menu

Tuesday 25 September 2012

"၂ဝ၁၁ ခုနှစ် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အတွက် အခြေခံ စိစစ် အကဲဖြတ်ရေးအဖွဲ့ မှ ကြည့်ရှုမည့် ဇာတ်ကား ၁၅ကား"

Photo: "၂ဝ၁၁ ခုနှစ် အကောင်းဆုံး မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အတွက် အခြေခံ စိစစ် အကဲဖြတ်ရေးအဖွဲ့ မှ ကြည့်ရှုမည့် ဇာတ်ကား ၁၅ကား"

၂ဝ၁၁ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၅ကားကို စက်တင်ဘာ လအတွင်းမှာ မြန်မာ့ရုပ်ရှင် အဆင့်မြှင့်တင်ရေး အကဲဖြတ် အဖွဲ့က သက်ဆိုင်ရာကဏ္ဍ အလိုက် စိစစ်အကဲဖြတ်မှုများ စတင်နေကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ်အတွက်အကောင်းဆုံး မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အခြေခံ စိစစ်အကဲဖြတ်ရေးအဖွဲ့ကို ဌာဆိုင် ရာ ပုဂ္ဂိုလ် ၇ ဦး၊ ရုပ်ရှင်ပညာရှင် ၈ ဦးနှင့် စာပေ၊ ဂီတနယ်ပယ်မှ ပညာရှင် ၂ ဦး စုစု ပေါင်း ၁၇ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းထား ကြောင်း သိရသည်။ ရုပ်ရှင်ပညာရှင် ၈ ဦးတွင် ရုပ်ရှင် အတတ်ပညာရှင် ဦးအောင်မြင့် မြတ်၊ ရုပ်ရှင်ဇာတ်ညွှန်း ပညာရှင် ဦးအေးကြူလေး၊ ရုပ်ရှင်ဓာတ်ပုံ ပညာရှင် ဦးတင်အောင် (ပန်းသာ)၊ ရုပ်ရှင် အသံ ပညာရှင် ဦးကြည်မင်းသိန်း၊ ရုပ်ရှင်တည်းဖြတ် ပညာရှင် ဦးတင်ငြိမ်း၊ ရုပ်ရှင် နောက်ခံတေးဂီတ ပညာရှင် ဦးဝင်းကျော်၊ ရုပ်ရှင်သရုပ်ဆောင် ပညာရှင် များဖြစ် ကြသည့် ဦးသန်း ဝင်းနှင့် ဒေါ်မြင့်မြင့်ခိုင်တို့ ပါဝင်ကြပြီး စာပေဂီတပညာရှင် ၂ ဦးမှာ စာပေ ပညာရှင် ဦးအုန်းမောင် (ကဗျာဆရာ မြင်းမူမောင်နိုင်မိုး) နှင့် တေးဂီတပညာရှင် ဦးမောင်မောင်လတ်တို့ ပါဝင်ကြောင်း သိရသည်။ပညာရှင် ၁၇ ဦးတို့သည် ၂ဝ၁၁ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို ယခုစက်တင်ဘာလမှ စတင်ပြီးကနဦး ကြည့်ရှု အကဲဖြတ် စစ်ဆေးရွေးချယ်ပေးသွား မည်ဖြစ်သည့် အတွက် အဆိုပါဇာတ်ကား ၁၅ကားကို ဖော်ပြပေးလိုက် ပါသည်။

P-061

News from : Popular Academy
Post by  အေးချမ်းမွန်
၂ဝ၁၁ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၅ကားကို စက်တင်ဘာ လအတွင်းမှာ မြန်မာ့ရုပ်ရှင် အဆင့်မြှင့်တင်ရေး အကဲဖြတ် အ
ဖွဲ့က သက်ဆိုင်ရာကဏ္ဍ အလိုက် စိစစ်အကဲဖြတ်မှုများ စတင်နေကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ်အတွက်အကောင်းဆုံး မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု အခြေခံ စိစစ်အကဲဖြတ်ရေးအဖွဲ့ကို ဌာဆိုင် ရာ ပုဂ္ဂိုလ် ၇ ဦး၊ ရုပ်ရှင်ပညာရှင် ၈ ဦးနှင့် စာပေ၊ ဂီတနယ်ပယ်မှ ပညာရှင် ၂ ဦး စုစု ပေါင်း ၁၇ ဦးဖြင့် အသစ်ပြင်ဆင်ဖွဲ့စည်းထား ကြောင်း သိရသည်။ ရုပ်ရှင်ပညာရှင် ၈ ဦးတွင် ရုပ်ရှင် အတတ်ပညာရှင် ဦးအောင်မြင့် မြတ်၊ ရုပ်ရှင်ဇာတ်ညွှန်း ပညာရှင် ဦးအေးကြူလေး၊ ရုပ်ရှင်ဓာတ်ပုံ ပညာရှင် ဦးတင်အောင် (ပန်းသာ)၊ ရုပ်ရှင် အသံ ပညာရှင် ဦးကြည်မင်းသိန်း၊ ရုပ်ရှင်တည်းဖြတ် ပညာရှင် ဦးတင်ငြိမ်း၊ ရုပ်ရှင် နောက်ခံတေးဂီတ ပညာရှင် ဦးဝင်းကျော်၊ ရုပ်ရှင်သရုပ်ဆောင် ပညာရှင် များဖြစ် ကြသည့် ဦးသန်း ဝင်းနှင့် ဒေါ်မြင့်မြင့်ခိုင်တို့ ပါဝင်ကြပြီး စာပေဂီတပညာရှင် ၂ ဦးမှာ စာပေ ပညာရှင် ဦးအုန်းမောင် (ကဗျာဆရာ မြင်းမူမောင်နိုင်မိုး) နှင့် တေးဂီတပညာရှင် ဦးမောင်မောင်လတ်တို့ ပါဝင်ကြောင်း သိရသည်။ပညာရှင် ၁၇ ဦးတို့သည် ၂ဝ၁၁ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၁၅ ကားကို ယခုစက်တင်ဘာလမှ စတင်ပြီးကနဦး ကြည့်ရှု အကဲဖြတ် စစ်ဆေးရွေးချယ်ပေးသွား မည်ဖြစ်သည့် အတွက် အဆိုပါဇာတ်ကား ၁၅ကားကို ဖော်ပြပေးလိုက် ပါသည်။

 Popular Academy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis