menu

Tuesday 9 October 2012

သင်္ဃန်းကျွန်းစည်ပင်တာဝန်ခံများ နှင့် ရန်ကုန်စည်ပင်တာဝန်ခံများ သမ္မတကြီး၏ ဆင်းရဲမွဲတေမှုလျော့ချရေးစီမံကိန်းအား အောက်ခြေမှ အစွမ်းကုန်ဖျက်ဆီးနေကြောင်း ဦးသိန်းညွှန့်ပြော

Photo: သင်္ဃန်းကျွန်းစည်ပင်တာဝန်ခံများ နှင့် ရန်ကုန်စည်ပင်တာဝန်ခံများ သမ္မတကြီး၏ ဆင်းရဲမွဲတေမှုလျော့ချရေးစီမံကိန်းအား အောက်ခြေမှ အစွမ်းကုန်ဖျက်ဆီးနေကြောင်း ဦးသိန်းညွှန့်ပြော


သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရှိ နွမ်းပါးသော လိုင်စင်မဲ့အနှေး ယာဉ်လုပ်သားများအား မြို့နယ် စည်ပင်နှင့်မြို့နယ်အနှေးယာဉ်  စည်းကမ်းထိန်းသိမ်းရေးတို့မှ လိုင် စင်မရှိသည့်အတွက် ဒဏ်ငွေရိုက် ခြင်း၊ဆိုက်ကားများအား သိမ်း ဆည်းခြင်း ငွေညှစ်ခြင်းများပြုလုပ်  နေလျက်ရှိသဖြင့် လိုင်စင်မဲ့အနှေး ယာဉ်လုပ်သားများနှင့် ယင်းတို့၏   မိသားစုများ စားဝတ်နေရေး ထိ ခိုက်နေရခြင်းအား အောက်တို ဘာ    လ(၆)ရက်နေ့က အနှေးယာဉ်လုပ် သား (၃၀၀)ခန့်မှ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်ဦးသိန်းညွှန့်သို့တင်  ပြကြပြီး ယင်းနှင့်ပတ်သက်၍ ဦးသိန်းညွှန့်မှ သင်္ဃန်းကျွန်းစည် ပင်တာဝန်ခံများနှင့်ရန်ကုန်စည်ပင်   တာဝန်ခံများအနေဖြင့် သမ္မတကြီး  ၏ ဆင်းရဲမှုလျော့ချရေးစီမံကိန်း များအား အောက်ခြေမှ အစွမ်းကုန်    ဖျက်စီးနေကြောင်း အတိအလင်း ပြောကြားလိုက်သည်။
““နိုင်ငံတော်သမ္မတကြီးဟာ အလွန့်ကို စိတ်ကောင်းစေတနာ  ရှိသူတစ်ဦးဖြစ်ပါတယ်။ကျွန်တော် နေပြည်တော်မှာ သမ္မတကြီးနဲ့ တွေ့တဲ့အခါ စကားပြောဖြစ်တဲ့ အခါ သမ္မတကြီးအနေနဲ့အောက်  ခြေပိုင်းနွမ်းပါးတဲ့ပြည်သူတွေအပေါ်   အရမ်းကို အဆင်ပြေစေချင်တာ တွေ့ရတယ်။ခုသမ္မတကြီးက ဆင်း  ရဲမွဲတေမှုလျော့ချရေးလုပ်နေတယ်။    သင်္ဃန်းကျွန်းစည်ပင်ကတော့ သင်္ဃန်းကျွန်းမြို့နယ်ထဲက နွမ်းပါး တဲ့ အနှေးယာဉ်လုပ်သားတွေဆီက နေ ငွေညှစ်ဆိုက်ကားသိမ်းတာ၊ ဒဏ်ရိုက်တာလုပ်နေတယ်။ဒါဟာ   သင်္ဃန်းကျွန်းစည်ပင်အနေနဲ့ဆင်း ရဲလို့ အနှေးယာဉ်နင်းနေတဲ့သူတွေ   ရဲ့ ထမင်းအိုးကို ပုတ်နေတာဟာ   သမ္မတကြီးရဲ့မူဝါဒလိုဆန့်ကျင်နေ တာလို့ ပြောချင်ပါတယ်။နောက် ပြောချင်တာက ရန်ကုန်တိုင်းတစ် တိုင်းလုံးမှာရှိတဲ့ အနှေးယာဉ်လုပ် သားတွေအပေါ် ရန်ကုန်တိုင်း  စည်ပင်သာယာရေးကော်မတီရဲ့   ကိုင်တွယ်ပုံဟာ၁။ ဥပဒေနဲ့လုံးဝ မညီဘူး။၂။ အာဏာကိုအလွဲသုံး စားလုပ်နေတယ်။ ၃။ ဆင်းရဲနွမ်း ပါးတဲ့သူတွေအပေါ်အလွန်ပဲအနိုင် ကျင့်နေတယ်လို့ပဲ ကျွန်တော်ယူ ဆပါတယ်။ကျွန်တော်ခဏခဏ ပြောတယ်။အရင်က ရန်သူမျိုးငါး ပါး၊ခု ခြောက်ပါးဖြစ်သွားပြီ ပိုလာ တဲ့တစ်ပါးက စည်ပင်ဝန်ထမ်းတွေ ပဲ လောကကြီးမှာ ရွံစရာအကောင်း  ဆုံးက ဆင်းရဲသူတွေရဲ့ ထမင်းကို နှိုက်စားဝံ့တယ်ဆိုတဲ့ သူလောက်     အောက်တန်းကျတဲ့သူမရှိဘူး။နောက်ဆုံးပြောချင်တာကတော့   သမ္မတကြီးရဲ့ဆင်းရဲမွဲတေမှုလျော့ ချရေးစီမံကိန်းကို အခြားနယ်တွေ မှာတော့ ကျွန်တော်မသိဘူး။ ရန် ကုန်တိုင်းမှာတော့ သင်္ဃန်းကျွန်း  စည်ပင်တာဝန်ခံတွေနဲ့ရန်ကုန်မြို့ တော်စည်ပင်တာဝန်ခံတွေ အောက် ခြေကနေ အစွမ်းကုန်ဖျက်ဆီးနေ ပြီလို့ ပြောပါရစေ””ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ ပြောကြားသွားခဲ့ သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွှန့်နှင့်သင်္ဃန်းကျွန်း   မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားများတွေ့ဆုံပွဲအပြီး သတင်း မီဒီယာများမှ သင်္ဃန်းကျွန်းအနှေး   ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရုံးသို့သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင်လည်း တာဝန်ခံ  ဖြစ်သူမှ အနှေးယာဉ်လုပ်သား များထံမှ ရရှိသော ဒဏ်ကြေးငွေ   များအား ရုံးလည်ပတ်ရန် ရုံးတွင်း   ကုန်ကျစရိတ်များအတွက် သုံးစွဲ ကြောင်း ရှင်းပြခဲ့ပြီး လိုင်စင်မဲ့ အနှေးယာဉ်တစ်စီးလျှင်ကျပ် တစ်သောင်းခွဲစီ ဒဏ်ရိုက်တစ်လ လျှင် အစီးပေါင်းများစွာ ဒဏ်ရိုက်   ခဲ့သော်လည်း တစ်လရုံးတွင်းကုန် ကျစရိတ်မှာမူ တစ်သောင်းခွဲဝန်း ကျင်သာရှိနေပြီး ကျန်ငွေပမာဏ  များစွာနှင့်ပတ်သက်၍ မည်သည့် စာရင်းမှ စနစ်တကျဆွဲထားခြင်း   မရှိကြောင်း လေ့လာသိရှိရသည်။

 ခန့်ခန့်(ဒဿနိက)

News from: The Hot News
Post By : Aye Chan Mon
သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရှိ နွမ်းပါးသော လိုင်စင်မဲ့အနှေး ယာဉ်လုပ်သားများ
အား မြို့နယ် စည်ပင်နှင့်မြို့နယ်အနှေးယာဉ် စည်းကမ်းထိန်းသိမ်းရေးတို့မှ လိုင် စင်မရှိသည့်အတွက် ဒဏ်ငွေရိုက် ခြင်း၊ဆိုက်ကားများအား သိမ်း ဆည်းခြင်း ငွေညှစ်ခြင်းများပြုလုပ် နေလျက်ရှိသဖြင့် လိုင်စင်မဲ့အနှေး ယာဉ်လုပ်သားများနှင့် ယင်းတို့၏ မိသားစုများ စားဝတ်နေရေး ထိ ခိုက်နေရခြင်းအား အောက်တို ဘာ လ(၆)ရက်နေ့က အနှေးယာဉ်လုပ် သား (၃၀၀)ခန့်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်သို့တင် ပြကြပြီး ယင်းနှင့်ပတ်သက်၍ ဦးသိန်းညွှန့်မှ သင်္ဃန်းကျွန်းစည် ပင်တာဝန်ခံများနှင့်ရန်ကုန်စည်ပင် တာဝန်ခံများအနေဖြင့် သမ္မတကြီး ၏ ဆင်းရဲမှုလျော့ချရေးစီမံကိန်း များအား အောက်ခြေမှ အစွမ်းကုန် ဖျက်စီးနေကြောင်း အတိအလင်း ပြောကြားလိုက်သည်။
““နိုင်ငံတော်သမ္မတကြီးဟာ အလွန့်ကို စိတ်ကောင်းစေတနာ ရှိသူတစ်ဦးဖြစ်ပါတယ်။ကျွန်တော် နေပြည်တော်မှာ သမ္မတကြီးနဲ့ တွေ့တဲ့အခါ စကားပြောဖြစ်တဲ့ အခါ သမ္မတကြီးအနေနဲ့အောက် ခြေပိုင်းနွမ်းပါးတဲ့ပြည်သူတွေအပေါ် အရမ်းကို အဆင်ပြေစေချင်တာ တွေ့ရတယ်။ခုသမ္မတကြီးက ဆင်း ရဲမွဲတေမှုလျော့ချရေးလုပ်နေတယ်။ သင်္ဃန်းကျွန်းစည်ပင်ကတော့ သင်္ဃန်းကျွန်းမြို့နယ်ထဲက နွမ်းပါး တဲ့ အနှေးယာဉ်လုပ်သားတွေဆီက နေ ငွေညှစ်ဆိုက်ကားသိမ်းတာ၊ ဒဏ်ရိုက်တာလုပ်နေတယ်။ဒါဟာ သင်္ဃန်းကျွန်းစည်ပင်အနေနဲ့ဆင်း ရဲလို့ အနှေးယာဉ်နင်းနေတဲ့သူတွေ ရဲ့ ထမင်းအိုးကို ပုတ်နေတာဟာ သမ္မတကြီးရဲ့မူဝါဒလိုဆန့်ကျင်နေ တာလို့ ပြောချင်ပါတယ်။နောက် ပြောချင်တာက ရန်ကုန်တိုင်းတစ် တိုင်းလုံးမှာရှိတဲ့ အနှေးယာဉ်လုပ် သားတွေအပေါ် ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီရဲ့ ကိုင်တွယ်ပုံဟာ၁။ ဥပဒေနဲ့လုံးဝ မညီဘူး။၂။ အာဏာကိုအလွဲသုံး စားလုပ်နေတယ်။ ၃။ ဆင်းရဲနွမ်း ပါးတဲ့သူတွေအပေါ်အလွန်ပဲအနိုင် ကျင့်နေတယ်လို့ပဲ ကျွန်တော်ယူ ဆပါတယ်။ကျွန်တော်ခဏခဏ ပြောတယ်။အရင်က ရန်သူမျိုးငါး ပါး၊ခု ခြောက်ပါးဖြစ်သွားပြီ ပိုလာ တဲ့တစ်ပါးက စည်ပင်ဝန်ထမ်းတွေ ပဲ လောကကြီးမှာ ရွံစရာအကောင်း ဆုံးက ဆင်းရဲသူတွေရဲ့ ထမင်းကို နှိုက်စားဝံ့တယ်ဆိုတဲ့ သူလောက် အောက်တန်းကျတဲ့သူမရှိဘူး။နောက်ဆုံးပြောချင်တာကတော့ သမ္မတကြီးရဲ့ဆင်းရဲမွဲတေမှုလျော့ ချရေးစီမံကိန်းကို အခြားနယ်တွေ မှာတော့ ကျွန်တော်မသိဘူး။ ရန် ကုန်တိုင်းမှာတော့ သင်္ဃန်းကျွန်း စည်ပင်တာဝန်ခံတွေနဲ့ရန်ကုန်မြို့ တော်စည်ပင်တာဝန်ခံတွေ အောက် ခြေကနေ အစွမ်းကုန်ဖျက်ဆီးနေ ပြီလို့ ပြောပါရစေ””ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ ပြောကြားသွားခဲ့ သည်။
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွှန့်နှင့်သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားများတွေ့ဆုံပွဲအပြီး သတင်း မီဒီယာများမှ သင်္ဃန်းကျွန်းအနှေး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရုံးသို့သွားရောက်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင်လည်း တာဝန်ခံ ဖြစ်သူမှ အနှေးယာဉ်လုပ်သား များထံမှ ရရှိသော ဒဏ်ကြေးငွေ များအား ရုံးလည်ပတ်ရန် ရုံးတွင်း ကုန်ကျစရိတ်များအတွက် သုံးစွဲ ကြောင်း ရှင်းပြခဲ့ပြီး လိုင်စင်မဲ့ အနှေးယာဉ်တစ်စီးလျှင်ကျပ် တစ်သောင်းခွဲစီ ဒဏ်ရိုက်တစ်လ လျှင် အစီးပေါင်းများစွာ ဒဏ်ရိုက် ခဲ့သော်လည်း တစ်လရုံးတွင်းကုန် ကျစရိတ်မှာမူ တစ်သောင်းခွဲဝန်း ကျင်သာရှိနေပြီး ကျန်ငွေပမာဏ များစွာနှင့်ပတ်သက်၍ မည်သည့် စာရင်းမှ စနစ်တကျဆွဲထားခြင်း မရှိကြောင်း လေ့လာသိရှိရသည်။

ခန့်ခန့်(ဒဿနိက)

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis