menu

Sunday 16 September 2012

စမ်းသပ်ပေးခြင်းမရှိဘဲ ရောင်းသည့် ဟန်းဆက် အသစ်များကြောင့် သုံးစွဲသူများ အခက်ကြုံ

Photo: စမ်းသပ်ပေးခြင်းမရှိဘဲ ရောင်းသည့် ဟန်းဆက် အသစ်များကြောင့် သုံးစွဲသူများ အခက်ကြုံ

BY PYI MYANMAR
14 SEPTEMBER, 2012 - 16:41

မိုဘိုင်းဖုန်းဆိုင်အချို့ အသစ်ဝင်ရောက်သည့် ဟန်းဆက်များအား စစ်ဆေးမှုပြုလုပ်ခြင်း မရှိဘဲ ရောင်းချနေခြင်းကြောင့် ဝယ်ယူသူများ သုံးစွဲရာတွင် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ဖုန်းဈေးကွက်မှ သိရသည်။ “အင်တာနက်သုံးလို့ ရတယ်ဆိုလို့ ဝယ်လိုက်တာပါ။ အင်တာနက်လျှောက်ပြီး သုံးကြည့်တော့ မရဘူး။ တခြားဟန်းဆက်နဲ့ စမ်းကြည့်တော့ အဆင်ပြေတယ်။ ဆိုင်ကို သွားပြောတော့ အင်တာနက်ရမယ်ထင်လို့ ရောင်းပေးလိုက်တာပါ။ Setting ပြန်ပြောင်းမှ သုံးလို့ရမယ်။ ၄၊ ၅ ရက်နေရင် ပြန်လာခဲ့ပါ ပြောတယ်။ ဒီလို နည်းပညာကျွမ်းကျင်မှု မရှိဘဲ ရောင်းချနေတဲ့ ဆိုင်တွေကြောင့် အခုလိုမျိုး ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ကျောက်တံတားမြို့နယ်မှ ကိုထွန်းဦးက ပြောသည်။ ယင်းအပြင် အချို့ဖုန်းဆိုင်များမှာ ဖုန်းဟန်းဆက် ရောင်းပေးသည့်အချိန်တွင် ဖုန်းပြောဆိုမှု ရမရအား စမ်းသပ်ပေးခြင်းများ ပြုလုပ်မပေးဘဲ ရောင်းချခြင်း၊ ဖုန်းအသုံးပြုပုံများအား ညွှန်ကြား ပြသခြင်းများ ပြုလုပ်ပေးခြင်း မရှိဘဲ ရောင်းချခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
 
ပဲခူးတိုင်းဒေသကြီး သက္ကလကျေးရွာမှ ရန်ကုန်တွင် ဖုန်းလာရောက် ဝယ်ယူသူ ကိုအောင်သန်းဝင်းက “အိမ်က ဟန်းဆက်ဝယ်လာခဲ့ပါဆိုလို့ ကြုံတုန်း ဟန်းဆက်ဝယ်ဖြစ်တာပါ။ သုံးစွဲမယ့် ဖုန်းအမျိုးအစားကိုလည်း ပြောပါတယ်။ တကယ် သုံးရမရကို ဆိုင်က လိုင်းကတ်တစ်ခုခုနဲ့ စမ်းပေးသင့်တာပေါ့။ ရွာပြန်ရောက်တော့ ဟန်းဆက်က သုံးမရဘူး။ ဆင်းကတ် အမျိုးအစား မှားနေတယ်။ သုံးလို့ရတဲ့ ကတ်အမျိုးအစား ပြောင်းထည့်ပြီး သုံးတော့လည်း ဘယ်ကဘယ်လို ဝင်ရမလဲဆိုတာ မသိတော့ ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ပြောသည်။
 
လက်ရှိတွင် မိုဘိုင်းဟန်းဆက် အရောင်းဆိုင်အချို့မှာ ဟန်းဆက်ရောင်းအား မြှင့်တင်ရေးအတွက် စာသင်ကျောင်းများ ကုမ္ပဏီများတွင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းသို့ ရောင်းချပေးရာတွင်လည်း အမှန်တကယ် သုံးစွဲနိုင် မသုံးစွဲနိုင်သည်ကို စမ်းသပ်ပေးခြင်း မရှိဘဲ ရောင်းချနေကြောင်း သိရသည်။ ကုမ္ပဏီမှ အရစ်ကျလာရောင်းလို့ အင်တာနက်သုံးဖို့အတွက် ဝယ်ဖြစ်တာပါ။ တကယ်တမ်း အင်တာနက်သုံးမယ်ဆိုတော့ မရဘူး၊ ဒီလို စမ်းသပ်စစ်ဆေးမှုမရှိဘဲ ရောင်းမပေးသင့်ပါဘူးဟု အလုံမြို့နယ်မှ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

အောင်ဇော်
မိုဘိုင်းဖုန်းဆိုင်အချို့ အသစ်ဝင်ရောက်သည့် ဟန်းဆက်များအား စစ်ဆေးမှုပြုလုပ်ခြင်း မရှိဘဲ ရောင်းချနေခြင်းကြောင့် ဝယ်ယူသူ
များ သုံးစွဲရာတွင် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်း ဖုန်းဈေးကွက်မှ သိရသည်။ “အင်တာနက်သုံးလို့ ရတယ်ဆိုလို့ ဝယ်လိုက်တာပါ။ အင်တာနက်လျှောက်ပြီး သုံးကြည့်တော့ မရဘူး။ တခြားဟန်းဆက်နဲ့ စမ်းကြည့်တော့ အဆင်ပြေတယ်။ ဆိုင်ကို သွားပြောတော့ အင်တာနက်ရမယ်ထင်လို့ ရောင်းပေးလိုက်တာပါ။ Setting ပြန်ပြောင်းမှ သုံးလို့ရမယ်။ ၄၊ ၅ ရက်နေရင် ပြန်လာခဲ့ပါ ပြောတယ်။ ဒီလို နည်းပညာကျွမ်းကျင်မှု မရှိဘဲ ရောင်းချနေတဲ့ ဆိုင်တွေကြောင့် အခုလိုမျိုး ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ကျောက်တံတားမြို့နယ်မှ ကိုထွန်းဦးက ပြောသည်။ ယင်းအပြင် အချို့ဖုန်းဆိုင်များမှာ ဖုန်းဟန်းဆက် ရောင်းပေးသည့်အချိန်တွင် ဖုန်းပြောဆိုမှု ရမရအား စမ်းသပ်ပေးခြင်းများ ပြုလုပ်မပေးဘဲ ရောင်းချခြင်း၊ ဖုန်းအသုံးပြုပုံများအား ညွှန်ကြား ပြသခြင်းများ ပြုလုပ်ပေးခြင်း မရှိဘဲ ရောင်းချခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး သက္ကလကျေးရွာမှ ရန်ကုန်တွင် ဖုန်းလာရောက် ဝယ်ယူသူ ကိုအောင်သန်းဝင်းက “အိမ်က ဟန်းဆက်ဝယ်လာခဲ့ပါဆိုလို့ ကြုံတုန်း ဟန်းဆက်ဝယ်ဖြစ်တာပါ။ သုံးစွဲမယ့် ဖုန်းအမျိုးအစားကိုလည်း ပြောပါတယ်။ တကယ် သုံးရမရကို ဆိုင်က လိုင်းကတ်တစ်ခုခုနဲ့ စမ်းပေးသင့်တာပေါ့။ ရွာပြန်ရောက်တော့ ဟန်းဆက်က သုံးမရဘူး။ ဆင်းကတ် အမျိုးအစား မှားနေတယ်။ သုံးလို့ရတဲ့ ကတ်အမျိုးအစား ပြောင်းထည့်ပြီး သုံးတော့လည်း ဘယ်ကဘယ်လို ဝင်ရမလဲဆိုတာ မသိတော့ ဒုက္ခရောက်ခဲ့ရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဟန်းဆက် အရောင်းဆိုင်အချို့မှာ ဟန်းဆက်ရောင်းအား မြှင့်တင်ရေးအတွက် စာသင်ကျောင်းများ ကုမ္ပဏီများတွင် အရစ်ကျစနစ်ဖြင့် ဖုန်းရောင်းချခြင်းများ ပြုလုပ်လျက်ရှိပြီး ယင်းသို့ ရောင်းချပေးရာတွင်လည်း အမှန်တကယ် သုံးစွဲနိုင် မသုံးစွဲနိုင်သည်ကို စမ်းသပ်ပေးခြင်း မရှိဘဲ ရောင်းချနေကြောင်း သိရသည်။ ကုမ္ပဏီမှ အရစ်ကျလာရောင်းလို့ အင်တာနက်သုံးဖို့အတွက် ဝယ်ဖြစ်တာပါ။ တကယ်တမ်း အင်တာနက်သုံးမယ်ဆိုတော့ မရဘူး၊ ဒီလို စမ်းသပ်စစ်ဆေးမှုမရှိဘဲ ရောင်းမပေးသင့်ပါဘူးဟု အလုံမြို့နယ်မှ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောသည်။

အောင်ဇော်
BY PYI MYANMAR
14 SEPTEMBER, 2012 - 16:41

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis