menu

Tuesday 9 October 2012

အစ္စရေးလေတပ်က ဝေဟင်ပိုင်နက်ကျူးကျော်ခဲ့ကြောင်း လက်ဘနွန်စွပ်စွဲ

Photo: အစ္စရေးလေတပ်က ဝေဟင်ပိုင်နက်ကျူးကျော်ခဲ့ကြောင်း လက်ဘနွန်စွပ်စွဲ

Posted on Oct 08 12 

လက်ဘနွန် အစိုးရက အစ္စရေး လေတပ်သည် မိမိတို့ ဝေဟင်ပိုင်နက်ကို ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။ လက်ဘနွန် အစိုးရက အစ္စရေး၏ ဂျက်တိုက်လေယာဉ် (၄)စင်းသည် တနင်္ဂနွေနေ့က လက်ဘနွန် လေပိုင်နက်ကို တရားမဝင် ကျူးကျော် ဝင်ရောက်လာခဲ့ကြောင်း ဆိုသည်။ အစ္စရေး လေယာဉ်များသည် လက်ဘနွန် လေပိုင်နက်တွင် (၁)နာရီ ဝန်းကျင်မျှ ခွင့်ပြုချက် မရှိဘဲ ဝဲပျံနေခဲ့ကြောင်း သတင်းနှင့် ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေခဲ့သည်။ ကီဖာကီလာကျေးရွာ အထက်တွင် အစ္စရေး လေယာဉ်များ ပျံဝဲနေခဲ့ကြောင်း လက်ဘနွန် စစ်တပ်က သတင်းစာများထံ ဖွင့်ဟ အသိပေးခဲ့သည်။

လက်ဘနွန်သည် ယခင်ကလည်း အလားတူ တိုင်ကြားမှုမျိုးကို ကုလသမဂ္ဂထံ အရေးဆိုခဲ့ဖူးပြီး အစ္စရေး လေယာဉ်များ လက်ဘနွန် လေပိုင်နက်သို့ ကျူးကျော်ကြောင်း မကြာခဏ စွပ်စွဲဖူးသည်။ အစ္စရေးသည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို ထောက်လှမ်းရန်ကဲ့သို့ ကိစ္စမျိုးများတွင် လေတပ်ကို အသုံးပြုသည်ဟု ယူဆရသော်လည်း တိကျသော ဖြေရှင်းချက် လုံးဝမပေးဖူးချေ။ သို့သော် ယခုကိစ္စသည် နီဂျက်ဖ် သဲကန္တာရထဲတွင် အစ္စရေး လေတပ်က ပစ်ချခဲ့သည့် မောင်းသူမဲ့ လေယာဉ်နှင့် ပတ်သက်နေမည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာသည်။

ထိုလေယာဉ်ငယ်ကို အစ္စရေးက ပစ်ချခဲ့ပြီး မည်သူ ပိုင်ဆိုင်ကြောင်း မဖော်ထုတ်နိုင်သေးသော်လည်း ဟစ်ဇ်ဘိုလာတို့ စေလွှတ်လိုက်ခြင်းဟု ယူဆရသည်။ အစ္စရေး စစ်ဘက်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး အေဗီတယ်လ် လီဘိုဗစ်ခ်ျက မိမိတို့သည် အမည်မသိ လေယာဉ်ကို နာရီဝက်နီးပါး ခြေရာခံ လိုက်ခဲ့ပြီးနောက် နီဂျက်ဖ်အနီးရှိ လူနေကျဲပါးသော နေရာတွင် ပစ်ခတ်ခဲ့ကြောင်း ပြောကြားသွားသည်။ သို့သော်လည်း ထိုဖြစ်စဉ်တွင် အစ္စရေး လေယာဉ်များ လက်ဘနွန် လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ခြင်း ရှိမရှိကိုမူ သူမက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဟု သိရှိရသည်။ 

Source: NY Times
News from: Planet Myanmar Network
Post By : Aye Chan Mon
လက်ဘနွန် အစိုးရက အစ္စရေး လေတပ်သည် မိမိတို့ ဝေဟင်ပိုင်နက်ကို ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။ လက်ဘနွန် အစိုးရက အစ္စရေး၏ ဂျက်တိုက်လေယာဉ်
(၄)စင်းသည် တနင်္ဂနွေနေ့က လက်ဘနွန် လေပိုင်နက်ကို တရားမဝင် ကျူးကျော် ဝင်ရောက်လာခဲ့ကြောင်း ဆိုသည်။ အစ္စရေး လေယာဉ်များသည် လက်ဘနွန် လေပိုင်နက်တွင် (၁)နာရီ ဝန်းကျင်မျှ ခွင့်ပြုချက် မရှိဘဲ ဝဲပျံနေခဲ့ကြောင်း သတင်းနှင့် ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေခဲ့သည်။ ကီဖာကီလာကျေးရွာ အထက်တွင် အစ္စရေး လေယာဉ်များ ပျံဝဲနေခဲ့ကြောင်း လက်ဘနွန် စစ်တပ်က သတင်းစာများထံ ဖွင့်ဟ အသိပေးခဲ့သည်။

လက်ဘနွန်သည် ယခင်ကလည်း အလားတူ တိုင်ကြားမှုမျိုးကို ကုလသမဂ္ဂထံ အရေးဆိုခဲ့ဖူးပြီး အစ္စရေး လေယာဉ်များ လက်ဘနွန် လေပိုင်နက်သို့ ကျူးကျော်ကြောင်း မကြာခဏ စွပ်စွဲဖူးသည်။ အစ္စရေးသည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများကို ထောက်လှမ်းရန်ကဲ့သို့ ကိစ္စမျိုးများတွင် လေတပ်ကို အသုံးပြုသည်ဟု ယူဆရသော်လည်း တိကျသော ဖြေရှင်းချက် လုံးဝမပေးဖူးချေ။ သို့သော် ယခုကိစ္စသည် နီဂျက်ဖ် သဲကန္တာရထဲတွင် အစ္စရေး လေတပ်က ပစ်ချခဲ့သည့် မောင်းသူမဲ့ လေယာဉ်နှင့် ပတ်သက်နေမည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာသည်။

ထိုလေယာဉ်ငယ်ကို အစ္စရေးက ပစ်ချခဲ့ပြီး မည်သူ ပိုင်ဆိုင်ကြောင်း မဖော်ထုတ်နိုင်သေးသော်လည်း ဟစ်ဇ်ဘိုလာတို့ စေလွှတ်လိုက်ခြင်းဟု ယူဆရသည်။ အစ္စရေး စစ်ဘက်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး အေဗီတယ်လ် လီဘိုဗစ်ခ်ျက မိမိတို့သည် အမည်မသိ လေယာဉ်ကို နာရီဝက်နီးပါး ခြေရာခံ လိုက်ခဲ့ပြီးနောက် နီဂျက်ဖ်အနီးရှိ လူနေကျဲပါးသော နေရာတွင် ပစ်ခတ်ခဲ့ကြောင်း ပြောကြားသွားသည်။ သို့သော်လည်း ထိုဖြစ်စဉ်တွင် အစ္စရေး လေယာဉ်များ လက်ဘနွန် လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ခြင်း ရှိမရှိကိုမူ သူမက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိဟု သိရှိရသည်။

Source: NY Times
Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis