menu

Tuesday 9 October 2012

တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်အတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း ကွန်ဂရက်အထူးအဖွဲ့ သတိပေး




oct9h1 တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei  နှင့် ZTE သည် အမေရိကန်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး ယင်းလုပ်ငန်းကြီးများ အမေရိကန်တို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်သင့်ကြောင်း အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက  တစ်နှစ်ကြာ စုံစမ်းလေ့လာပြီးနောက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Huawei နှင့် ZTE သည် တရုတ် အစိုးရ၏လွှမ်းမိုးမှု လွတ်ကင်းသည်ဟု မယုံကြည်နိုင်ကြောင်း၊ အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်ရန်အတွက် ယင်းကုမ္ပဏီများကို အသုံးချနိုင်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ရေးသားခဲ့သည်။
စီးပွားရေးနှင့် စစ်ရေးခြိမ်းခြောက်မှုများ အတွက် အလျင်အမြန် တိုးတက်နေသော ယင်းလုပ်ငန်းများ ကို တရုတ်က အသုံးချလာနိုင်ကြောင်း စိုးရိမ်မှုများအတွက် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

Huawei နှင့် ZTE တို့သည် စုံ စမ်းစစ်ဆေးစဉ်ကာလတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် ၎င်းတို့သည် လုံခြုံရေးခြိမ်းခြောက်မှုဟု သတ်မှတ်ရမည်ဖြစ်ကြောင်း ကော်မတီအစီရင်ခံစာက မှတ်ချက်ချခဲ့သည်။
တရုတ်ဆိုက်ဘာ တိုက်ခိုက်မှုများကို စိုးရိမ်မှုကြောင့် ဒေါ်လာ ၃၆ ဒသမ ၆ ဘီလျံတန်ဖိုးရှိမြန်နှုန်းမြှင့် အင်တာနက် ကန်ထရိုက် စီမံကိန်း တစ်ခုကို ဟွာဝေက ရရှိရန်ကြိုးပမ်းမှုအား သြစတြေးလျအစိုးရက ပိတ်ပင်ခဲ့သည်။
Huawei နှင့် ZTE တို့က တရုတ်အစိုးရနှင့်မည်သည့်ဆက်နွယ်မှုများ မရှိကြောင်း ငြင်းဆိုထားခဲ့သည်။ ပြီး ခဲ့သည့်လက ကော်မတီ၏ကြားနာမှု တစ်ခုတွင် တက်ရောက်ခဲ့သော ကုမ္ပဏီ ထိပ်တန်းအမှုဆောင် အရာရှိများက ၎င်းတို့သည် နိုင်ငံရေးကို စိတ်မ၀င်စားဘဲ စီးပွားရေးကိုသာ အာရုံစိုက် လုပ်နေကြောင်း အလေးထားပြော ကြားခဲ့သည်။
ဟွာဝေ၏ဖွဲ့စည်းမှုနှင့် စီးပွားရေး ကျင့်ထုံးများသည် လွတ်လပ်ကာ ယုံကြည်စိတ်ချနိုင်ကြောင်း ကမ္ဘာ့ဈေးကွက် ၁၅၀ ခန့်တွင် ယုံကြည်စိတ်ချမှု ရရှိထားကြောင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌ ၀ီလျံပလမ်မာက အီးမေးလ်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis