menu

Tuesday 25 September 2012

လှိုင်သာယာ ကျူးကျော်အိမ် ၁၂၀ ကျော်ပြောင်းရွှေ့ရမည်

Photo: လှိုင်သာယာ ကျူးကျော်အိမ် ၁၂၀ ကျော်ပြောင်းရွှေ့ရမည်


လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်ရှိ ကျူးကျော်ဟု သတ် မှတ်ထားသော အိမ်ခြေ ၁၂၀ ကျော်ကို အောက်တိုဘာလ အတွင်း အပြီးပြောင်းရွှေ့ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ယင်းနေအိမ်များ သို့ လာရောက်အသိပေးသွား သောကြောင့် ၎င်းတို့က နိုင်ငံ တော်သမ္မတထံ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။
ယင်းနေအိမ်များကို မေလ မှ စတင်ကာ ရပ်ကွက်အုပ်ချုပ် မှူးထံတွင် အလှူငွေ ၅ သောင်း ခန့် ထည့်ဝင်ကာ ၁၄ ရပ်ကွက် ချောင်းဘေးချုံနွယ်များကို ရှင်း လင်းကာ ကိုယ့်စရိတ်ဖြင့် ကိုယ် နေအိမ်များ ဆောက်လုပ်နေထိုင် ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါချောင်းဘေးနေထိုင်သူ များမှာ လူဦးရေ နှစ်ထောင်ကျော် ရှိပြီး စက်ရုံ၊ ကျပန်း လုပ်ကိုင် စားသောက်ကြကြောင်း သိရ သည်။
““အိမ်ဆောက်တုန်းက အကြွေးတောင် မကြေသေးပါဘူး။ အခုပြောင်းပေးရမယ်ဆိုတော့ အကြွေးထပ်တက်ဖို့ပဲရှိတယ်။ အခုပြောင်းခိုင်းတာက ချောင်းချဲ့ ဖို့လုပ်တာလို့ ပြောတယ်။ စည်ပင် ကတော့ အိမ်တွေကို ဓာတ်ပုံလာ ရိုက်တာ ၃ ခါရှိပြီ””ဟု ကျူးကျော် ရပ်ကွက်နေ ဦးကြည်မြင့်က ပြော သည်။
၁၄ ရပ်ကွက်ချောင်းဘေး ကျူးကျော်များကို ယင်းနေရာမှ ထန်းတစ်ပင်မြို့နယ်ရှိ နေရာ တစ်ခုသို့ ရွှေ့ပြောင်းခိုင်းမည်ဟု လည်း ယင်းရပ်ကွက်ဒေသများ က ဆိုသည်။
““ဒီနေရက ပလပ်မြေဖြစ် တယ်လို့ သိရတယ်၊ သမ္မတကြီး ဆီတော့ အားလုံးဝိုင်းပြီး အသနား ခံစာတင်ဖို့လုပ်နေကြတယ်၊ စပြီး ကြားတုန်းကဆို အိပ်လို့တောင် မပျော်ကြဘူး။ ပြောင်းလာကြ တာ၊ လေးလ၊ ငါးလလောက်ပဲ ရှိသေးတာ၊ အခုဖျက်သိမ်းရမယ် ဆိုတော့..””ဟု ဦးကျော်တင့်က ပြောသည်။
ဒေသခံတစ်ဦးဖြစ်သူ ဒေါ်စန်းမြင့်ကလည်း ““လှိုင်သာယာ နဲ့ ငါးမိုင်လောက်ဝေးတဲ့ အစွန် အဖျားတွေကို ပြောင်းခိုင်းမယ်ဆို တော့ ဆင်းရဲသထက် ဆင်းရဲ မှာပဲ။ တိုးတက်လာဖို့တော့ မရှိ ဘူး””ဟု ပြောပြသည်။
ယင်းချောင်းဖျားကျူးကျော် ဒေသခံများက ၎င်းတို့၏ လက်ရှိ နေရာတွင် နှစ်ပိုင်းခန့် ဆက်လက် နေထိုင်ခွင့်ပြုရေး၊ စားဝတ်နေရေး၊ စီးပွားရေး အလုပ်ကိုင်တို့ကြောင့် ငဲ့ညာကြည့်ရှုပေးနိုင်ရေး၊ လက်ရှိ ကျောင်းတက်နေသော ကျောင်း သူ၊ ကျောင်းသားလေးများအနေ နှင့် ပြောင်းရွှေ့ရမည်ဆိုပါက ကျောင်းတက်ရန် အခက်အခဲရှိ ခြင်းတို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အသနားခံစာ တင်သွားမည်ဟု သိရသည်။

 မေဇင်ကို

News from : The Hot News
Post by အေးချမ်းမွန်
(excellencemedia.myanmar@gmail.com)
လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်ရှိ ကျူးကျော်ဟု သတ် မှတ်ထားသော အိမ်ခြေ ၁၂၀ ကျော်ကို အောက်တိုဘာလ အတွင်း အပြီးပြောင်းရွှေ့ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ယင်းနေအိမ်များ သို့ လာရောက်အသ
ိပေးသွား သောကြောင့် ၎င်းတို့က နိုင်ငံ တော်သမ္မတထံ အသနားခံစာ တင်သွားမည်ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။
ယင်းနေအိမ်များကို မေလ မှ စတင်ကာ ရပ်ကွက်အုပ်ချုပ် မှူးထံတွင် အလှူငွေ ၅ သောင်း ခန့် ထည့်ဝင်ကာ ၁၄ ရပ်ကွက် ချောင်းဘေးချုံနွယ်များကို ရှင်း လင်းကာ ကိုယ့်စရိတ်ဖြင့် ကိုယ် နေအိမ်များ ဆောက်လုပ်နေထိုင် ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါချောင်းဘေးနေထိုင်သူ များမှာ လူဦးရေ နှစ်ထောင်ကျော် ရှိပြီး စက်ရုံ၊ ကျပန်း လုပ်ကိုင် စားသောက်ကြကြောင်း သိရ သည်။
““အိမ်ဆောက်တုန်းက အကြွေးတောင် မကြေသေးပါဘူး။ အခုပြောင်းပေးရမယ်ဆိုတော့ အကြွေးထပ်တက်ဖို့ပဲရှိတယ်။ အခုပြောင်းခိုင်းတာက ချောင်းချဲ့ ဖို့လုပ်တာလို့ ပြောတယ်။ စည်ပင် ကတော့ အိမ်တွေကို ဓာတ်ပုံလာ ရိုက်တာ ၃ ခါရှိပြီ””ဟု ကျူးကျော် ရပ်ကွက်နေ ဦးကြည်မြင့်က ပြော သည်။
၁၄ ရပ်ကွက်ချောင်းဘေး ကျူးကျော်များကို ယင်းနေရာမှ ထန်းတစ်ပင်မြို့နယ်ရှိ နေရာ တစ်ခုသို့ ရွှေ့ပြောင်းခိုင်းမည်ဟု လည်း ယင်းရပ်ကွက်ဒေသများ က ဆိုသည်။
““ဒီနေရက ပလပ်မြေဖြစ် တယ်လို့ သိရတယ်၊ သမ္မတကြီး ဆီတော့ အားလုံးဝိုင်းပြီး အသနား ခံစာတင်ဖို့လုပ်နေကြတယ်၊ စပြီး ကြားတုန်းကဆို အိပ်လို့တောင် မပျော်ကြဘူး။ ပြောင်းလာကြ တာ၊ လေးလ၊ ငါးလလောက်ပဲ ရှိသေးတာ၊ အခုဖျက်သိမ်းရမယ် ဆိုတော့..””ဟု ဦးကျော်တင့်က ပြောသည်။
ဒေသခံတစ်ဦးဖြစ်သူ ဒေါ်စန်းမြင့်ကလည်း ““လှိုင်သာယာ နဲ့ ငါးမိုင်လောက်ဝေးတဲ့ အစွန် အဖျားတွေကို ပြောင်းခိုင်းမယ်ဆို တော့ ဆင်းရဲသထက် ဆင်းရဲ မှာပဲ။ တိုးတက်လာဖို့တော့ မရှိ ဘူး””ဟု ပြောပြသည်။
ယင်းချောင်းဖျားကျူးကျော် ဒေသခံများက ၎င်းတို့၏ လက်ရှိ နေရာတွင် နှစ်ပိုင်းခန့် ဆက်လက် နေထိုင်ခွင့်ပြုရေး၊ စားဝတ်နေရေး၊ စီးပွားရေး အလုပ်ကိုင်တို့ကြောင့် ငဲ့ညာကြည့်ရှုပေးနိုင်ရေး၊ လက်ရှိ ကျောင်းတက်နေသော ကျောင်း သူ၊ ကျောင်းသားလေးများအနေ နှင့် ပြောင်းရွှေ့ရမည်ဆိုပါက ကျောင်းတက်ရန် အခက်အခဲရှိ ခြင်းတို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အသနားခံစာ တင်သွားမည်ဟု သိရသည်။

မေဇင်ကို

The Hot News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis