menu

Tuesday 25 September 2012

ဦးဌေးဦးပြောဆိုချက် ဧရာဝတီတိုင်းလွှတ်တော် ကန့်ကွက်


 
 ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက  ဒီလ ၉ ရက်နေ့က ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်အမတ်တွေကို ခေါ်ယူတွေ့ဆုံပြီး ဧရာဝတီတိုင်း လွှတ်တော်အမတ်တွေ နဲ့ ဥက္ကဋ္ဌဟာ တော်လွန်း၊ တတ်လွန်းလို့မဟုတ်ဘဲ ပါတီက တာဝန်ပေးလို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း လွှတ်တော်နဲ့ပတ်သက်ပြီး ဖိအားပေး ခြိမ်းခြောက်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီပြောဆိုချက်များနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဖွဲ့က  ဒီကနေ့ သတင်းစာရှင်းလင်းပွဲတခုလုပ်ပြီး တုံ့ပြန်လိုက်ပါပြီ။


ဦးဋ္ဌေးဦးရဲ့ ပြောဆိုချက်တွေဟာ တိုင်းလွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ လွှတ်တော် ဥက္ကဋ္ဌရဲ့ ဂုဏ်သိက္ခာ၊ လွှတ်တော်အမတ်များရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့အတွက် ကန့်ကွက်တယ်၊
 နောက်နောင် အခုလို ပြောဆိုမယ်ဆိုရင် ဦးဌေးဦးကို ဧရာဝတီတိုင်းလွှတ်တော်အနေနဲ့ တရားစွဲဆိုသွားမယ်လို့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

 လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် အပါအ၀င် တိုင်း လွှတ်တော်အမတ်များက  မီဒီယာတွေကို ရှင်းလင်းပြောဆိုခဲ့တာပါ။

ပုသိမ်မြို့ ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးခန်းမမှာ ၄ နာရီကြာ ပြုလုပ်ခဲ့တဲ့ အဲဒီ မီဒီယာရှင်းလင်းပွဲကို ပြည်တွင်းပြည်ပ သတင်းဌာနကိုယ်စားပြု သတင်းသမားအများအပြား တက်ရောက်ခဲ့ကြပါတယ်။
Irrawaddy Blog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis