| လူဦးရေ နှစ်သိန်းကျော်အထိ ရှိခဲ့သည့် ဖားကန့်ဒေသမှာ ယခုတော့ နှစ်သောင်းကျော်လောက်ပဲ ကျန်ရှိတော့သည်အထိ ဖားကန့်ကို စွန့်ခွာသွားကြခြင်းဖြစ်သည်။ ကျန်ရှိသည့် နှစ်သောင်းကျော်တွင် တစ်သောင်း ၀န်းကျင်ခန့်က ဒုက္ခသည်စခန်း အသီးသီးတွင် ဖြစ်နေသည်။ နေ့ ညမပြတ် အသွားအလာမပြတ်ခဲ့သော လမ်းမတွေပေါ်မှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ . . |
Tuesday, 25 September 2012
ငြိမ်းချမ်းပါစေ ကချင်မြေ(သို့မဟုတ်)ဖားကန့်က အပြန်(မင်းသန့်၊ထွန်းလင်းအောင်)
Subscribe to:
Post Comments (Atom)
လီဒိုလမ်းမကြီးတစ်လျှောက်လုံးမှာ နေရပ်ကိုပြန်သည်လား၊ နေရပ်ကို
စွန့်ခွာသည်လား မသိနိုင်သည့် ယာဉ်ကြီးယာဉ်ငယ်တွေကိုပဲ တွေ့လာရသည်။
ဝန်းကျင်တစ်ခုလုံးက ညို့မှောင်နေသလို မိုးစက်တွေကြားက
တောင်တန်းတွေဆိုတာကလည်း သဲသဲကွဲကွဲ မရှိလှ။ လီဒိုလမ်းမကြီးက
နေမိုးကောင်းလမ်းဘက်ကို ခွဲထွက်လိုက်တော့ ဖားကန့်ဘက်ကို တက်မယ့်
ဗင်ကားတစ်စီးစ၊ နှစ်စီးစလောက်သာ ခရီးသွားဖော် အဖြစ်ရှိတော့သည်ကို
သတိထားမိ၏။ သေချာတာကတော့ ဖားကန့်ကို စွန့်ခွာလာကြပြီ။ ဗင်၊ ဆပ်ဖ်၊
ပါဂျဲရိုကားတွေ၊ ဆယ်ဘီးကားတွေနဲ့ မိသားစုလိုက်
အိမ်ပြောင်းရွှေ့ပုံသဏ္ဌာန်များဖြင့် ဖားကန့်ဒေသကို
စွန့်ခွာလာကြသည့်ကားတွေကို လမ်းတစ်လျောက်လုံးတိမ်း ရှောင်မောင်းနှင်လာရင်း
ယခုခရီးစဉ် သွားရောက်ဖို့ ပြင်ဆင်စဉ်ကြုံရသည့် အခက်အခဲကို တွေးမိသေးသည်။
No comments:
Post a Comment