အမျိုးသား အများစု ဆံပင် ဆုံးရှုံးတတ်ကြတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာ ဖြစ်တတ်ပါတယ်။ ဆေးကုသမှု ခံယူနေ ရတဲ့ သူတွေ၊ ဗီတာမင်အေ လွန်ကဲတာနဲ့ ပရိုတင်းဓာတ် မလုံလောက် သူတွေမှာ ဆံပင် ကျွတ်တတ်ကြပါတယ်။ နာမကျန်းဖြစ်တာနဲ့ ဖိစီးမှုတွေ ကလည်း ဆံသား ဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတစ်ယောက် အသက် ၅၀ ကျော်လာရင် ၈၅ ရာခိုင်နှုန်းလောက်ကတော့ ဆံပင် ကျွတ်လာတတ်ပါတယ်။ တချို့ဆိုရင် အသက် ၂၀ ကျော်ကတည်းက ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်ကြရ တတ်ပါတယ်။
၂။ ဆံသားကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း
ခေါင်းမကြာခဏ ဖြီးတာ၊ ဆံပင်ကို လက်နဲ့ ခဏခဏ ပွတ်သပ်တာ၊ ဆံပင်ကို စည်းနှောင်တာနဲ့ ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းလဲတာတွေကြောင့် ဆံပင် ဆုံးရှုံး မှုတွေ ဖြစ်တတ်ပါတယ်။ ဆံသားကို ကြမ်းတမ်းစွာ ပွတ်သပ်တာကြောင့် ဆံသား ပျက်စီးစေတတ်ပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း
လေ့လာမှု အမျိုးမျိုးတွေအရ ဆေးလိပ်သောက်တာနဲ့ ဆံပင်ကျွတ်တာဟာ ဆက်စပ်မှု ရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သင်က ဆေးလိပ်သောက် တတ်သူ ဖြစ်နေပြီး ဆံပင်လည်း ကျွတ်တယ်ဆိုရင် ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်သောက်တာကြောင့် အရေးကြောင်းဖြစ်တာနဲ့ အရွယ် မတိုင်ခင် အိုမင်းမှုကို ဖြစ်စေပါတယ်။
၎။ ဆံပင်ကို ဂရုစိုက်မှု မရှိခြင်း
အမျိုးသားတချို့က ဆံပင်နဲ့ ဦးရေပြားကို ဂရုစိုက်မှု နည်းတတ်ကြပါတယ်။ သင့်ဆံပင်က ဘယ်လိုပုံစံလဲ။ ဦးရေပြား ခြောက်သွေ့သူလား၊ အဆီပြန် သူလား၊ ပုံမှန်လား ဆိုတာကို သိထားတတ်တဲ့သူ ရှားပါတယ်။ ဒါကြောင့် သင့်ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း မသိတတ် ကြပါဘူး။ သင့်အတွက် သင့်ဆံပင်ပုံစံကို သိဖို့ အခက်အခဲရှိနေရင် အောက်ပါ အချက်တွေကို လေ့လာကြည့်ပါ။
၅။ သင့်ဆံပင်ပင်ပုံစံ
ခေါင်းလျှော်ပြီး နောက်တစ်ရက်မှာ သင့်ဆံပင်တွေက ခြောက်သွေ့ ဖွာလန် နေတာမျိုး နောက်တစ်ရက်တောင် မဟုတ်ဘဲ ခေါင်းလျှော်ပြီးချိန်မှာ ခြောက်သွေ့ ကြမ်းတမ်းနေတာမျိုး ဆိုရင် သင့်ဆံပင်ဟာ ခြောက်သွေ့ တဲ့ထဲမှာ ပါပါတယ်။ ဒီလိုမမဟုတ်ဘဲ ဆံပင်သားဟာ ခေါင်းလျှော်ပြီးချိန်မှာ ပုံမှန်ဖြစ်နေပြီး နောက်တစ်ရက်မှာတော့ စေးကပ်နေတယ် ဆိုရင်တော့ အဆီထွက်တတ်တဲ့ ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဘယ်လိုမှ ပြောင်းလဲမှု မရှိတဲ့ ဆံသားကတော့ ပုံမှန် ဦးရေပြားကို ပိုင်ဆိုင်ထားတာပါ။ ဒါ့အပြင် သင့်ဆံသား အထူအပါးပေါ် မူတည်ပြီး ခေါင်းလျှော်ရည်ကို ရွေးချယ် အသုံးပြုပေးပါ။
၆။ ကျန်းမာတဲ့ နေထိုင်မှုပုံစံ ရှိပါစေ
အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသား ဆုံးရှုံးတတ် ကြပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာေ
၇။ ဦးရေပြားကို စစ်ဆေးပါ
ပုံမှန် သန့်ရှင်းမှုရှိပြီး မှန်ကန်တဲ့ စားသောက် နေထိုင်မှုပုံစံ ရှိနေတာတောင် ဆံသားဆုံးရှုံးမှု ရှိနေတယ်ဆိုရင် သင့်ဦးရေပြားကို စစ်ဆေးပေးဖို့ လိုပါတယ်။ အရေပြား ဆရာဝန်ဆီမှာ ဦးရေပြား စစ်ဆေးမှု ခံယူပြီး လိုအပ်တဲ့ ဆံပင် ပေါက်ဆေးတွေကို လိမ်းပေးဖို့ လိုပါတယ်။ ဦးရေပြား သန့်စင်ပေးတာမျိုး၊ သင်သောက်နေတဲ့ တချို့ ဆေးဝါးတွေကြောင့် ဆံပင် ဆုံးရှုံးတာဆိုရင် ဆေးတွေကို ပြောင်းလဲတာမျိုး ပြုလုပ်ပေးရပါမယ်။
လမင်းလေး
Royal Hero Media
No comments:
Post a Comment