လွဲမှာသည့် အယူ အဆများနှင့် အလုပ်သမားအဖွဲ့ အစည်းအချင်းချင်းစိတ်ဝမ်းကွဲ အောင် ပြုလုပ်သ်ာများကို လိုက် လံ ဖြေရှင်းရေးရမှုများလည်းရှိ သည်။ ယခု အာရှနဂါးအထည် ချုပ်စက်ရုံအလုပ်သမားအဖွဲ့အ စည်း (သုတ်လင်းအောင်)ကို အလုပ်ရှင်မှ နောက်ကွယ်က ဖိ နှိပ်မှုကို ခံရသည့်အပြင် သတင်း မီဒီယာတွေအချို့ကပါ အလုပ်ရှင် ဘက်မှ ဘက်လိုက်ရေးသားခြင်း ကြောင့် လုပ်နင်းခွင်အတွင်း ယခင်ကထက်ဖိနှိပ်မှုများ ခံနေရ သည်။ မှန်ကန်သည့်အလုပ်သမား အဖွဲ့အစည်းဖြစ်သော်လည်း အဖွဲ့ ၀င် (၈၀)သာရှိသောကြောင့် အင် အားကြီးပြီး အလုပ်ရှင်ဘက်မှ ဖွဲ့ စည်းထားသော (ဦးမိုးလင်း)အာရှ နဂါးအလုပ်သမားအဖွဲ့အစည်းမှ စက်ရုံတွင်းအလုပ်သမားများအ ပေါ် သြော်ဇာလွှမ်းမိုးနေကြောင်း ကို အလုပ်ပြုတ်လျှင် ပြုတ်ပါစေ အမှန်တရားဘက်မှ ရပ်တည်မည် ဟု (ဦးမိုးလင်း)အလုပ်သမားအဖွဲ့ အစည်းမှ နှုတ်ထွက်လာသော အသက်(၂၀)၀န်းကျင်အမျိုးသမီး ငယ်တစ်ဦးကပြောသည်။
““ကိုသုတ်လင်းအောင်တို့ အဖွဲ့မှန်တာကိုသိတယ်။ ဦးမိုးလင်း အဖွဲ့က မတရားဘူးဆိုတာကို လည်း အလုပ်သမားအများစုသိ ကြတယ်။ ဦးမိုးလင်းအဖွဲ့အင် အား (၁၄၀၀)ကျော်ရှိတယ်ဆို တာကလည်း ငွေအင်အားနဲ့စု စည်းထားလို့ပါ။ သမီးအနေနဲ့ ပြောချင်တာာက အလုပ်သမား အချင်းချင်း စိတ်ဝမ်းကွဲနေတာ တောင်မှ မပြေလည်သေးဘူး။ မီးဒီယာတစ်ချို့က ဖော်ပြလိုက်တဲ့ သတင်းက တစ်ဖက်စောင်းနင်း ဖြစ်နေတော့ (ဦးမိုးလင်း)အဖွဲ့က စက်ရုံထဲမှာပိုပြီးမော်မာမော်ကြွား သွားတာပေါ့””ဟု ဦးမိုးလင်းအလုပ် သမားအဖွဲ့အစည်းတွင် ပါဝင်နေ သူ အမျိုးသမီးတစ်ဦးက အောက် တိုဘာ (၇)ရက်နေ့ အာရှနဂါး အထည်ချုပ်စက်ရုံဆန္ဒပြမှုသတင်း မှားရေးသားခြင်း သတင်းစာရှင်း လင်းပွဲတွင် လာရောက်ပြောဆို သွားခဲ့သည်။
အဆိုပါ အာရှနဂါးအထည် ချုပ်စက်ရုံအလုပ်သမားအဖွဲ့အ စည်းအချင်းချင်း ဆန္ဒပြတောင်း ဆိုမှုတွင် သဘောတူညီချက်များ ရရှိသည်ဟု မီဒီယာတစ်ချို့မှ ဖော်ပြခဲ့သော်လည်း လက်ရှိကာ လတွင် ထိုအလုပ်သမားအဖွဲ့အ စည်းနှစ်ခုမှာ ယခုအချိန်ထိ ပြေ လည်မှုများ မရှိသေးကြောင်း၊ အလုပ်သမား (၈၀)ကျော်သုဏ် လင်းအောင်အဖွဲ့အစည်းက အ လုပ်သမား (၁၄၀၀)ကျော်အဖွဲ့ တွင်းသို့ ပူးပေါင်းဝင်ရောက်ခြင်း မရှိပါက ယင်းပြဿနာမှာ ပြေ လည်သွားနိုင်မှုမရှိကြောင်း အာ ရှနဂါး အထည်ချုပ်အလုပ်သမား များက ပြောသည်။


မျိုးမြင့်၊ တူးတူး

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis