menu

Tuesday 25 September 2012

မြန်မာ့ပညာရေးစနစ်ကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ

Photo: မြန်မာ့ပညာရေးစနစ်ကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ   

WRITTEN BY မောင်သြ    
MONDAY, 24 SEPTEMBER 2012 12:53

အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေး စနစ်ကို ကူညီထောက်ပံ့ပေးရန် ပြီးခဲ့သည့် စနေနေ့ (စက်တင်ဘာ ၂၂) က နူးယောက်ခ်မြို့၊ Queens ကောလိပ်ရှိ Colden ခန်းမကြီးတွင် ကျင်းပ ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နူးယောက်ခ်မြို့အုပ်ချုပ်အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် မေတ္တာရပ်ခံခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံ၏ ပညာရေးစနစ်သည် အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၅၀ အတွင်း တစ်စတစ်စ ဆုတ်ယုတ်လာခဲ့ကြောင်း၊ လူငယ်များ၏ ပညာတတ်မြောက်မှုနှုန်းမှာလည်း လွန်စွာနည်းပါးကြောင်း၊ သင့်တော်ပြီး သမ္မာ အာဇီဝကျသည့် အသက်မွေးဝမ်းကျောင်းမှုပြုရန် အထက်တန်းကျောင်း ပညာရေးသည် လုံလောက်မှု မရှိကြောင်း၊ လူသားဂုဏ်သိ က္ခာ၏ အခြေခံအုတ်မြစ်သည် ပညာရေးပင်ဖြစ်ကြောင်း၊ ထိုအကြောင်းများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားလွတ် လပ်သော နိုင်ငံများရှိ ပညာရေး အဖွဲ့အစည်းများက မြန်မာ့ပညာရေးစနစ်ကို အကူအညီပေးရန် မေတ္တာ ရပ်ခံ ခဲ့ခြင်း ဖြစ်သည်။


ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လူငယ်များကို မိမိတို့၏ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် နိုင်ငံသားတို့၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို အပြည့်အ၀ကျင့်သုံးသင့်ကြောင်း၊ မိမိတို့၏ တာဝန်နှင့် ၀တ္တရားကို သိကြရမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများနှင့် တွေ့ ကြုံလာ ပါက ရင်ဆိုင်ရန် တာဝန်နှင့် ၀တ္တရားသည် အသင့်အနေအထားတွင် ရှိနေစေကြောင်း၊ အမေရိကန် လူငယ်ထုနှင့် အမေရိကတွင်ရောက် ရှိနေကြသည့် မြန်မာလူငယ်ထုတို့ ရရှိကြသည့် အခွင့်အရေးများသည် မြန်မာနိုင်ငံရှိ လူငယ်များ၏ စိတ်ကူးပင် မယဉ်နိုင် သည့် အခွင့်အရေး များဖြစ်၍ ထိုအခွင့်အရေးများကို လျစ်လျူရှုမထားဘဲ မှန်ကန်စွာ အသုံးချသင့်ကြောင်း စသည်ဖြင့် တိုက်တွန်းပြော ကြားသွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအား မြန်မာ့ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးရရှိရေး ကြိုးပမ်းမှုများ အ တွက် မြန်မာပြည်သူ ပြည်သားများနှင့် အတူရှိနေသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်း အတွက် ယခုကဲ့သို့ပင် ဆက်လက် အတူရှိနေစေလိုကြောင်း၊ မဝေးတော့သည့် အနာဂတ်တွင် အားလုံးကို မြန်မာပြည်သို့ အလည်လာရောက် ရန် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။

News from : Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network
Post by အေးချမ်းမွနိ
အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေး စနစ်ကို ကူညီထောက်
ပံ့ပေးရန် ပြီးခဲ့သည့် စနေနေ့ (စက်တင်ဘာ ၂၂) က နူးယောက်ခ်မြို့၊ Queens ကောလိပ်ရှိ Colden ခန်းမကြီးတွင် ကျင်းပ ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နူးယောက်ခ်မြို့အုပ်ချုပ်အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် မေတ္တာရပ်ခံခဲ့သည်။

၎င်းတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံ၏ ပညာရေးစနစ်သည် အာဏာရှင်စနစ်အောက် နှစ်ပေါင်း ၅၀ အတွင်း တစ်စတစ်စ ဆုတ်ယုတ်လာခဲ့ကြောင်း၊ လူငယ်များ၏ ပညာတတ်မြောက်မှုနှုန်းမှာလည်း လွန်စွာနည်းပါးကြောင်း၊ သင့်တော်ပြီး သမ္မာ အာဇီဝကျသည့် အသက်မွေးဝမ်းကျောင်းမှုပြုရန် အထက်တန်းကျောင်း ပညာရေးသည် လုံလောက်မှု မရှိကြောင်း၊ လူသားဂုဏ်သိ က္ခာ၏ အခြေခံအုတ်မြစ်သည် ပညာရေးပင်ဖြစ်ကြောင်း၊ ထိုအကြောင်းများကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားလွတ် လပ်သော နိုင်ငံများရှိ ပညာရေး အဖွဲ့အစည်းများက မြန်မာ့ပညာရေးစနစ်ကို အကူအညီပေးရန် မေတ္တာ ရပ်ခံ ခဲ့ခြင်း ဖြစ်သည်။


ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လူငယ်များကို မိမိတို့၏ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် နိုင်ငံသားတို့၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များကို အပြည့်အ၀ကျင့်သုံးသင့်ကြောင်း၊ မိမိတို့၏ တာဝန်နှင့် ၀တ္တရားကို သိကြရမည်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများနှင့် တွေ့ ကြုံလာ ပါက ရင်ဆိုင်ရန် တာဝန်နှင့် ၀တ္တရားသည် အသင့်အနေအထားတွင် ရှိနေစေကြောင်း၊ အမေရိကန် လူငယ်ထုနှင့် အမေရိကတွင်ရောက် ရှိနေကြသည့် မြန်မာလူငယ်ထုတို့ ရရှိကြသည့် အခွင့်အရေးများသည် မြန်မာနိုင်ငံရှိ လူငယ်များ၏ စိတ်ကူးပင် မယဉ်နိုင် သည့် အခွင့်အရေး များဖြစ်၍ ထိုအခွင့်အရေးများကို လျစ်လျူရှုမထားဘဲ မှန်ကန်စွာ အသုံးချသင့်ကြောင်း စသည်ဖြင့် တိုက်တွန်းပြော ကြားသွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရအား မြန်မာ့ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးရရှိရေး ကြိုးပမ်းမှုများ အ တွက် မြန်မာပြည်သူ ပြည်သားများနှင့် အတူရှိနေသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်း အတွက် ယခုကဲ့သို့ပင် ဆက်လက် အတူရှိနေစေလိုကြောင်း၊ မဝေးတော့သည့် အနာဂတ်တွင် အားလုံးကို မြန်မာပြည်သို့ အလည်လာရောက် ရန် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။

  Shwelone.com (ရွှေလုံး) | Myanmar Social Entertainment News Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis