menu

Wednesday 18 July 2012

အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယ သမ္မတ တက်ရောက် ဂါရ၀ ပြုမည်

နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ဂါရ၀ ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ၀က်ဆိုဒ် စာမျက်နှာတွင်ဖော်ပြသည်။

အာဇာနည်နေ့တွင်အထူးအစီအစဉ်အဖြစ်
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကိုလည်း နံနက် ရှစ်နာရီမှ ညနေ လေးနာရီ အထိ အခမဲ့ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ယင်းသတင်းတွင်ဖော်ပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးချိန်မှ စ၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် တိုင်အောင်အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော် အကြီးအကဲများကိုယ်တိုင် တက်ရောက် ဂါရ၀ ပြု၍ နိုင်ငံတော်အဆင့် ကျင်းပ ပြုလုပ်ခဲ့သော်လည်း ယခင် အစိုးရ လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် တက် ရောက်ခဲ့ရာမှ ၂၀၀၈ ခုနှစ် နှောင်းပိုင်းမှ စ၍ ရန်ကုန်မြို့တော်ဝန်တစ်ဦးတည်းသာ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
Voice Weekly News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis