menu

Sunday 16 September 2012

၂၀၁၃ မှ ၂၀၁၅ အတွင်း ကမ္ဘာလှည့်ခရီးသည် ၂၅ သန်းခန့် ၀င်ရောက်ရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို လေးနိုင်ငံဝန်ကြီးများ သဘောတူ

ဟိုချီမင်းစီးတီး၊ စက်တင်ဘာ-၁၅

အရှေ့တောင်အာရှဒေသတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ကျင်းပသော ကွန်ဖရင့်၌ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် လေးနိုင်ငံမှ ခရီးသွားလုပ်ငန်း ၀န်ကြီးများသည် ၂၀၁၃ မှ ၂၀၁၅ အတွင်း ဒေသတွင်းသို့ကမ္ဘာလှည့် ခရီးသည် ၂၅

သန်းခန့် ၀င်ရောက်အောင် ဆွဲဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့သည်။

အဆိုပါ လေးနိုင်ငံပူးတွဲ ကွန်ဖရင့်ကို ဗီယက်နမ်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး ဟောင်တန်ဆန်က ကြီးမှူးကျင်းပခဲ့ပြီး နိုင်ငံတကာမီဒီယာများ တက်ရောက်ခဲ့ကြသည်။ ၀န်ကြီးများသည် ကွန်ဖရင့်တွင် ၂၀၁၀ ပြည့်နှစ်က စတင်သတ်မှတ်ခဲ့သော လေးနိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးအဆင့် ပူးတွဲကြေညာချက်ကို သုံးသပ်ခဲ့ကြသည်။ ကွန်ဖရင့်သို့ လာအိုနှင့် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီးများ၊ မြန်မာနိုင်ငံမှ ဗီယက်နမ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသက်ဦးတို့ တက်ရောက်ခဲ့ကြသည်။

ဗီယက်နမ်ဝန်ကြီး ဟောင်တန်အန်က "ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ လေးနိုင်ငံဟာ နိုင်ငံတကာခရီးသည် ၁၂ ဒသမ ၃ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၁၀ ကထက် ခရီးသည်ဝင်ရောက်မှု ၁၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ဒီထဲမှာ လေးနိုင်ငံအကြား အပြန်အလှန် လည်ပတ်တဲ့ ခရီးသည်ဦးရေ ၂ ဒသမ ၁ သန်းအထိ ရှိခဲ့ပါတယ်" ဟု ပြောသည်။

CLMV ဟု အတိုကောက်ခေါ်ဝေါ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် လေးနိုင်ငံတို့သည် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အာဆီယံ-ဂျပန် (AJC)အဖွဲ့၊ အာဆီယံ-ကိုရီးယား (AKC)အဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့ အပါအ၀င် ဒေသတွင်း ခရီးသွားလုပ်ငန်း အေဂျင်စီများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လေးနိုင်ငံသည် ခရီးသွားလုပ်ငန်းဆိုင်ရာ ၀န်ကြီးအဆင့် ကွန်ဖရင့်ကို နှစ်စဉ်ကျင်းပရန် သဘောတူညီခဲ့ပြီး လာမည့်နှစ်တွင် ကွန်ဖရင့်၏ အလှည့်ကျအိမ်ရှင်မှာ ကမ္ဘောဒီးယားနိုင်ငံဖြစ်သည်ဟု သိရသည်။

-Ref: Saigon-gpdaily
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis