menu

Sunday 16 September 2012

အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၃၀ ကျော် သေဆုံး

Photo: အိန္ဒိယတွင် မြေပြိုမှုကြောင့် လူ ၃၀ ကျော် သေဆုံး

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂

အိန္ဒိယ နိုင်ငံ Uttarakhand ပြည်နယ် တစ်လျောက်ရှိ ကျေးရွာများ အတွင်း ရုတ်တရက် ရေကြီးမှုများ ဖြစ်ပွားပြီး မြေပြိုမှု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးပြီး ၃၅ ဦးကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ပြင်းထန်သည့် မိုးရွာသွန်းမှုများမှာ အဆိုပါ ဒေသများတွင် သောကြာနေ့ အစောပိုင်းကပင် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများမှာ စစ်တပ်၏ အကူအညီဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် နေရကြောင်း လည်း rt သတင်းတွင် ဖော်ပြသည်။ သို့ရာတွင် ဆိုးရွားသော ရာသီဥတုမှာ ကယ်ဆယ်ရေး လုပ်ငန်းများကို နှောက်ယှက်နေသဖြင့် ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်နေရသည်။ အစိုးရမှာ ကယ်ဆယ်ရေး လုပ်ဆောင်သည့် အဖွဲ့များ ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် ပြည်သူများကို အကူအညီ လိုသူများ အား ကူညီကြရန်လည်း တိုက်တွန်းထားသည်။

source : rt.com

news from..Royal Hero Media
စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂

အိန္ဒိယ နိုင်ငံ Uttarakhand ပြည်နယ် တစ်လျောက်ရှိ ကျေးရွာများ အတွင်း ရုတ်တရက် ရေကြီးမှုများ ဖြစ်ပွားပြီး မြေပြိုမှု ဖြစ်ခဲ့ရသဖြင့် အနည်းဆုံး လူ ၃၃ ဦး သေဆုံးပြီး ၃၅ ဦးကျော်
ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ပြင်းထန်သည့် မိုးရွာသွန်းမှုများမှာ အဆိုပါ ဒေသများတွင် သောကြာနေ့ အစောပိုင်းကပင် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်ပြီး တာဝန်ရှိသူများမှာ စစ်တပ်၏ အကူအညီဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင် နေရကြောင်း လည်း rt သတင်းတွင် ဖော်ပြသည်။ သို့ရာတွင် ဆိုးရွားသော ရာသီဥတုမှာ ကယ်ဆယ်ရေး လုပ်ငန်းများကို နှောက်ယှက်နေသဖြင့် ထင်သလောက် ခရီးမပေါက်ဘဲ ဖြစ်နေရသည်။ အစိုးရမှာ ကယ်ဆယ်ရေး လုပ်ဆောင်သည့် အဖွဲ့များ ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် ပြည်သူများကို အကူအညီ လိုသူများ အား ကူညီကြရန်လည်း တိုက်တွန်းထားသည်။

  rt.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis