menu

Wednesday 18 July 2012

ယနေ့လူကုန်ကူးမှု(၀င်းနိုင်ထွန်း)

မြန်မာနိုင်ငံ၏ လူကုန်ကူးခံရသူတွင် အမျိုးသမီးပါဝင်မှုသည် ၈၅ ရာခိုင်နှုန်းရှိပြီး၊ ကလေးသူငယ် လူကုန်ကူးခံရမှုသည် ၄.၃၈ ရာခိုင်နှုန်းဖြစ်သည်  . . .


နိုင်ငံတကာ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း (International Organization for Migrantion,IOM)၏ ကိန်းဂဏန်းများအရ လူကုန်ကူးခံရသည့် ကလေးများကို ကူညီသည့် အရေအတွက်သည် ၂၀၁၁ ခုနှစ်အတွင်း ၂ç၀၄၀ ဦးထိ တိုးတက်များပြားလာခဲ့သည်။ ၂၀၀၈ ခုနှစ်ကဆိုလျှင် ကလေးငယ် ၁ç၅၆၅ ဦးအား ကူညီပေးခဲ့သဖြင့် ကူညီမှုနှုန်း မြင့်တက်လာခဲ့သည်။ ထိုအဖွဲ့အစည်းသည် ၉၁ နိုင်ငံတွင် ၈၉ ဖွဲ့ ဖွဲ့စည်းအလုပ်လုပ်နေရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူး ခံနေရသူ အရွယ်ရောက်သူ ၃ç၀၁၂ ဦးမှ ၃ç၄၀၄ ဦးထိ တိုးပွားမြင့်တက်စွာ အကူအညီပေးခဲ့ကြရသည်။ ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းမြင့်တက် အကူအညီပေးခဲ့ကြသည်။ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးများ၏ အကူ အညီပေးသည့် အရေအတွက်မှာမူ ၂၀၀၈ ခုနှစ်က ၃,၄၀၄ဦး အကူအညီပေးခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်လည်း အရေအတွက် သိသိသာသာ မြင့်တက်လာခြင်းမရှိ ၃,၄၁၅ ဦးကို အကူအညီပေးခဲ့ကြရသည်။

လူကုန်ကူးခံရသည့် အမျိုးသားများကို အကူအညီပေးရသည့် အရေအတွက်ကတော့ သိသာစွာမြင့်တက်ခဲ့သည်ကို တွေ့ရှိရသည်။ ၂၀၀၈ ခု နှစ်က ၁,၆၅၆ ဦး ကူညီပေးခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၂၀၄၀ ဦးထိ သိသာမြင့်တက်စွာ အကူအညီပေးခဲ့ ကြခြင်း ဖြစ်သည်။ ထိုအမျိုးသားများ လူကုန်ကူးခံရမှု အရေအတွက် မြင့်တက်မှုကို ကြည့်ခြင်းအားဖြင့် လုပ်အားခေါင်းပုံဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသားများ လူကုန်ကူးခံနေရသည်ကို လူအများ သိရှိလာစေသည်။အနီးစပ်ဆုံး သာဓကပြရမည်ဆိုလျှင် ထိုင်းနိုင်ငံမှ အလုပ်ရှင်များနှင့် ငါးဖမ်းလှေပိုင်ရှင်များသည် ဈေးပေါပေါဖြင့် အလုပ်သမားများကိုသာ အလိုရှိကြသည်။ တချို့ဖြစ်ရပ်များတွင် ကျွန်ပြုလိုသည့်ပုံစံမျိုးဖြင့် အလုပ်ခိုင်းစေလေ့ရှိကြသည်။ထိုသို့စုဆောင်းခံရသော အလုပ်သမားများသည် နောက်ဆုံးတော့ လူကုန်ကူးခြင်းခံရသည့် သားကောင်ဘ၀ ကျရောက်ကြသည်။ အခြားအလွဲသုံးစားပြုမူများ ခံစားကြရတော့သည်။
၂၀၁၁ ခုနှစ် ရွှေ့ပြောင်းသွား လာနေထိုင်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း၏ ထိုင်းငါးဖမ်းလုပ်ငန်းအား လေ့လာတွေ့ရှိချက်များအရ ထိုလုပ်ငန်း၏ လက္ခဏာသည် ကြားခံဆောင်ရွက်ပေးသူများ(သို့)တစ်ဆင့်ခံ ကန်ထရိုက်တာများဖြင့် တရားမ၀င် အလုပ်သမား စုဆောင်းလေ့ရှိသည်။ လုပ်ငန်းခွင် အခြေအနေနှင့် လုပ်ခလစာများမှာ ထင်သာမြင်သာ ပွင့်ပွင့်လင်းလင်း သိမြင်နိုင်ခြင်းမရှိချေ။ ထိုလုပ်ငန်းစဉ်၏ အဆင့်ဆင့်တိုင်းသည် လူကုန်ကူးရန်နှင့် အလွဲသုံးစားပြုမှုရန်သာ အားပေးရာရောက်သည့် ပြုမူမှုများပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူကုန်ကူးခံရသူတွင် အမျိုးသမီးပါဝင်မှုသည်
၈၅ ရာခိုင်နှုန်းရှိပြီး၊ ကလေးသူငယ် လူကုန်ကူးခံရမှုသည်
၎.၃၈ ရာခိုင်နှုန်းဖြစ်သည်  . . .
မြန်မာနိုင်ငံ၏ လူကုန်ကူးခံရသူတွင် အမျိုးသမီးပါဝင်မှုသည် ၈၅ ရာခိုင်နှုန်းရှိပြီး၊ ကလေးသူငယ် လူကုန်ကူးခံရမှုသည် ၄.၃၈ ရာခိုင်နှုန်းဖြစ်သည်  . . .
လုပ်အားအတွက် လူကုန်ကူးခံရသည့်အမှုများသည် ၂၀၀၈ ခုနှစ်တွင် ၂,၀၃၁မှုရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၂,၉၀၆ မှုတိုးပွားလာသည်။ ရာခိုင်နှုန်းအားဖြင့် ၄၃ ရာခိုင်နှုန်း မြင့်မားလာခဲ့သည်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်ကြံရွယ်ချက်ဖြင့် လူကုန်ကူးမှုအမှုများသည် ၁၉ ရာခိုင် နှုန်းခန့် လျော့ကျဆင်းလာသည်ကို တွေ့ရသည်။ လွန်ခဲ့သည့်လေးနှစ် စောစောပိုင်းက ၁,၈၆၆ မှုရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် ၁,၅၀၇ မှုသာ လျော့ကျလာခြင်းဖြစ်သည်။
ယခင်ကလိင်မှုဆိုင်ရာ ခေါင်းပုံဖြတ်မှုကိုသာ ဦးတည်ဆောင်ရွက်ရာမှ ယခုအခါ လုပ်အားခေါင်းပုံဖြတ်ခြင်းအပါအ၀င် ပုံစံမျိုးစုံသောခေါင်းပုံဖြတ်မှုမျိုးကိုပါ အလေးထား တားဆီးကာကွယ်ကြရမည်ဖြစ်သည်။ ကိန်းဂဏန်း စာရင်းဇယားများ အခိုင်အမာရှိလာပြီဖြစ်သည့်အတွက် ပစ်မှတ် ရွှေးချယ်၍ တားဆီးကာကွယ်ရန်နှင့် လူကုန်ကူးသူများကိုသာ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ၊ အမြတ်ထုတ်သူများအားလုံးကိုလည်း အရေးယူနိုင်ရန် လိုအပ်လာသည်။
မူရင်းနိုင်ငံများတွင် လူကုန်ကူးမှုဖြစ်ရသည့် အကြောင်းရင်းများမှာ များသောအားဖြင့် ဆင်းရဲမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် အခွင့်အလမ်းများ ကင်းမဲ့နေမှုများတို့ကြောင့် ဖြစ်ရသည်။ ထိုအချက်များက အခြားနိုင်ငံများတွင် သွားရောက်ရှာဖွေရန် တွန်းအားများဖြစ်နေသည်။ ထို့ကြောင့် အခြား နိုင်ငံများတွင် လိမ်လည်ဖျားယောင်းကာ အလုပ်ရမည်ဟု ဆွဲဆောင်စည်းရုံးကြသည့် လူကုန်ကူးသူများ၏ သားကောင်အဖြစ် အလွယ်တကူ ကျရောက်ရတော့သည်။ နိုင်ငံရေးပဋိပက္ခဖြစ်မှုနှင့် လူသားချင်းဆိုင်ရာ ပဋိပက္ခများက လူများကို အိမ်ပစ်ယာပစ်ပြေးစေ ခဲ့ရသည်။သို့ကြောင့်လည်း ထိုအုပ်စုသည် ဘ၀ရပ်တည်ရန် အခက်ခဲဆုံး အုပ်စုဖြစ်ခဲ့ရာ ကလေး များနှင့် အမျိုးသမီးများက ပိုထိလွယ်ခိုက်လွယ်အုပ်စု ဖြစ်လာခဲ့သည်။ လူကုန်ကူးသူများနှင့် ပြစ်မှုအုပ်စုဖွဲ့ ကျူးလွန်သူများ၏ ပစ်မှတ်ဖြစ်လာခဲ့ရသည်။ ကမ္ဘာနှင့်အ၀ှမ်း ဖွံဖြိုးမှုအနည်းဆုံး ဒေသများ ရှိ ကလေးများကို မိသားစု၏ စီးပွားရေး အကျပ်အတည်းကြောင့် အလွန်ကြွယ်ဝချမ်းသာသည့် မိတ်ဆွေအပေါင်းအသင်းများထံ အပ်နှံခဲ့ကြသည်။ ထိုကလေးများ၏ ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ရည်ရွယ်၍ဖြစ်သည်။
သို့သော် ထိုသို့ပြုမူမှုများသည် တစ်ခါတစ်ရံ ကျွန်ပြုခံရဖို့ လူကုန်ကူးသူများ၏ ဈေးကွက်အတွင်းသို့ သက်ဆင်းကျရောက်ခဲ့ကြသည့် ကလေးများလည်း ရှိလာနေသည်။ တချို့ဒေသများမှ နိုင်ငံများတွင် အမျိုးသမီးများနှင့် မိန်းကလေးများကို ယဉ်ကျေးမှု ဓလေ့များနှင့် လူမှုရေးနယ်ပယ်တို့တွင် ကျားမခွဲခြားဆက်ဆံမှုများနှင့် ဆက်နွယ်သည့် ၎င်းတို့အား ဘေးဖယ်ထားခြင်း၊ မိရိုးဖလာအရနာခံ ရခြင်းများရှိကြသည်။ ထိုအလေ့အထများက မိတ်ဆွေအပေါင်းအသင်းများနှင့် မိသာစုများကပါ ၎င်းတို့ကို အရောင်းအ၀ယ်ပြုလုပ်ရန် အားပေးရာရောက် သလို ဘ၀ရပ်တည်ရန် ခက်ခဲအောင် လုပ်သကဲ့သို့ ဖြစ်နေကြရသည်။ ဆိုက်ရောက်သည့် နိုင်ငံများတွင် လူကုန်ကူးမှုဖြစ်ရသည့် အကြောင်းရင်းတွင် အရေးကြီးဆုံးသော အချက်တစ်ချက်သည် ဈေးသက်သာသည့် အလုပ်သမား လိုအပ်မှုတောင်းဆိုမှုပင် ဖြစ်သည်။
ထိုဈေးပေါသည့် အလုပ်သမားများက ထိုနိုင်ငံ၏ လုပ်ငန်းများကို အကျိုးအမြတ် ဖြစ်ထွန်းစေသည်။ ထိုတောင်းဆိုမှုများသည် တရားမ၀င် ရွှေ့ပြောင်းအလုပ်လိုသူများအတွက် ရောလူမှောင်ခိုလုပ်ငန်းနှင့် လူကုန်ကူးမှု လုပ်ငန်းများအတွက်ပါ အားပေးအားမြောက်ပေးသလိုဖြစ်နေစေ သည်။ ပြည်ပနိုင်ငံမှ အမျိုးသမီးများကို ထိုဆိုက်ရောက်နိုင်ငံများ၏ လိင်လုပ်ငန်းများသို့ လိုအပ်ချက်ပြည့်မီရန် အမျိုးသမီးများနှင့် အရွယ်မရောက် သေးသူများကို လူသုံးကုန်ပစ္စည်းများကဲ့သို့ အကျပ်ကိုင် လုပ်ခိုင်းခြင်း၊ ပို့ဆောင်ပေးခြင်းနှင့် အဓမ္မခိုင်းစေခြင်းများ ရှိနေသည်။ ထိုနိုင်ငံများ၏ တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေးမူဝါဒများက လူကုန်ကူးသူနှင့် လူမှောင်ခိုသူများ၏ တရားမ၀င်လမ်းကြောင်းမှ ရွှေ့ပြောင်းအလုပ်သမား တင်သွင်းရေးကို အားကိုးအားထားပြုရန် တွန်းအားတစ်ရပ်ဖြစ်နေသည်။
လူကုန်ကူးမှုပြဿနာ ကိုင်တွယ်ဖြေရှင်းရာတွင် မူရင်းနိုင်ငံ(Source Country)များကိုသာ အပြစ်တင်နေခဲ့ကြသော်လည်း ယခုအခါ ဆိုက်ရောက်နိုင်ငံ(Source Country)များကပါ နိုင်ငံတကာက အသိအမှတ်ပြုလာသဖြင့် မူရင်းနိုင်ငံ၊ ဆိုက်ရောက်နိုင်ငံ နှစ်ဖက်စလုံးတွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန် လိုအပ်သည်။
နိုင်ငံတကာ လူကုန်ကူးမှုအမှုများသည် ၂၀၀၈ ခုနှစ်တွင် ၄,၀၆၆ မှုရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ၃,၅၃၁ မှုထိ ကျဆင်းလာခဲ့သည်။ ရာခိုင်နှုန်း အားဖြင့် ၁၃ ရာခိုင်နှုန်းကျဆင်းသည်။ သို့သော် ပြည်တွင်းလူကုန်ကူးမှုများမှာမူ ၂၀၀၈ ခုနှစ်တွင် ၇၁၃ မှုရှိခဲ့ရာမှ ၂၀၁၁ခုနှစ်တွင် ၁,၇၀၈ မှု ထိ မြင့်တက်နေသည်ကို တွေ့ရသည်။ ရာခိုင်နှုန်းအားဖြင့် ၁၄၀ ထိ ဖြစ်သည်။ နိုင်ငံတကာ လူကုန်ကူးမှုများ လျော့ကျလာခြင်းသည် နယ်စပ်ဒေသထိမ်းချုပ်မှုများ ပီပြင်လာမှုနှင့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများ အကျိုးများမှုတို့ကြောင့် ဖြစ်သလို နိုင်ငံတွင်း လူကုန်ကူး မှုမြင့်တက်လာမှုများသည် အသိပညာပေးမှုနှင့် ပြည်တွင်းပြဋ္ဌာန်းထားသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေများ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေမှုတို့ကို အလေးအနက် စဉ်းစားသုံးသပ်ရမည်ကို ပြသနေခြင်းဖြစ်သည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ထိရောက်စွာ အကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပါက အကြံပြုစေခြင်းများ၊ လူကုန်ကူးမှုများကို မြန်ဆန်စုံစမ်းစစ်ဆေးခြင်း၊ တရား စွဲဆိုခြင်းနှင့် စစ်ဆေးစီရင်ခြင်းများ ဆောင်ရွက်ခြင်းနှင့် ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်များချမှတ်ခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်အတွင်း နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း(IOM) မှ လူကုန်ကူးခံရသူများ ကူညီခဲ့သူပေါင်း ၅,၄၉၈ ဦးရှိခဲ့ရာ ဥရောပတွင် ၁,၆၀၆ ဦး၊ တောင်အာရှနှင့် အာရှအလယ်ပိုင်းတွင် ၁,၀၄၉ ဦး၊ ကမ္ဘာ့အနောက်ခြမ်းတွင် ၉၈၄ ဦး၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ၈၆၀ ဦး၊ အရှေ့အလယ်ပိုင်း ဒေသတွင် ၆၉၆ ဦးနှင့်အာဖရိကတွင် ၃၀၃ ဦးကို အကူအညီပေးခဲ့သည်။
လူကုန်ကူးခံနေရသူများမှာ ထိုလူကုန်ကူးအမှုများ၏ သုံးပုံပုံတစ်ပုံသည် အသက် ၁၈ နှစ်အောက် ကလေးများဖြစ်ပြီး၊ သုံးပုံပုံနှစ်ပုံသည် အမျိုးသမီးများ ဖြစ်ကြသည်။ ကျန်တစ်ပုံနီးပါးသည် အမျိုးသားများဖြစ်ကြသည်။
လူကုန်ကူးဂိုဏ်းများ၏ နှစ်စဉ်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယျံထိ ၀င်ငွေရှိနေသည်ဟု UNODC ၏ အကြီးအကဲဖြစ်သူ့ Yuri Fedotov က ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ လူကုန်ကူးခံရသူ ၃ ဦးလျှင် နှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု သူကဆိုသည်။
မြန်မာနိုင်ငံ၏ လူကုန်ကူးခံရသူတွင် အမျိုးသမီးပါဝင်မှုသည် ၈၅ ရာခိုင်နှုန်းရှိပြီး၊ ကလေးသူငယ် လူကုန်ကူးခံရမှုသည် ၄.၃၈ ရာခိုင်နှုန်း ဖြစ်သည်။ လူကုန်ကူးသူ တရားခံများ၏ ၆၅ ရာခိုင်နှုန်းသည် အမျိုးသမီးများက ကျူးလွန်ကြသည်။ ဥရောပ၊ အာရှပစိဖိတ်ဒေသ၊ အာရှ အလယ်ပိုင်းနှင့် တောင်အာရှဒေသတို့တွင် အမျိုးသမီးများက အမျိုးသားများထက် လူကုန်ကူးခံရမှုပိုများသည်ကို တွေ့ရသည်။ အရှေ့အလယ်ပိုင်း၊ ကမ္ဘာ့ အနောက်ခြမ်းနှင့် အာဖရိက ဒေသတို့တွင် ကျားနှင့်မ လူကုန်ကူးခံရမှု သိသိသာ ကွာခြားမှု မရှိပေ။ ၂၀၁၁ ခုနှစ်အတွင်း ထိုအဖွဲ့အစည်း၏ ကူညီပေးခဲ့သော လူကုန်ကူးမှုဖြစ်ပွားရာ ခရီးဆုံးနိုင်ငံများမှာ ရုရှားဖယ်ဒရေးရှင်း (၈၃၇ ဦး)၊ ဟေတီ (၆၅၈ ဦး)၊ ယီမင်(၅၅၂ ဦး)၊ ထိုင်း (၄၄၉ဦး)၊ ကာဇက်စတန် (၂၆၅ဦး)၊ အာဖဂန်နစ္စတန်(၁၇၀ဦး)၊ အင်ဒိုနီး ရှား(၁၄၈ဦး)၊ ပိုလန်(၁၂၂ဦး)၊ အီဂျစ် (၁၀၃ဦး)နှင့် တူရကီ(၁၀၁ဦး)တို့ ဖြစ်ကြသည်။ လူကုန်ကူးခံရသည့် သားကောင်များ၏ မူရင်းနိုင်ငံများမှာ ယူကရိန်း(၈၃၅ဦး)၊ ဟေတီ(၇၀၉ဦး)၊ ယီမင်(၃၇၈ဦး)၊ လာအို(၃၅၉ဦး)၊ ဥဘက်ကစ္စတန်(၂၉၂ဦး)၊ ကမ္ဘောဒီးယား(၂၅၈ဦး)၊ အာဖဂန်နစ္စတန်(၁၇၉ဦး)၊ ဘာလာရု(၁၄၁ဦး)နှင့် အီသီယိုပီယားနိုင်ငံ(၁၂၂ဦး)တို့မှ ဖြစ်ကြသည်။ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်းသည် လူကုန်ကူးခံရသူများအတွက် ဂေဟာများ ပံ့ပိုးပေးခြင်း၊ ဥပဒေကြောင်းအရ အကူအညီပေးခြင်း၊ လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မိခင်နိုင်ငံသို့ ပြန်လိုသူများကို ပြန်ပို့ပေးခြင်းနှင့် အိမ်ပြန်ရောက်သူများ မိသားစုအသိုင်းအ၀ိုင်းနှင့် ၀င်ဆန့်အောင် အကူအညီပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိနေသည်။
လူကုန်ကူးမှုပြဿနာသည် သာမန်မှုခင်းများနှင့်မတူဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝဘေးအန္တရာယ်နှင့် နယ်စပ်ဖြတ်ကျော်မှု စသည်တို့နှင့် ချိတ်ဆက်ပြီး ရှုပ်ထွေးလှသည့် ပြဿနာဖြစ်သည်။ ကမ္ဘာနိုင်ငံများ သည် ကြိုးပမ်းအား ထုတ်တားဆီးကာကွယ်ကြသော်လည်း ဆက်လက်၍ ပျံနှံကြီးထွားနေဆဲဖြစ်သည်ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုကြသည်။
လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပြစ်မှုကျူးလွန်သူများ ဖော်ထုတ်၍ အရေးယူအပြစ်ပေးရုံနှင့် ပပျောက်သွားခြင်းမရှိနိုင်သည့် နယ်စပ်ဖြတ်ကျော် မှုခင်းတစ်ရပ်ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖြစ်ပွားသည့်အကြောင်းရင်း ဖော်ထုတ်၍ ကြိုတင်ကာကွယ်ခြင်း၊ လူကုန်ကူးခံရသူများကို ပုံမှန်ဘ၀သို့ ပြန်လည်ရောက်ရှိအောင် ထူထောင်ပေးခြင်းနှင့် ဆက်စပ်သည့်ဋ္ဌာနနှင့် အဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်ရေး တစ်ပြိုင်တည်း ဆောင်ရွက်ရန် လိုအပ်ပေသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis