menu

Wednesday 18 July 2012

တိုကျိုတွင် နျူဆန့်ကျင်ရေး လူတစ်သိန်းကျော်ဆန္ဒပြ




တိုကျိုတွင် နျူစွမ်းအင်သုံးစွဲမှု ပိတ်ပင်ရေး ဆန္ဒပြသူများကို ဇူလိုင်လ ၁၆ ရက်တွင် တွေ့ရစဉ် Photo:AFP
ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် လူထောင်ပေါင်းများစွာသည် ဇူလိုင်လ ၁၆ ရက်က နျူစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာ ဖူကူရှီးမား နျူကလီးယားအကျပ်အတည်းအပြီး နျူစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြမှုများအနက် နောက်ဆုံးဆန္ဒပြမှုတစ်ခု ဖြစ်လာခဲ့သည်။
အစိုးရ ရုံးပိတ်ရက်ဖြစ်သည့် ယင်းနေ့တွင် နေမှာပူပြင်းနေသော်လည်း ဆန္ဒပြသူများအတွက် ယိုယိုဂျီပန်းခြံအနီး လမ်းများတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ပြီး ''နျူစွမ်းအင်စီမံကိန်း ပြန်စခြင်း ရပ်ဆိုင်းပါ။ ၀န်ကြီးချုပ် နိုဒါ နုတ်ထွက်သင့်ပါတယ်''ဟူသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။
ဆန္ဒပြသူ အရေအတွက်မှာ ၁၇၀၀၀၀ အထိရှိမည်ဟု ဆန္ဒပြမှုစီစဉ်သူများက ပြောကြားခဲ့ရာ ပြီးခဲ့သောနှစ် သဘာဝဘေးအန္တရာယ်နှင့် နျူအကျပ်အတည်းအပြီး လူအများဆုံး ပါဝင်ဆန္ဒပြမှုတစ်ခု ဖြစ်ခဲ့သည်။ ဆန္ဒပြသူများတွင် နိုဘယ်ဆုရ စာရေးဆရာ ကင်ဇာဘူရိုအိုအီနှင့် ဂီတပညာရှင်နှင့် တေးရေးဆရာ ရူအီချီဆာကာမိုတိုတို့လည်း ပါဝင်သည်။
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis