menu

Wednesday 18 July 2012

"အဖွဲ့ဝင် ၁၅၀၀၀ နယ်ထွက်ခြင်းမှာ မဟုတ်မှန်ကြောင်း NDF ငြင်းဆို"

“အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်မျိုးမင်းနှင့်အဖွဲ့ဝင် ( ၁၅၀၀၀ )NLD သို့ပြန်ဝင်မည်”ဆိုသောသတင်းမမှန်ကြောင်း NDF ပါတီက ဇူလိုင်လ ၁၈နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
အဆိုပါ NDF ပါတီပဲခူးတိုင်း ဥက္ကဌ တစ်ဦးတည်း၏ နုတ်ထွက်စာကိုသာ NDF ဌာနချုပ်က လက်ခံရရှိထားကြောင်း ဦးအောင်မျိုးဝင်း စုဆောင်းလာခဲ့သော ပါတီဝင်စုစုပေါင်းမှာ ၁၀၀ ခန့်သာရှိကြောင်း လမ်းပြကြယ် ဦးအေးမြင့် မ၀င်ရောက်ခင်က ပဲခူးတိုင်းတစ်တိုင်းလုံးတွင် NDF ပါတီဝင် ၂၀၀ ကျော်( ၃၀၀ )ခန့်သာရှိသည့်အတွက် ယခုကဲ့သို့ ပါတီဝင် ၁၅၀၀၀ ကျော် NLDသို့ပြန်ဝင်ရောက်သည်ဆိုခြင်းမှာ လုပ်ကြံသတင်းသာဖြစ်ကြောင်း NDF ပါတီအထွေထွေအတွင်းရေး မှူး ဒေါက်တာဝင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံ တ၀ှမ်းတွင် NDF ပါတီဝင်စုစုပေါင်းမှာ ၁၂၀၀၀ ခန့်သာအတည်ပြုထားကြောင်း လမ်းပြကြယ် ဦးအေးမြင့်နှင့် မန္တလေး ၈၈ ပြည်သူ့ပါတီဝင်ဟောင်းများ၏ လျှောက်လွှာကိုစီစစ်လက်ခံ ခဲ့ဖြစ်၍ နောင်တွင်ယင်းကဲ့သို့ မမှန်သတင်းထုတ်ပြန်ချက်တွင်ပါဝင် ပတ်သတ်သူများကို တရားဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဟု ၄င်းကပြောသည်။
Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis