menu

Tuesday 25 September 2012

အမှု ရင်ဆိုင်နေစဉ် အတွင်း စိတ်ဓာတ်ကျ ခဲ့ရကြောင်း ဒါရိုက်တာ ညိုမင်းလွင်

Photo: အမှု ရင်ဆိုင်နေစဉ် အတွင်း စိတ်ဓာတ်ကျ ခဲ့ရကြောင်း ဒါရိုက်တာ ညိုမင်းလွင်

24 SEPTEMBER 2012  | BY POPULAR NEWS

အမှုကိစ္စ တစ်ခုကြောင့် ၁နှစ်နဲ့ ၅လလောက် ပရိသတ်နဲ့ အဆက် အသွယ် ပြတ်နေ ခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင်က ပရိသတ် ရှေ့ကို သူပြန်ရောက်လာပြီ ဆိုတဲ့ အကြောင်း ကို ပြောပြချင်တဲ့ အတွက် စာနယ်ဇင်း တွေ့ဆုံပွဲကို စက်တင်ဘာ ၁၆ ရက်နေ့က စင်ထရယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ အမှု ရင်ဆိုင်ခဲ့ရတဲ့ အကြောင်း တွေနဲ့ အမှု ရင်ဆိုင်နေစဉ် အတွင်းမှာ အားပေး ကူညီခဲ့ကြသူတွေ အကြောင်းကို ပြောပြခဲ့ပါတယ်။ ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ ဒါရိုက်တာ ညိုမင်းလွင် ကို မေးခွန်း၇ခု ကဏ္ဍ အတွက် မေးခွန်းတွေ ဆက်တိုက် မေးဖြစ်ခဲ့ပါတော့တယ်။ 
မေး-အမှုရင်ဆိုင်နေရတဲ့ အချိန် အတွင်းမှာ ကိုညိုမင်းလွင် အနေနဲ့ စိတ်ထဲမှာ ပထမဆုံး ဖြစ်ပေါ်လာတဲ့ အတွေးကို ပြောပြ ပေးပါ။ အဓိက မေးချင်တာက အချိန်ရဲ့ ကြန့် ကြာ မှုနဲ့အတူ ဘာတွေ ကြိုပြင်ဆင်ထားမလဲပေါ့။
ဖြေ-အဓိကကတော့ ကျွန်တော့် အနေနဲ့ ဘာကိုမှမျက်ခြေ မပြတ်အောင် ပြင်ဆင်ထားခဲ့တယ်။ ကျွန်တော် အမှုရင် ဆိုင်ရတာ ၆လ၊ ၇လလောက် ဖြစ်လာတဲ့အချိန်မှာ အရင်ဆုံး ဘာတွေးမိလဲ ဆိုတော့ ကျွန်တော် ဘယ်လောက် ဆက် ကြာနိုင်သေးလဲလို့ စဉ်းစားမိတယ်။ အဲဒီအချိန် အတွင်းမှာ ပြောင်းလဲမှုတွေနဲ့ မျက်ခြေ မပြတ်အောင် ငါဘယ်လို ပြင်ဆင်ရမလဲလို့ စဉ်းစားတယ်။ ပြီးတော့ အဲဒါကို အဓိက နံပါတ်တစ် ထားပြီးတော့ လုပ်ခဲ့တယ်။ သူများပြောမှ ပြန်သိရတာမျိုး ကျွန်တော် မဖြစ်ချင်ဘူး။ အဲဒါကို ကျွန်တော်ပြင် ဆင်ထားခဲ့တယ်။
မေး- အမှု ရင်ဆိုင်နေစဉ် ၁နှစ်နဲ့ ၅လ အတွင်းမှာ စိတ်ဓာတ် ကျသွားခဲ့တဲ့ နေ့ရက်တွေကော ရှိခဲ့ပါသလား။ အဲဒီနေ့ ရက်တွေကို ဘယ်လိုမျှော်လင့်ချက်၊ ဘယ်လိုစိတ် နဲ့ဖြတ် သန်းခဲ့လဲ။
ဖြေ-ကျွန်တော် စိတ်ဓာတ်ကျသွားတဲ့ အခါတိုင်းမှာ ငါ့မှာ အပြစ် မရှိဘူး။ ငါတစ်ချိန် အိမ်ပြန်ရမှာ ဆိုတဲ့ စိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး နေခဲ့တယ်။ တအား စိတ်ဓာတ်ကျ သွားရတော့ သတင်းစာထဲကက နာရေးကြော်ငြာတွေ ဖတ်တယ်။ ငါစိတ်ညစ်နေတယ် ဆိုရင် ဒီမိသားစုတွေက ငါ့ထက်ပို စိတ်ညစ်ကြမှာပေါ့။ ငါက အသက်ရှင် နေသေးတယ်။ ငါ အိမ်ပြန်လို့ ရသေးတယ်။ ငါ့မှာ မျှော်လင့်ချက် ရှိသေးတယ်။ ဒါဆိုရင် ငါဘာဖြစ်လို့ မဖြေနိုင်ရမှာလဲ ဆိုတဲ့ စိတ်နဲ့ပဲ ရင်ဆိုင်ဖြတ်သန်း ခဲ့တာပါ။ တကယ်ကို ကျွန်တော် စိတ်ဓာတ် ကျခဲ့ရတဲ့ အချိန်တွေ၊ စိတ်ညစ်ခဲ့ရတဲ့ အချိန် တွေရှိပါတယ်။ စိတ်ဓာတ် ကျတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အမြဲ တမ်း ပြန်မေးတယ်။ ဒီလောက်နဲ့ ငါပျော့ညံ့လိုက်တော့ မှာလား။ ဒီလောက်နဲ့ ငါပျော့ညံ့ လိုက်ရင်တော့ ငါတအား အသုံးမကျတဲ့ လူဖြစ်သွားလိမ့်မယ်။ ငါစိတ် ဓာတ် ပျော့ညံ့တဲ့ လူမဖြစ်ရဘူး။ ငါအိမ်ပြန်ရမယ် ဆိုတဲ့ ဒီစိတ်နဲ့ပဲ ၁ နှစ်နဲ့ ၅ လလုံး တောင့်ခံထားတာပါ။
မေး-တရားရုံးမှာ ကိုယ့်ကို လာအားပေးလိမ့်မယ်လို့ ထင်ခဲ့တဲ့သူတွေက တကယ်တမ်းမှာ ကိုယ့်ဆီတစ်ခေါက်မှ မလာခဲ့ဘဲ ကိုယ်မထင်ခဲ့တဲ့ သူတွေက ကိုယ့်ကိုလာ အားပေးတာ မျိုး ကြုံခဲ့ရသေးလား။ အဆိုးထဲက အကောင်းပေါ့။ လူတွေ အကြောင်းကို ဘာတွေထပ်သိလိုက်ရလဲ။
ဖြေ-အမှု ရင်ဆိုင်လိုက်ရတဲ့ အတောအတွင်းမှာ ကျွန်တော် ကောင်းကောင်း သိသွားတာကတော့ ဘယ်သူက ကျွန်တော့်ကို စိတ်ထဲမှာ တကယ် ရှိတယ် ဆိုတာကို သိလိုက် ရတာပါပဲ။ အဲဒီတစ်ခုက ကျွန်တော့် အတွက် အများကြီး အမြတ်ထွက်တယ်။ အရင်တုန်းက ကျွန်တော့်ကို စိတ်ထဲမှာ ရှိချင်ယောင်ဆောင်ခဲ့တဲ့ လူတွေ စိတ်ထဲ မှာ တကယ် မရှိဘဲနဲ့ ညာခဲ့တဲ့သူတွေ၊ စိတ်ထဲမှာ တကယ် ရှိတဲ့သူတွေ ဘယ်သူဘယ်လိုလဲ ဆိုတာ ကောင်းကောင်း သိလိုက်ရတယ်။ ကျွန်တော် လူ ၃မျိုးတွေ့ဖူး လိုက်ရပါတယ်။ ဒီ သတင်းကို သတင်းတစ်ခု အနေနဲ့ပဲ ဆက်ပြီးတော့ Carry လုပ်သွားတယ်။ ဒီလိုဖြစ်တယ်ပေါ့။ နောက် တစ်ယောက်က ကျတော့ ဟင်..ဟုတ်လား၊ စိတ်မကောင်းပါဘူး ဆိုပြီး ပြောတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဝမ်းသာနေတယ်။ ဖြစ်တာတောင် နည်းသေးတယ်လို့ ပြောတဲ့လူလည်း ရှိမယ်။ တချို့ကတော့ တကယ် စိတ်မကောင်း ဖြစ်ကြတာ။ တကယ် ကူညီပေးချင်တဲ့ လူမျိုးရှိတယ်။ လူ ၃မျိုး တွေ့ဖူးလိုက်တယ်။ ဘယ်သူက ဘယ်လို ဆိုတာကို သူတို့ ကိုယ်သူတို့ သိသလို ကျွန်တော် လည်း သိပါတယ်။ အဲဒါ လေး တစ်ခုတော့ အမြတ်ထွက်တယ်။ နောက်တစ်ခုကတော့ အမှု ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ တရားရုံးမှာ ကျွန်တော် မမျှော်လင့်တဲ့ ပရိသတ်တွေ လာပြီးတော့ အားပေးကြတယ်။ တရားရုံးမှာ သူတို့ လာအားပေးခဲ့တာတွေ ကတော့ ကျွန်တော့် အတွက် သိပ်ကို အားရှိတဲ့ အားဆေးပါပဲ။ ငါ့မှာ ပရိသတ် တွေရှိသေးတယ်၊ ငါအိမ်ပြန်ရမယ်။ အဲဒီစိတ်ကို အများကြီး Support လုပ်ပေးတယ်။ ကျွန်တော် လူတစ်ယောက် ကိုတော့ မျှော်လင့်ခဲ့ဖူးပါတယ်။ ကျွန်တော့်ကို သူသာ လာအားပေးခဲ့မယ် ဆိုရင် ကျွန်တော် သိပ်အားရှိခဲ့မှာပါ။ ဒါပေမဲ့ သူရောက်မလာခဲ့ဘူး။ ကျွန်တော်တို့ မတွေ့တာကြာပါပြီ။ ကျွန်တော့် စိတ်မကောင်းတာ တစ်ခု ပါပဲ။ သူ့ စိတ်ထဲမှာ ကျွန်တော် မရှိတော့ဘူးလို့ သိလိုက်ရတာလေးကို ကျွန်တော် စိတ်မကောင်းတာလေး တစ်ခု ပါပဲ။
% မေး-ဒါရိုက်တာ တစ်ယောက် ဖြစ်နေတဲ့အတွက် ဒီဖြစ်ရပ်ကို ဇာတ်လမ်းတစ်ပုဒ် အနေနဲ့ ဖန်တီးဖို့ကော စိတ်ကူးထားပါ သလား။ ဒါမှမဟုတ် စာအုပ် တစ်အုပ် အနေ နဲ့ကော ပရိသတ်တွေ ဖတ်ရ နိုင်ဖွယ် ရှိလား။ % ဆက်လက်ဖော်ပြပါမည်။

လင်းအက္ခရာ

News from :  POPULAR NEWS
Post by  အေးချမ်းမွန်
အမှုကိစ္စ တစ်ခုကြောင့် ၁နှစ်နဲ့ ၅လလောက် ပရိသတ်နဲ့ အဆက် အသွယ် ပြတ်နေ ခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင်က ပရိသတ် ရှေ့ကို သူပြန်ရောက်လာပြီ ဆို
တဲ့ အကြောင်း ကို ပြောပြချင်တဲ့ အတွက် စာနယ်ဇင်း တွေ့ဆုံပွဲကို စက်တင်ဘာ ၁၆ ရက်နေ့က စင်ထရယ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပွဲမှာ အမှု ရင်ဆိုင်ခဲ့ရတဲ့ အကြောင်း တွေနဲ့ အမှု ရင်ဆိုင်နေစဉ် အတွင်းမှာ အားပေး ကူညီခဲ့ကြသူတွေ အကြောင်းကို ပြောပြခဲ့ပါတယ်။ ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ ဒါရိုက်တာ ညိုမင်းလွင် ကို မေးခွန်း၇ခု ကဏ္ဍ အတွက် မေးခွန်းတွေ ဆက်တိုက် မေးဖြစ်ခဲ့ပါတော့တယ်။
မေး-အမှုရင်ဆိုင်နေရတဲ့ အချိန် အတွင်းမှာ ကိုညိုမင်းလွင် အနေနဲ့ စိတ်ထဲမှာ ပထမဆုံး ဖြစ်ပေါ်လာတဲ့ အတွေးကို ပြောပြ ပေးပါ။ အဓိက မေးချင်တာက အချိန်ရဲ့ ကြန့် ကြာ မှုနဲ့အတူ ဘာတွေ ကြိုပြင်ဆင်ထားမလဲပေါ့။
ဖြေ-အဓိကကတော့ ကျွန်တော့် အနေနဲ့ ဘာကိုမှမျက်ခြေ မပြတ်အောင် ပြင်ဆင်ထားခဲ့တယ်။ ကျွန်တော် အမှုရင် ဆိုင်ရတာ ၆လ၊ ၇လလောက် ဖြစ်လာတဲ့အချိန်မှာ အရင်ဆုံး ဘာတွေးမိလဲ ဆိုတော့ ကျွန်တော် ဘယ်လောက် ဆက် ကြာနိုင်သေးလဲလို့ စဉ်းစားမိတယ်။ အဲဒီအချိန် အတွင်းမှာ ပြောင်းလဲမှုတွေနဲ့ မျက်ခြေ မပြတ်အောင် ငါဘယ်လို ပြင်ဆင်ရမလဲလို့ စဉ်းစားတယ်။ ပြီးတော့ အဲဒါကို အဓိက နံပါတ်တစ် ထားပြီးတော့ လုပ်ခဲ့တယ်။ သူများပြောမှ ပြန်သိရတာမျိုး ကျွန်တော် မဖြစ်ချင်ဘူး။ အဲဒါကို ကျွန်တော်ပြင် ဆင်ထားခဲ့တယ်။
မေး- အမှု ရင်ဆိုင်နေစဉ် ၁နှစ်နဲ့ ၅လ အတွင်းမှာ စိတ်ဓာတ် ကျသွားခဲ့တဲ့ နေ့ရက်တွေကော ရှိခဲ့ပါသလား။ အဲဒီနေ့ ရက်တွေကို ဘယ်လိုမျှော်လင့်ချက်၊ ဘယ်လိုစိတ် နဲ့ဖြတ် သန်းခဲ့လဲ။
ဖြေ-ကျွန်တော် စိတ်ဓာတ်ကျသွားတဲ့ အခါတိုင်းမှာ ငါ့မှာ အပြစ် မရှိဘူး။ ငါတစ်ချိန် အိမ်ပြန်ရမှာ ဆိုတဲ့ စိတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး နေခဲ့တယ်။ တအား စိတ်ဓာတ်ကျ သွားရတော့ သတင်းစာထဲကက နာရေးကြော်ငြာတွေ ဖတ်တယ်။ ငါစိတ်ညစ်နေတယ် ဆိုရင် ဒီမိသားစုတွေက ငါ့ထက်ပို စိတ်ညစ်ကြမှာပေါ့။ ငါက အသက်ရှင် နေသေးတယ်။ ငါ အိမ်ပြန်လို့ ရသေးတယ်။ ငါ့မှာ မျှော်လင့်ချက် ရှိသေးတယ်။ ဒါဆိုရင် ငါဘာဖြစ်လို့ မဖြေနိုင်ရမှာလဲ ဆိုတဲ့ စိတ်နဲ့ပဲ ရင်ဆိုင်ဖြတ်သန်း ခဲ့တာပါ။ တကယ်ကို ကျွန်တော် စိတ်ဓာတ် ကျခဲ့ရတဲ့ အချိန်တွေ၊ စိတ်ညစ်ခဲ့ရတဲ့ အချိန် တွေရှိပါတယ်။ စိတ်ဓာတ် ကျတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အမြဲ တမ်း ပြန်မေးတယ်။ ဒီလောက်နဲ့ ငါပျော့ညံ့လိုက်တော့ မှာလား။ ဒီလောက်နဲ့ ငါပျော့ညံ့ လိုက်ရင်တော့ ငါတအား အသုံးမကျတဲ့ လူဖြစ်သွားလိမ့်မယ်။ ငါစိတ် ဓာတ် ပျော့ညံ့တဲ့ လူမဖြစ်ရဘူး။ ငါအိမ်ပြန်ရမယ် ဆိုတဲ့ ဒီစိတ်နဲ့ပဲ ၁ နှစ်နဲ့ ၅ လလုံး တောင့်ခံထားတာပါ။
မေး-တရားရုံးမှာ ကိုယ့်ကို လာအားပေးလိမ့်မယ်လို့ ထင်ခဲ့တဲ့သူတွေက တကယ်တမ်းမှာ ကိုယ့်ဆီတစ်ခေါက်မှ မလာခဲ့ဘဲ ကိုယ်မထင်ခဲ့တဲ့ သူတွေက ကိုယ့်ကိုလာ အားပေးတာ မျိုး ကြုံခဲ့ရသေးလား။ အဆိုးထဲက အကောင်းပေါ့။ လူတွေ အကြောင်းကို ဘာတွေထပ်သိလိုက်ရလဲ။
ဖြေ-အမှု ရင်ဆိုင်လိုက်ရတဲ့ အတောအတွင်းမှာ ကျွန်တော် ကောင်းကောင်း သိသွားတာကတော့ ဘယ်သူက ကျွန်တော့်ကို စိတ်ထဲမှာ တကယ် ရှိတယ် ဆိုတာကို သိလိုက် ရတာပါပဲ။ အဲဒီတစ်ခုက ကျွန်တော့် အတွက် အများကြီး အမြတ်ထွက်တယ်။ အရင်တုန်းက ကျွန်တော့်ကို စိတ်ထဲမှာ ရှိချင်ယောင်ဆောင်ခဲ့တဲ့ လူတွေ စိတ်ထဲ မှာ တကယ် မရှိဘဲနဲ့ ညာခဲ့တဲ့သူတွေ၊ စိတ်ထဲမှာ တကယ် ရှိတဲ့သူတွေ ဘယ်သူဘယ်လိုလဲ ဆိုတာ ကောင်းကောင်း သိလိုက်ရတယ်။ ကျွန်တော် လူ ၃မျိုးတွေ့ဖူး လိုက်ရပါတယ်။ ဒီ သတင်းကို သတင်းတစ်ခု အနေနဲ့ပဲ ဆက်ပြီးတော့ Carry လုပ်သွားတယ်။ ဒီလိုဖြစ်တယ်ပေါ့။ နောက် တစ်ယောက်က ကျတော့ ဟင်..ဟုတ်လား၊ စိတ်မကောင်းပါဘူး ဆိုပြီး ပြောတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ဝမ်းသာနေတယ်။ ဖြစ်တာတောင် နည်းသေးတယ်လို့ ပြောတဲ့လူလည်း ရှိမယ်။ တချို့ကတော့ တကယ် စိတ်မကောင်း ဖြစ်ကြတာ။ တကယ် ကူညီပေးချင်တဲ့ လူမျိုးရှိတယ်။ လူ ၃မျိုး တွေ့ဖူးလိုက်တယ်။ ဘယ်သူက ဘယ်လို ဆိုတာကို သူတို့ ကိုယ်သူတို့ သိသလို ကျွန်တော် လည်း သိပါတယ်။ အဲဒါ လေး တစ်ခုတော့ အမြတ်ထွက်တယ်။ နောက်တစ်ခုကတော့ အမှု ရင်ဆိုင်နေရတဲ့ ကာလအတွင်းမှာ တရားရုံးမှာ ကျွန်တော် မမျှော်လင့်တဲ့ ပရိသတ်တွေ လာပြီးတော့ အားပေးကြတယ်။ တရားရုံးမှာ သူတို့ လာအားပေးခဲ့တာတွေ ကတော့ ကျွန်တော့် အတွက် သိပ်ကို အားရှိတဲ့ အားဆေးပါပဲ။ ငါ့မှာ ပရိသတ် တွေရှိသေးတယ်၊ ငါအိမ်ပြန်ရမယ်။ အဲဒီစိတ်ကို အများကြီး Support လုပ်ပေးတယ်။ ကျွန်တော် လူတစ်ယောက် ကိုတော့ မျှော်လင့်ခဲ့ဖူးပါတယ်။ ကျွန်တော့်ကို သူသာ လာအားပေးခဲ့မယ် ဆိုရင် ကျွန်တော် သိပ်အားရှိခဲ့မှာပါ။ ဒါပေမဲ့ သူရောက်မလာခဲ့ဘူး။ ကျွန်တော်တို့ မတွေ့တာကြာပါပြီ။ ကျွန်တော့် စိတ်မကောင်းတာ တစ်ခု ပါပဲ။ သူ့ စိတ်ထဲမှာ ကျွန်တော် မရှိတော့ဘူးလို့ သိလိုက်ရတာလေးကို ကျွန်တော် စိတ်မကောင်းတာလေး တစ်ခု ပါပဲ။
% မေး-ဒါရိုက်တာ တစ်ယောက် ဖြစ်နေတဲ့အတွက် ဒီဖြစ်ရပ်ကို ဇာတ်လမ်းတစ်ပုဒ် အနေနဲ့ ဖန်တီးဖို့ကော စိတ်ကူးထားပါ သလား။ ဒါမှမဟုတ် စာအုပ် တစ်အုပ် အနေ နဲ့ကော ပရိသတ်တွေ ဖတ်ရ နိုင်ဖွယ် ရှိလား။ % ဆက်လက်ဖော်ပြပါမည်။


  POPULAR NEWS Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis