menu

Wednesday 18 July 2012

ခုန်ဖိနပ်(မြေမှုန်လွင်)




ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ သူ့အိမ်ရှေ့မှာ တဗွမ်းဗွမ်းနဲ့ အားရပါးရ ရေချိုးနေတယ်။
တော်တော်ကြာတဲ့ အထိတောင် မပြီးနိုင်ဘဲ ဆော့နေတဲ့ အတွက် ဒေါ်မြတ်ချယ်လို့ အမည်ရှိတဲ့ အမေ ဖြစ်သူက အော်ငေါက် ခေါ်မှသာ ရေချိုးတာ ရပ်သွားပါတော့တယ်။ အိမ်ထဲကို ၀င်မလို့ လုပ်တုန်းမှာပဲ...

“အဲ...” ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ သူစီးလာတဲ့ ခုံဖိနပ်ကို ရှာလို့ မတွေ့တော့ပါဘူး။ ရေမချိုးခင်က ဒီနားမှာ သေသေချာချာ ချွတ်ခဲ့တာ ပါ။ အခု မရှိတော့ဘူး။ ရေစီးနဲ့ပဲ မျောပါ သွားပါပြီလား။ သူ့အလစ်မှာပဲ ခွေးတစ်ကောင်ကောင်က ချီပြေး သွားပြီးလား။ နေဦး။ ခွေးဆိုတာ သားရေဖိ နပ်လောက်ပဲ ချီတာ မဟုတ်လား။  ခုံဖိနပ်ကို ချီလို့လား။

ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ စိတ်ပျက်သွားတယ်။ အခု ပျောက်သွားတဲ့ ခုံဖိနပ်က သူတို့ တစ်မိသားစုလုံး ရေချိုးရင် စီးတဲ့ဖိနပ်။ အခုတော့ မရှိတော့ဘူး။ သူ့ကြောင့် ပျောက်သွားပြီ။ သူ့အမေသာ သိသွားရင်။


ကျာ်ကျော်လို့ အမည်ရှိတဲ့ကောင်လေး ထင်တဲ့ အတိုင်းပါပဲ။ ဒေါ်မြတ်ချယ်လို့ အမည်ရှိတဲ့ သူ့အမေက ကာင်းကောင်း ပွမ်တာပေါ့။ ငယ်ငယ်ရွယ် ရွယ်နဲ့ ဒီလောက်နမော်နမဲ့ နိုင်ရသလားတို့၊ ခုံဖိနပ် တစ်ရန်တောင် မထိန်းသိမ်းနိုင်ရင် အသက်ကြီးလာလို့ အိမ်ထောင်ကျတဲ့ အခါ မိသားစုကို ဘယ်လို ထိန်းသိမ်းမလဲတို့ ဘာတို့ပေါ့။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးရဲ့နားတွေ ပွက်ပွက်ဆူလာအောင် ဆူပူကြိမ်းမောင်း ပါတော့တယ်။ အားရအောင် ဆူပြီး တစ်ချက်လွှတ် အမိန့်နဲ့ ဈေးထဲကိုသွားပြီး ခုံဖိနပ်အသစ် တစ်ရန် ၀ယ်စေတယ်။

ဒေါ်မြတ်ချယ်လို့ အမည်ရှိတဲ့ အမေဖြစ်သူရဲ့ အဆူ အဆဲ ခံထားရလို့ စိတ်ညစ်နေတဲ့ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ ဈေးဆိုတဲ့ အသံကို ကြားလိုက်ရတဲ့ အခါ ချက်ချင်းဆိုသလို ပြန်လည် ပေါ့ပါးလန်းဆန်း သွားပါတော့တယ်။

ဟုတ်တယ်လေ။ ဈေးထဲမှာ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးအတွက် စိတ်ဝင်စားစရာ တွေ အများကြီး ရှိတယ်။ တဖျတ်ဖျတ် ခုန်နေတဲ့ ငါးခေါင်းကို ဓားရိုးနဲ့ ဇွိခနဲနေအောင် ထောင်းလိုက် တာမျိုးတွေ၊ ဆူးချွန်ကြီးတွေ ပေါ်မှာ တွဲလောင်း ချိတ်ထားတဲ့ နီနီရဲရဲ အသားတုံးကြီးတွေ၊ သတ်္တ၀ါ ပေါင်းစုံရဲ့သွေးပေါင်းစုံ စုပေါင်း စီးဆင်းမှုကြောင့် ရဲတွက်နေတဲ့ ရေနုတ်မြောင်းတွေ အစရှိသဖြင့် ပေါ့။ ကြည့်မ၀၊ ငေးမ၀။

အဲဒီလို ဈေးထဲမှာ ဟိုငေး၊ ဒီငေးရင်းနဲ့ပဲ ကမ္ဘာသစ်လို့ အမည်ရှိတဲ့ ဖိနပ်ဆိုင်ရှေ့ကိုရောက် သွားပါတယ်။
“ခုံဖိနပ်တစ်ရန်လောက်ပါ ခင်ဗျာ”

ဆိုင်ပေါ်မှာထိုင်နေတဲ့ အဘိုးကြီးက မလှုပ်မရှား။ အရုပ်တစ်ရုပ်လို ငူငူငိုင်ငိုင် ထိုင်နေတယ်။
“ဟို ခုံဖိနပ်တစ်ရန်လောက်”

ဘာမှမထူး။ သူ့စကားကိုကြားရဲ့လား တောင် မသိ။ ဒါကြောင့် အသံကို မြှင့်ပြီးထပ်အော် လိုက်တယ်။
“ခုံဖိနပ်”

အဲဒီတော့မှပဲ။
“ဘာ...”
အဘိုးကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

“ခုံဖိနပ်လေ အဘ၊ ခုံဖိနပ်”
အဘိုးကြီးက ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးကို တအံတသြနဲ့ တစ်ချက်စိုက်ကြည့် တယ်။

“ခုံဖိနပ် ဟုတ်လား”

“ဟုတ် အဘ၊ ခုံဖိနပ်လေ”

အဘိုးကြီးက ခေါင်းတဆတ်ဆတ် ညိတ်တယ်။ ပြီးတော့မှ နောက်လှည့်ပြီး ဖိနပ်ပုံထဲကို မွှေနှောက်ရှာဖွေတယ်။ လက်ထဲ ရောက်လာတဲ့ ခုံဖိနပ်ကို ကျော်ကျော်လို့အမည်ရှိတဲ့ကောင်လေး ဟာ အနာအဆာပါ မပါ လှည့်ပတ် စစ်ဆေးပြီး ကျသင့်ငွေကို ပေးချေလိုက်တယ်။
“ကောင်လေး”

ခုံဖိနပ်လေး ကိုင်ပြီးလှည့်ထွက်သွားတဲ့ ကျော်ကျော်လို့အမည်ရှိတဲ့ ကောင်လေးကို ကမ္ဘာ သစ်လို့အမည်ရှိတဲ့ ဖိနပ်ဆိုင်ထဲက အဘိုးကြီးက လှမ်းခေါ်တယ်။
“ဗျာ”

ကျာ်ကျော်လို့ အမည်ရှိတဲ့ကောင်လေးက လှည့်ကြည့်တယ်။
“ဖိနပ် တော်မတော် စီးကြည့်ပါဦး”

ခုံဖိနပ်ဆိုတာ ဆိုဒ်ရှိလို့လား။ အကြီးအသေး ရှိလို့လား။ သူ မသိ။ အိမ်မှာကတော့ တစ်ရန် တည်းကိုပဲ တစ်မိသားစုလုံးစီးနေတာ မဟုတ် လား။ ဘာပဲပြောပြော စီးကြည့်လိုက်တာ မမှား ဘူးလေဆိုပြီး ကျော်ကျော်လို့အမည်ရှိတဲ့ကောင် လေးဟာ ခုံဖိနပ်ကို ချစီးလိုက်တယ်။

“အတော်ပဲ”

ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်သွားတဲ့ ဖိနပ်ကို ကြည့်ပြီး နည်းနည်း တွေသွားတယ်။ မဟုတ် သေးပါဘူး။ ဖိနပ်က သူနဲ့ကွတ်တိဖြစ်လို့ ဘယ် ရလဲ။ သူ့အမေနဲ့ သူ့အဖေရဲ့ခြေထောက်တွေက သူ့ထက် အများကြီး ပိုကြီးတယ် မဟုတ်လား။ ခုံဖိ နပ်ဆိုတာ တစ်မိသားစုလုံးစီးဖို့ မဟုတ်လား။ သူနဲ့ကက်တိဖြစ်နေရင် ကျန်တဲ့ သူတွေနဲ့ ဘယ် တော်ပါ့မလဲ။ ခုံဖိနပ်ကို ပြန်လဲမလို့ ချွတ်လိုက် ရာ-
“ဟာ...”

ဖိနပ်က ချွတ်လို့မရ။
“ဘယ်လိုလဲဟ”

ခါထုတ်တယ်။ မကျွတ်။ ကုန်းပြီး လက်နဲ့ ဆွဲချွတ်တယ်။ မရ။ အရမ်းကျပ်နေတယ်။ အိမ်မှာ ဆို ခုံဖိနပ်က ခြေထောက်ခါလိုက်တာနဲ့ ဇွပ်ခနဲ ကျွတ်သွားတာ မဟုတ်လား။ အဲဒီလို အလွယ်တ ကူချွတ်လို့ပဲ ဒေါ်မြတ်ချယ်လို့ အမည်ရှိတဲ့ သူ့အမေ ကတော့ ဆူသေးတယ် မဟုတ်လား။

အခုတော့ ဘယ်လိုဖြစ်ပါလိမ့်။ ဆိုင်ရှင် အဘိုးကြီးကို မော့ကြည့်လိုက်တော့ အဘိုးကြီးက ဖိနပ်ချွတ်မရဖြစ်နေတဲ့ သူ့ကိုခေါင်းတညိတ်ညိတ် နဲ့ ကျေကျေနပ်နပ်ကြီး ပြုံးလို့ကြည့်နေတယ်။
“ဟို... ဟို”

ချွတ်လို့မရဖြစ်နေတဲ့ ခုံဖိနပ်အတွက် အကူ အညီတောင်းမလို ကမ္ဘာသစ်လို့အမည်ရှိတဲ့ ဖိနပ် ဆိုင်ဘကကို ခြေတစ်လှမ်း ကြွလိုက်ရာတွင်ပဲ...

“အား...”   

လေထဲမြောက်တက်သွားတယ်။ တော်တော်ဝေးဝေးကို မြောက်တက်သွားတယ်။ ကြေက်အားလန့်အားနဲ့ မျက်စိတွေ မှိတ်ထားရတယ်။ ကံကောင်းတယ်။ ညင်ညင်သာသာ ပြန်ကျလို့။
ကြေက်အားလန့်အားနဲ့ မှိတ်ထားတဲ့ မျက် စိကို ပြန်မဖွင့်ခင် အသံတွေကြားနေရတယ်။ တီး လုံးသံတချို့နဲ့ စက်မော်တာသံများ၊ တခစ်ခစ် တဟားဟား ရယ်သံများ။ ဒီလိုအသံမျိုးတွေ ကြားဖူးပါတယ်။ ဈေးထဲမှာ မဟုတ်တော့တာ တော့ သေချာတယ်။ ကျော်ကျော်လို့အမည်ရှိတဲ့ ကောင်လေးဟာ မျက်လုံးကို မရဲတရဲဖွင့်လိုက် တယ်။

“အို...”
သူ့မျက်လုံးကိုတောင် သူမယုံနိုင်။ ကြည့် စမ်းပါဦး။ ချားရဟတ်ကြီးတွေ၊ ရိုလာကိုစတာ ကြီးတွေ၊ ရောင်စုံမီးတွေ၊ ပျော်ရွှင်နေကြတဲ့ ကလေးတွေ။ သူ... သူအရမ်း ရောက်ချင်နေတဲ့ နေရာလေ။ အပြင်က ဖြတ်သွားတိုင်း ငေးမောခဲ့ ရတဲ့ နေရာလေ။ လကုန်ရင် ဦးရဲထွဋ်လို့ အမည်ရှိတဲ့ သူ့အဖေက လိုက်ပို့ပေးမယ်လို့ ပြောခဲ့တဲ့နေရာ လေး။

အခုတော့ ရောက်နေပြီ။ ကစားကွင်းကြီးထဲ ရောက်နေပြီ။ ရပ်ကက်ထဲက ကာင်တွေကို ပြန် ကြွားလို့ရမယ့် ခေတ်မီကစားကွင်းကြီးထဲကို ရောက်နေပြီလေ။ အောင့်အည်းခဲ့သမျှတွေကို အတိုးချပျော်ပါး ဖို့အတွက် ၀မ်းသာအားရနဲ့ ခြေတစ်လှမ်း လှမ်း လိုက်ရာတွင်ပဲ...

ဝရောဆိုပြီး လေထဲ မြောက်တက်သွားပြန် တယ်။ ကြေက်အားလန့်အားနဲ့ မျက်စိတွေ ပြန် မှိတ်လိုက်ရတယ်။ ခုနကလိုပါပဲ။ ညင်ညင်သာ သာ ပြန်ကျပါတယ်။ ဒီတစ်ခါတော့ ထွေထွေထူးထူး ဘာအသံမှ မကြားရပေမဲ့ သင်းပျံ့ အီလှိုင်တဲ့ အနံ့တွေက အစာ အိမ်ထဲက ပိုးတွေကို ရွစိတက်စေတယ်။ အလိုလို တံတွေးမျိုချ မိလိုက်တယ်။ ဒီလိုအနံ့မျိုးကို ကောင်းကောင်းသိပါတယ်။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ မျက်လုံးကို အငမ်း မရ ဖွင့်ကြည့်လိုက်တယ်။

“ဟာ...”
သူ့ဗိုကကိုသူ ၀မ်းသာအားရ ပွတ်လိုက်တယ်။ ဟိုမှာလေသစ်ပင်တွေ။ သစ်ပင်တွေပေါ်မှာ သီးနေတာတွေက ချော ကက်ပြားတွေ၊ အရုပ်ပါတဲ့ မုန့်ထုပ်တွေ၊ ကံစမ်းမဲပါတဲ့ သကြားလုံးတွေ။ လျှာသပ်လိုက်တယ်။ လက်ဖ၀ါး နှစ်ဖက် ပွတ်လိုက်တယ်။ နေဦး၊ နေဦး။တွေးတယ်။ ကျော်ကျော် လို့အမည်ရှိတဲ့ ကောင်လေးဟာ တွေးတယ်။ ပါးပါးနပ်နပ် တွေးတယ်။

ကစားကွင်းထဲ ၀င်မလို့ ခြေလှမ်း လှမ်းလိုက်တော့ ဒီနေရာကို ရောက် လာတယ် မဟုတ်လား။ အခုလည်း ခြေလှမ်း လှမ်းလိုက်ရင် ဘယ်ရောက် မယ်မှန်း မသေချာ၊ ဒါကြောင့် သေချာတဲ့ အနီးအနားက က်လှမ်းမီရာ အပင်ကိုပဲ ဆွဲဖြုတ်လိုက်တယ်။ လက်ထဲရောက်လာတဲ့ လောလီပေါ့ပြားကို တပြွတ်ပြွတ် စုတ်လိုက်တယ်။

အရသာရှိလိုက်ပါ့။ ကျောင်းမှာဆိုရင် အခုလိုနိုင်ငံခြားဖြစ်မုန့်တွေကို ရဲရင့်အောင်သူလို့ အမည်ရှိတဲ့ သူဌေးသားနဲ့နှင်းလဲ့ဝတီလို့ အမည်ရှိတဲ့ အရာ ရှိသမီးတို့သာ စားနိုင်တာ မဟုတ်လား။ အခုတော့ သူစားနေရပြီ။ စားနေ ရပြီလေ။ လာခဲ့စမ်း ချောကက်ပြား။ လာခဲ့ဦး အချိုရည်တစ်ဘူး။ ဗိုက်ကြီး ကားသွားအောင် စားပစ်လိုက်တယ်။ ဘာမှထပ် မစားနိုင်တော့လောက်အောင် စားပစ်လိုက်တယ်။

ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ မအပါဘူး။ အခုလိုစိတ် ကြိုက်စားခွင့်ရနေတဲ့ နေရာလေးကနေ မရွေ့ရအောင် ခြေတစ်လှမ်းမှ မကြွပါ ဘူး။ ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ ရသမျှကို တစ်ဖြဲနှစ်ဖြဲ စားသောက်နေတယ်။ သူ့ ဗိုကက ဘာကိုမျှထပ်မစားနိုင်တော့တဲ့အခါလည်း လက်မလျှော့သေး။ သူ့ မိဘ၊ သူ့အပေါင်းအသင်းတွေ စားလို့ရအောင် တစ်ပွေ့တစ်ပိုက် ထပ်ယူလိုက် တယ်။ လက်လှမ်းမီသမျှ မုန့်တွေမကုန်မချင်း ဆွဲဖြုတ်ယူနေတယ်။

က်ထဲမှာ ပိုက်ထားတဲ့ မုန့်တွေက တစ်စထက်တစ်စ ပိုပိုများလာ တယ်။ ဒါလည်း မရပ်သေး။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ ယူလို့ ရသမျှ အကုန်ယူနေတယ်။ လက်ထဲမှာ ပွေ့ထားရတဲ့ မုန့်တွေရဲ့ အလေး ချိန်ကြောင့် ခန္ဓာကိုယ်ကြီးကို မထိန်းနိုင်ဘဲ ယိုင်ထိုးလာတယ်။ ယိမ်းထိုးလာတဲ့ ခန္ဓာကြီးကြောင့် ဟန်ချက်ပျကကာ ခြေတစ်လှမ်း အကြွမှာပင်။

ရုတ်တရက် ဆောင့်ဆွဲ ခံလိုက်ရသလိုမျိုး မြောက်တက်သွားတယ်။ ဒီတစ်ခါ မြောက်တက်သွားတဲ့ အရှိန်က တော်တော်လေးပြင်းတယ်။ တော်တော် လေးပြင်းတော့ ခြေကားယား လကကားယားနဲ့ လေထဲမှာ ကျွမ်းပြန်နေတယ်။ အလန့်တကြားနဲ့ ဖမ်းမိဖမ်းရာ လှမ်းဆွဲပါသေးတယ်။ လေတွေက လွဲလို့ ဘာမှမဖမ်းမိ။

သွားပါပြီ။ တစ်ပွေ့တစ်ပိုက်ယူထားတဲ့ လက်ထဲက မုန့်တွေ၊ စားစရာတွေ တစ်ခုမှ မကျန်တော့။ အကုန်လုံး ပြုတ်ကျခဲ့ရပြီ။ ကျော်ကျော်လို့အမည်  ရှိတဲ့ ကောင်လေးဟာ စိတ်ပျက် လက်ပျက်နဲ့ သူရောက်နေတဲ့ နေရာသစ်ကို အကဲခတ်မလို့ မျက်လုံး ဖွင့်လိုက်ရာတွင်ပဲ-

“ရွှီး...”
သူ့နားရွက်ဖျား ပူထူသွားတယ်။
“ဒိုင်း...ဒိုင်း...ဒိုင်း”
ဖွင့်လိုက်တဲ့မျက်လုံးဟာ ချက်ချင်းပြူးကျယ်သွားတယ်။

“ဘုရား၊ ဘုရား”
ကျည်ဆန်တွေ သူ့ဘေးနားမှာ ပျံဝဲနေတယ်။

“၀ပ်၊ ၀ပ်၊ ၀ပ်”
ဘယ်ကထွက်လာမှန်းမသိတဲ့ သတိပေးသံကြောင့် ၀မ်းလျားထိုးမှောက် လိုက်တယ်။ သူ့ဘေးကိုလူတစ်ယောက် ရောက်လာတယ်။

“ရော့”
ကျာ်ကျော်လို့ အမည်ရှိတဲ့ကောင်လေးရဲ့ လက်ထဲကို သေနတ်တစ် လက်ထည့်ပေးတယ်။
“ပစ်၊ ပစ်”
သူလည်း ဘုမသိ၊ ဘမသိနဲ့-
“ဒက်...ဒက်...ဒက်”
ပစ်ခိုင်းတဲ့နေရာကို ပစ်လိုက်တယ်။ ယမ်းနံ့တွေ မွှန်ထူသွားတယ်။ သေနတ်သံတွေက နားကွဲလုမတတ် ကျယ်လောင်စူးရှ။

“ဒက်...ဒက်...ဒက်”
ပစ်နေရင်းတန်းလန်းနဲ့ သူ့ဘေးက ရဲဘော်တစ်ယောက် လဲကျသွား တယ်။ ဖြန်းခနဲသွေးတွေဖြာထွက်။
“အား”
ကြေက်လန့်တကြားအော်ပြီး လက်ထဲက သေနတ်ကို လွှင့်ပစ်လိုက်တယ်။

“ဟေ့ကောင်...မင်းယောက်ျား မဟုတ်ဘူးလား”
သူ့လက်ထဲကို သေနတ်လာထည့်ပေးသွားတဲ့ ဗိုလ်ကြီးက အော်တယ်။
“ပစ်လေကွာ၊ ပစ်”

ကျည်ဆန်တွေကြားမှာ တုန်ယင်နေတဲ့ သူ့လက်ထဲကို လက်ပစ်ဗုံးတစ် လုံး အတင်းထည့်ပေးတယ်။
“မင်းမပစ်ရင် မင်းကို ရန်သူတွေက ပစ်သွားလိမ့်မယ်”

သူ ဘာလုပ်လို့ လုပ်ရမလဲ မသိ။

“ပစ်”
ဗိုလ်ကြီးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် လက်ထဲကဗုံးကို စနတ်တံဖြုတ် ပြီး ပစ်လွှတ်လိုက်တယ်။
“ဟာ”
တုန်တုန်ယင်ယင် ပစ်လိုက်တဲ့ဗုံးက ရန်သူတွေရှိရာကို မရောက်ဘဲ သူ့ ရှေ့တည့်တည့်မှာပဲ ပြန်ကျလာတယ်။

“ပြေး”
စူးစူးဝါးဝါးအော်သံနဲ့အတူ ၀ပ်နေရာကနေ ထလိုက်တယ်။ အရေးထဲ သစ်ကိုင်းခြောက်တွေနဲ့ ငြိနေသေးတဲ့အတွက် ရုတ်ခြည်းထလို့မရ။ လုပ်ပါဟ မြန်မြန်။ ဟို...ဟိုမှာ ပေါက်တော့မယ်။
ကျာ်ကျော်လို့ အမည်ရှိတဲ့ကောင်လေးဟာ ကြေက်လန့်တကြားနဲ့ အားအကုန်သုံးပြီး ရုန်းထ လိုက်တော့မှသာ...

ကတ်သီးလေး။ တစ်စက္ကန့်ရဲ့ ဆယ်ပုံ တစ်ပုံလောက်ပဲ စောပြီး ထလိုက် နိုင်တဲ့အတွက် ဗုံးဒဏ်က လွတ်သွားပါတယ်။ ဒီတစ်ခေါက်လေထဲကို မြောက် တက်သွားတာလောက် စိတ်ချမ်းသာဖို့ကောင်းတာ မရှိ။ ပေါ့ပါးတာ မရှိ။ မကြာပါဘူး။ ထုံးစံအတိုင်း နေရာသစ်မှာ သူ့ခန္ဓာကိုယ်ဟာ ညင်ညင်သာ သာလေး ပြန်ကျသွားပါတော့တယ်။
ပထမဆုံး သတိ ထားမိတာက ရယ်သံ၊ သူ့ ဘ၀မှာ တစ်ခါမှမကြားဖူးတဲ့ ရယ်သံမျိုး။ ဘာကြောင့်မှန်းမသိ ရယ်သံတွေကြားရုံနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကြယ်သီးတွေ တဖြန်းဖြန်း ထလာတယ်။ သူကလည်း ဘယ်လိုနေရာမျိုးပါ့ လိမ့်ဆိုပြီး သိချင်စိတ်ပြင်းပြင်းနဲ့ မျက်လုံးကို အလျင်အမြန်ဖွင့်လိုက်တယ်။

“အလို”
သူထွက်ပြေးခဲ့တဲ့ ခုနကနေရာနဲ့တော့ တခြားစီပဲ။ သွေးရဲရဲ သံရဲရဲ ယောက်ျားကြီးတွေ တစ်ယောက်မျှ မရှိ။ ယမ်းနံ့တွေ၊ ဗုံးသံတွေ မရှိ။ ကြည့်စမ်းပါဦး။ အင်မတန် ချောမော လှပတဲ့ မိန်းမပျိုလေးများ၊ တောင့်တင်း ပြေပြစ်တဲ့ ခန္ဓာ ကိုယ်အချိုးအဆစ် ပိုင်ရှင် မိန်းမငယ်လေးများ၊ ကြည်လင် အေးချမ်းတဲ့ ရေကန်ကြီး တစ်ကန်ထဲမှာ မြူးထူးပျော်ပါးနေကြတယ်။ တောပန်းရိုင်းလေး တွေအနံ့က မွှေးအီ သင်းပျံ့နေတယ်။

ရေကန်ထဲက ကာင်မလေးတွေ အကုန်လုံး ကလည်း ရဲထွဋ်လို့အမည်ရှိတဲ့ သူ့အဖေနဲ့ ဒေါ် မြတ်ချယ်လို့အမည်ရှိတဲ့ သူ့အမေတို့ သူအိပ် ပျော်သွားပြီ အမှတ်နဲ့ ဖွင့်ကြည့်တတ်တဲ့ ဇာတ် ကားတွေထဲကလို တစ်ယောကကို တစ်ယောက် ပွတ်သပ်ကြည်နူးနေကြတယ်။ သူရောက်နေတာ ကို ကောင်မလေးတွေက သတိထားမိပုံမပေါ်။

ကည့်ရင်း၊ ကြည့်ရင်း ရှက်လာတာနဲ့ မျက်စိမှိတ်လိုက်တယ်။ ဒါပေမဲ့ မရ။ ခိုးခိုးခစ် ခစ်ရယ်သံတွေ ကြားနေရဆဲ။ မွှေးပျံ့အီဝေတဲ့ တောရိုင်းပန်းအနံ့တွေက စူးရှပြင်းထန်။ သူ့ခေါင်းကြီး ထူပိန်းလာတယ်။ ရင်တွေ တဒိုင်းဒိုင်းခုန် လာတယ်။ မတ်တတ်မရပ်နိုင်တော့လောက် အောင် ဒူးနှစ်ဖက်ပျော့ခွေသွားတယ်။

“ချွတ်”
သစ်ရွက်ပုံပေါ်ကို ဒူးထောက်လဲကျသွားတဲ့ အတွက် အသံ ထွက်သွားတယ်။ ရေကန်ကြီးထဲက ကာင်မလေးတွေ အသံလာရာဘကကို လှည့် ကြည့်ကြတယ်။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးကို ထင်းထင်းကြီးတွေ့သွားပါပြီ။

“ဒုက္ခပါပဲ”
တွေးရင်း တွေးရင်းလန့်လာတယ်။ ကောင် မလေးတွေ ရေကစားနေတာကို ချောင်းကြည့် တာ လူမိသွားပြီ။ ၀ိုင်းပြီးပြဿနာရှာကြရင် ဘယ်လို လုပ်မလဲ။ မဟုတ်။ သို့သော် မဟုတ်။ ကောင်မလေးတွေက သူ့ကိုတွေ့တဲ့အခါ စိတ်ဆိုးဒေါသထွက်ပုံ မပြ။ တစ်ချက်အံ့သြသွား ပြီးတဲ့နောက် တခစ်ခစ်နဲ့ သူ့ကိုလက်ညှိုးထိုး ရယ်မောနေကြတယ်။ ရယ်နေရင်းနဲ့ ရေကန်ထဲကို ဆင်းလာဖို့ လက်ယပ်ခေါ်နေကြတယ်။

ကျာ်ကျော်လို့ အမည်ရှိတဲ့ကောင်လေးဟာ ကိုယ့်အဖြစ်ကိုကိုယ် မယုံနိုင်။ ကြည့်ပါဦး။ အချောအလှတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ရေကန်ထဲကို ဆင်းရတော့မယ်။ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်း။ တွေဝေနေစရာ မလို။ စဉ်းစားနေစရာ မလိုတော့။

“ဗွမ်း”
ကျာ်ကျော်လို့ အမည်ရှိတဲ့ကောင်လေးဟာ ၀မ်းသာအားရနဲ့ ရေကန်ထဲကို ဆင်းမလို့ ခြေ လှမ်းကြွလိုက်ရာတွင်ပဲ...

“ဗွမ်း”
လေထဲမြောက်သွားပြီး ပြန်ပြုတ်ကျတဲ့အခါ အရင်အခေါက်များလို မြေပေါ်သို့ မကျ။ ရေထဲ ကို ပြတ်ကျတယ်။ ကောင်မလေးတွေများ ရှိမလားလို့ လှည့် ပတ်ရှာပါသေးတယ်။ တစ်ယောက်မျှ မရှိတော့။ ဖြူဖြူဖွေးဖွေး အခဲကြီးများသာ သူ့ဘေးမှာ ပေါ လောပေါ်နေတယ်။ အေးလိုက်တာလည်း ပြော မနေပါနဲ့။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီ။

“အွင့်”
ငလျင်များလား မသိ။ သိမ့်သိမ့်ခါ လှုပ် ယမ်းသွားတယ်။ သူ့ခန်္ဓာကိုယ်ဟာ ရေထဲမှာ မြုပ်ချည် ပေါ်ချည်နဲ့ ချာချာလည်နေတယ်။ အေး စက်စက် အခဲအတုံးကြီးတွေ တစ်တုံးနဲ့တစ်တုံး တိုက်မိကြပြီး တခွပ်ခွပ်အသံတွေ မြည်နေတယ်။

“ထွီ”
ပါးစပ်ထဲကို ၀င်လာတဲ့အရည်တွေကို ပြန် ထွေးထုတ်လိုက်တယ်။ ခါးလိုက်တာ။ အနံက လည်း ဆိုးပါ့။ ကျော်ကျော်လို့အမည်ရှိတဲ့ ကောင် လေးဟာ ပါးစပ်ထဲကိုလည်း အရည်တွေထပ် မ၀င်အောင် သတိထားရ၊ ရေမနစ်အောင်လည်း ကြိုးစားရနဲ့ တော်တော်ဒုက္ခ ရောက်နေရှာတယ်။

အဲဒီလိုတစ်ယောက်တည်း ဒုက္ခရောက်နေ တုန်း အရည်တွေဟာ တစ်ဖက်သို့စောင်းသွား တယ်။ ဒလဟောနဲ့အပြင်ကို ရေတွေစီးကျပါ တော့တယ်။ သူလည်း ရေစီးနဲ့အတူ မျောပါသွား တယ်။ မဟုတ်ဘူး။ အပြင်ကို စီးသွားတာ မဟုတ် ဘူး။ ဂူကြီးတစ်ခုထဲကို စီးဝင်သွားတာ။ အပုပ်နံ့တွေ လှိုင်လှိုင်ထနေတဲ့ ဂူကြီးထဲကို စီးဝင်သွားတယ်။ ဒါနဲ့လည်း မရပ်သေး။ ပိုပြီးကျဉ်းတဲ့ နေရာထဲကို ရောက်သွားပြန်တယ်။အေးအေးစက်စက် အတုံးကြီးတွေ ပါမလာတော့တဲ့ အတွက် အအေးဒဏ်က တော့ အတော်လေး သက်သာသွားပါပြီ။

ဒါပေမဲ့ အနံ့ကတော့ အထဲကိုရောက်လေ ပိုနံလေပဲ။ ရေစီးအရှိန်က တဖြည်းဖြည်းနှေးသွားပြီ။ ဒါနဲ့ သူလည်းနီးစပ်ရာကမ်းပေါ်ကို လေးဖက် ထောက်လိုက်တယ်။ ဘယ်လိုကြီးလဲဟ။ ပျော့စိစိကြီး၊ ဘေးပတ်ပတ်လည်မှာလည်း အရိ အရွဲတွေက အပုံလိုက်၊ အထပ်လိုက်။ ပတ်ဝန်းကျင်ကြီး တစ်လုံးက မသတီ စရာကောင်းလိုက်တာ။
“ချွတ်”

အသံလာရာဘကကို လှည့်ကြည့်လိုက်တယ်။ ခြေတွေ၊ လက်တွေ မပါတဲ့လုံးလုံးဝန်းဝန်း အကောင်တစ်ကောင်။ အမွေးအမှင်အရှည်ကြီး တွေနဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်ထားတယ်။ နံရံမှာတွယ် ကပ်နေတဲ့ အရိအရွဲတွေ ကို အားရပါးရ ခွာယူ စားသောက်နေကြတယ်”

“ချွတ်...ချွတ်...ချွတ်”
နောက်တစ်ကောင်ပြီး တစ်ကောင်ပြီး နောက်ထပ်တစ်ကောင်။ နံရံ ပေါ်က အရိအရွဲတွေကို အလှအယက် စားသောက်နေကြတယ်။ ဘယ်လိုနေ ရာကြီးလဲဟ။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ သူရောက်နေတဲ့ နေရာကို စဉ်းစားလို့မရ။ ရွံစရာကောင်းတာတော့ မျက်မြင်လက်တွေ့ပဲ။

ရွံစရာကောင်းတဲ့ ဒီနေရာကနေ ထွက်ပြေးဖို့အတွက် ထတယ်။ လေး ဖက်ထောက်ရာကနေ ထတယ်။ ချောကျိနေတဲ့ အရိအရွဲတွေကြောင့် လွယ် လွယ်နဲ့ထလို့ မရ။ ပြန်လဲကျတယ်။ သူရှိနေတာကို အမွေးဖွားဖွားနဲ့ကောင် တွေက သတိပြုမိသွားပြီ။ သူ့နားကို ခုန်ဆွခုန်ဆွနဲ့ တိုးကပ်လာတယ်။
ကယ်...ကယ်တော်မူကြွပါဦး”

ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ ကြေက်ကြေက်လန့်လန့်နဲ့ ပြန်ထတယ်။ မရ။ လုံးဝထလို့မရ။ တဗိုင်းဗိုင်း ပြန်လဲကျတယ်။
“ရှူး...ရှူး...ရှူး...”
နှာမှုတ်သံပြင်းပြင်းနဲ့ အမွေးအမှင်ကောင် ကြီးတွေဟာ သူ့ပတ်လည်မှာ ၀ိုင်းထားကြတယ်။ သူ့ကို စူးစမ်းအကဲဖြတ်နေကြတယ်။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေး အနေနဲ့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့။

နီးစပ်ရာကောင်တစ်ကောင်ရဲ့ အမွေးကြီးကို လှမ်းဆွဲလိုက်ပြီး အားယူ ကာထလိုက်တယ်။ ကြိုးစားပမ်းစား မတ်တတ်ရပ်ပြီး ခြေတစ်လှမ်းကို ခပ် သွက်သွက်လှမ်းလိုက်ရာတွင်...

လေထဲကို လွင့်သွားတဲ့ ခန္ဓာကိုယ်ကြီးက နောက်ထပ်တစ်နေရာကို ရောက်ရှိသွားပါတယ်။ ဘယ်လို အကောင်မျိုးတွေနဲ့ ထပ်တွေ့ဦးမှာလဲလို့ ပြူးပြူးပျာပျာနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ဘာအကောင်မှ မတွေ့ရပေမဲ့ သူတွေ့ လိုက်ရတဲ့ အရာတွေကတော့။

“ပိုက်ဆံ”     ဟုတ်ပါပေ့။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးရဲ့ ဘေးပတ်ပတ် လည်မှာ ပိုက်ဆံတွေ နည်းနည်းနောနော မဟုတ်။ အပုံလိုက် အထပ်လိုက်။ လူတွေကိုးကွယ်ကြတဲ့ ပိုက်ဆံတွေလေ။

အခုလောက်များပြားတဲ့ ပိုက်ဆံကြီးကို သူ့ဘ၀မှာ တစ်ခါမျှ မတွေ့ဖူး ခဲ့။ ဒီပိုက်ဆံတွေနဲ့သာဆိုရင် ရဲထွဋ်လို့အမည်ရှိတဲ့ သူ့အဖေလည်း တစ်နေ ကုန် တစ်နေခန်း နေပူကြီးထဲမှာ ကားမောင်းနေစရာ မလိုတော့သလို ဒေါ် မြတ်ချယ်လို့ အမည်ရှိတဲ့ သူ့အမေအတွက်လည်း တီဗီကြော်ငြာထဲက ရွှေ လက်ကေက်တွေ ၀ယ်ပေးနိုင်ပြီလေ။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ လောဘတကြီးနဲ့ နီးရာ ပိုက်ဆံထုပ်ကို လှမ်းဆွဲလိုက်တယ်။

“ဟာ”
က်ထဲက ပိုက်ဆံထုပ်ကို အလန့်တကြား ပြန်လွှတ်ချလိုက်တယ်။  ကြည့်ဦးလေ။ ပိုက်ဆံပေါ်မှာ ရိုက်နှိပ်ထားတာက ခြင်္သေ့ပုံတွေ၊ ဆင်ပုံတွေ မဟုတ်ဘဲ အစွယ်ငေါငေါ ထနေတဲ့မကောင်းဆိုးရွား ရုပ်ပုံတွေ။ သူ့ကို ကုတ်ဖဲ့ စားတော့မတတ် ပြူးပြဲကြည့်နေတယ်။

ဒါ...ဒါဆို ဒီပိုက်ဆံတွေက မကောင်းဆိုးရွားတွေ သုံးတဲ့ ပိုက်ဆံတွေ လား၊ ပိုက်ဆံသုံးတာတွေက မကောင်းဆိုးရွားတွေလား။ ပိုက်ဆံဆိုတာ မကောင်းဆိုးရွားလား။ မကောင်းဆိုးရွားဆိုတာ ပိုက်ဆံလား။ ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ ကြေက်ကြေက်လန့်လန့် နဲ့ နောကကို ခြေလှမ်းဆုတ်လိုက်ရာ...

ဟင့်အင်း... မဟုတ်သေးဘူး။ လေထဲကို တစ်ချက်ခုန်သွားပြီး ပြန် ကျတဲ့နေရာကို ကြည့်လိုက်တယ်။ ဟင့်အင်း။ မဟုတ်သေးပါဘူး။
“အိမ်”
“ပြန်ပို့ပေးကြပါ”
ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ ဆို့ဆို့နစ်နစ် အော်လိုက်တယ်။

“ဖေကြီး မေကြီးတို့ဆီ ပြန်ပို့ပေးကြပါ”
နောက်တစ်လှမ်း။ နောက်တစ်ခုန်။ နောက်တစ်နေရာ။ ဟင့်အင်း။ မဟုတ်သေးဘူး။
“ကျောင်းသွားရဦးမယ်”

“သူငယ်ချင်းတွေ စောင့်နေပြီ“
ဘယ်သူမှ မကြားနိုင်ပေမဲ့ ကျော်ကျော်လို့အမည်ရှိတဲ့ ကောင်လေးဟာ အော်ဟစ်တောင့်တနေဆဲ။
ထို့အတူ...
နောက်ထပ်တစ်လှမ်း။ နောက်ထပ်တစ်ခုန်။ နောက်ထပ်တစ်နေရာ။ ဟင့်အင်း။ ဟင့်အင်း။ မဟုတ်သေးပြန်ဘူး။
“အို”
ဘာဖြစ်လို့ ငါ့အသားတွေ ပျော့တွဲလာတာလဲ။
“ဟာ”
ဘာဖြစ်လို့ အမွေးအမှင်တွေ ထူထဲလာရတာလဲ။
“ဟင်”
ဘာဖြစ်လို့ တစ်ကိုယ်လုံးတုန်ချည့်ပြီး အားအင်တွေ လျော့ရဲသွားတာလဲ။
“အိမ်”
လည်ချောင်းကွဲမတတ် အော်လိုက်တယ်။
“ပြန်ပို့ပေးကြပါ”

လေပူကြီးတွေ တဟူးဟူး တိုက်နေတယ်။
ခြောက်ခန်းခြင်းက ပတ်ဝန်းကျင်အနှံ့ လွှမ်းခြုံ ထားတယ်။
ဖုန်မှုန့်တွေက လွဲလို့အပင်တွေ၊ သတ်္တ၀ါတွေ တစ်ခုမျှမရှိ။ ကန်္တာရလွင်ပြင် ကျယ်။
ရှည်လျားနေတဲ့ ဆံနွယ်များဟာ လေပူကြီးနဲ့ အတူဝဲပျံနေတယ်။ ခန်္ဓာကိုယ်ကြီးကတော့ ကန္တာ ရကြမ်းပြင်ပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လို့။
ခြွေမကြွ။
ဟုတ်တယ်။ ခြေတစ်လှမ်းမှ မကြွချင်တော့ ဘူး။ ဘယ်အရပ် ဘယ်ဌာနီရောက်မယ်မှန်း မသိ တဲ့ခြေလှမ်းမျိုးကို တစ်ရွေးသားမျှ မလှမ်း ချင်တော့။ ရွံစရာကောင်းတဲ့နေရာတွေကို မရောက် ချင်တော့။ ကြေက်စရာကောင်းတဲ့ အဖြစ်ဆိုး တွေကို မကြုံချင်တော့။ ဖိနပ်ခေါ်ရာနောက် တကေက်ကေက် လိုက်နေရတဲ့ ဘ၀ကြီးကို မလိုချင်တော့ပေ။

ချွတ်ကြည့်ပါသေးတယ်။ ခြေဖ၀ါးအောက က ခုန်ဖိနပ်ကို ကြိုးစားပမ်းစား ချွတ်ကြည့်ပါ သေးတယ်။ မရမက ချွတ်ကြည့်ပါသေးတယ်။ ဘယ်လိုမှ မရတဲ့အတွက် လက်လျှော့လိုက်ရတယ်။ အခုတော့ လက်ခံလိုက်ရပြီ။ ဟိုခုန်ဒီခုန်ဘ၀ ဆိုတာ မလိုချင်လည်း ရင်ဆိုင်ရမယ်ဆိုတာကို လက်ခံလိုက်ရပြီ။ မလိုက်ချင်တဲ့ ဖိနပ်နောကကို လိုက်နေရမှာပဲဆိုတာကို လက်ခံလိုက်ရပြီ။ မသွားချင်တဲ့ခရီးတွေကိုပဲ သွားနေ ရတယ်ဆိုတာ ကို လက်ခံလိုက်ရပြီ။

ဒီကန္တာရ လွင်ပြင်ကြီးထဲမှာပဲ အထီးကျန် တစ်ယောက်တည်း ကိုယ့်ဘ၀ ကိုယ် ပုဒ်မချ လိုက်တော့မယ်လို့ ကျော်ကျော်လို့ အမည်ရှိတဲ့ လူတစ်ယောက်ဟာ သန်္နိဋ္ဌာန် ချလိုက်တယ်။
ဘာနာမည်မှ မရှိတဲ့ ကျောက်တုံးကြီး တစ်တုံးလို။
ဘယ်လိုမျှမရွေ့တဲ့ သစ်ပင်ကြီး တစ်ပင်လို။
စွဲစွဲမြဲမြဲရပ်တည်လို့။


မြေမှုန်လွင်
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)



 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis