menu

Tuesday 9 October 2012

iPhone 5 ကိုယှဉ်ပြိုင်မည့် Samsung Galaxy S3 မီနီ

Photo: iPhone 5 ကိုယှဉ်ပြိုင်မည့် Samsung Galaxy S3 မီနီ

Samsung Galaxy S3 အငယ်စား S3 mini ထွက်ရှိမယ်လို့ Engadget ဝဘ်ဆိုဒ်မှ ဖော်ပြခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ iPhone 5 ကိုအဓိက ယှဉ်ပြိုင်မယ့်ဖုန်းလို့ ဆိုပါတယ်။

ပုံမှန် ၄.၈ လက်မ Display ကျယ်တဲ့ Samsung Galaxy SIII မဟုတ်တော့ပဲ ၄ လက်မပဲ ရှိတော့မှာလို့ ဆိုပါတယ်။ NFC ပါတာနဲ့ မပါတာနှစ်မျိုးနှစ်စား ထုတ်လုပ်နိုင်ချေရှိပါတယ်။ ဂျာမနီမှာ ကျင်းပတဲ့ Press Event မှာ Samsung က ပိုမိုသေးငယ်တဲ့ စမတ်ဖုန်းများ ထုတ်လုပ်ဖို့ ထည့်သွင်း ပြောကြားထားပါတယ်။ ယင်းအချက်ကို အထကောက်ပြီး မီနီ Galaxy S3 ထွက်ရှိမယ်လို့ Engadget က သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ် ပါတယ်။ ကင်မရာ 5 megapixel , CPU 1.4 GHz, resolution 960x540 ရှိမယ်လို့ ဆိုပါတယ်။ Apple ရဲ့  ၄ လက်မ Display ရှိတဲ့ iPhone 5 ကို အဓိကယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Dual core processor အသုံးပြုပြီး Screen ကလည်း Super AMOLED ပဲလို့ဆိုပါတယ်။ WVGA resolution ထောက် ပံ့နိုင်ပါတယ်။

Samsung တို့ လက်ရှိထုတ်ထားတဲ့ Samsung Galaxy S3 နဲ့ Samsung Galaxy Tab 2 တို့ဟာ Apple ထုတ် iPhone 5 အတွက် ယှဉ်ပြိုင်စရာ မဟုတ်သေးပဲ ယခုထွက်မယ့် မီနီဗားရှင်းကတောင် သာတယ်ဆိုတာ မျိုးကို Samsung က လုပ်ပြမှာ ဖြစ်ပါတယ်။ Apple မှလည်း iPhone အငယ်စား မီနီဗားရှင်းထွက်ရှိမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

သို့ပေမယ့် ဖြစ်မလာသေးပါဘူး။ Samsung ကတော့ အငယ်စား စမတ်ဖုန်း ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ယခုနှစ်ကုန်မှာ ဈေးကွက်ဝင်ရောက် လာနိုင်ချေရှိ တယ်လို့ ဆိုပါတယ်။ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၂၀ ဝန်းကျင် သာ ကုန်ကျမယ်လို့ ခန့်မှန်းထားကြပါတယ်။
---
Ref:Engadget
Aung Kham (TSJ team)

News from :TechSpace Journal
Post By : Aye Chan Mon
Samsung Galaxy S3 အငယ်စား S3 mini ထွက်ရှိမယ်လို့ Engadget ဝဘ်ဆိုဒ်မှ ဖော်ပြခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ iPhone 5 ကိုအဓိက ယှဉ်ပြိုင်မယ့်ဖုန်းလို့ ဆိုပါတယ်။

ပုံမှန် ၄.၈ လက်မ Display ကျယ်တဲ့ Sa
msung Galaxy SIII မဟုတ်တော့ပဲ ၄ လက်မပဲ ရှိတော့မှာလို့ ဆိုပါတယ်။ NFC ပါတာနဲ့ မပါတာနှစ်မျိုးနှစ်စား ထုတ်လုပ်နိုင်ချေရှိပါတယ်။ ဂျာမနီမှာ ကျင်းပတဲ့ Press Event မှာ Samsung က ပိုမိုသေးငယ်တဲ့ စမတ်ဖုန်းများ ထုတ်လုပ်ဖို့ ထည့်သွင်း ပြောကြားထားပါတယ်။ ယင်းအချက်ကို အထကောက်ပြီး မီနီ Galaxy S3 ထွက်ရှိမယ်လို့ Engadget က သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ် ပါတယ်။ ကင်မရာ 5 megapixel , CPU 1.4 GHz, resolution 960x540 ရှိမယ်လို့ ဆိုပါတယ်။ Apple ရဲ့  ၄ လက်မ Display ရှိတဲ့ iPhone 5 ကို အဓိကယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Dual core processor အသုံးပြုပြီး Screen ကလည်း Super AMOLED ပဲလို့ဆိုပါတယ်။ WVGA resolution ထောက် ပံ့နိုင်ပါတယ်။

Samsung တို့ လက်ရှိထုတ်ထားတဲ့ Samsung Galaxy S3 နဲ့ Samsung Galaxy Tab 2 တို့ဟာ Apple ထုတ် iPhone 5 အတွက် ယှဉ်ပြိုင်စရာ မဟုတ်သေးပဲ ယခုထွက်မယ့် မီနီဗားရှင်းကတောင် သာတယ်ဆိုတာ မျိုးကို Samsung က လုပ်ပြမှာ ဖြစ်ပါတယ်။ Apple မှလည်း iPhone အငယ်စား မီနီဗားရှင်းထွက်ရှိမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

သို့ပေမယ့် ဖြစ်မလာသေးပါဘူး။ Samsung ကတော့ အငယ်စား စမတ်ဖုန်း ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ယခုနှစ်ကုန်မှာ ဈေးကွက်ဝင်ရောက် လာနိုင်ချေရှိ တယ်လို့ ဆိုပါတယ်။ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၂၀ ဝန်းကျင် သာ ကုန်ကျမယ်လို့ ခန့်မှန်းထားကြပါတယ်။
---
Ref:Engadget
Aung Kham (TSJ team)

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis