menu

Monday 2 July 2012

အိန္ဒိယအဖိုးအို၏ မျက်လုံးတွင်းမှ ၅ လက်မရှည်သည့် အပ်ချည်မျှင်အရွယ် သန်ကောင်ကို ဖယ်ရှား





အိန္ဒိယနိုင်ငံသားတစ်ဦး၏ မျက်လုံးတွင်းမှ ၅ လက်မ(၁၃ စင်တီမီတာ)ရှည်သည့် သန်ကောင်ကို ခွဲစိတ်ဆရာဝန်များက ဖယ်ရှားပေးနိုင်ခဲ့သည်။
အသက် ၇၅ နှစ်ရှိပြီဖြစ်သည့်  ပီကေခရစ်ရှ်နားမူရ်တီးမှာ နှစ်ပတ်ကြာမျှ မျက်လုံးရောင်ရမ်း နာကျင်မှုကို ခံစားခဲ့ရပြီးနောက် မွမ်ဘိုင်းရှိ Fortis ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်သောအခါ မျက်ခွံအောက် အမြှေးပါးတစ်လျှောက် ရစ်ခွေနေသော အပ်ချည်မျှင်အရွယ် သန်ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆိုးဆိုးရွားရွား ထိခိုက်မှုရှိလာနိုင်သောကြောင့် ယခုအပတ်အတွင်း ခွဲစိတ်ဖယ်ရှားမှုကို အလျင်အမြန် ပြုလုပ်ပေးခဲ့ရခြင်း ဖြစ်သည်။
ခွဲစိတ်မှုကိုပြုလုပ်ပေးခဲ့သည့် ဒေါက်တာဗီ၊ဆီသာရာမန်က ''ကျွန်တော်ဆရာဝန်လုပ်လာတဲ့ သက်တမ်းအနှစ် ၃၀ အတွင်းမှာ ဒါမျိုးက ပထမဆုံးအကြိမ်ပါပဲ''ဟု ပြောကြားခဲ့သည်။

မျက်ခွံအောက် အမြှေးပါးတွင် အပေါက်ငယ်ဖောက်ပြီး ယင်းသန်ကောင်ကို ၁၅ မိနစ်အတွင်း ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ ဖယ်ရှားပြီးနောက်တွင် လူနာမှာ ဝေဒနာမှ သက်သာလာခဲ့သည်။ ဖယ်ရှားခဲ့သော သန်ကောင်မှာ နောက်ထပ် မိနစ် ၃၀ မျှ အသက်ရှင်နေခဲ့သေးသည်။
ယင်းသန်ကောင်မှာ လူနာ၏ ခြေထောက်ရှိဒဏ်ရာ (သို့မဟုတ်) မကျက်သော အစားအစာများ စားမိရာမှ ခန္ဓာကိုယ်တွင်းရောက်လာသည်ဟု ယူဆရပြီး သွေးကြောအတွင်းမှတစ်ဆင့် မျက်လုံးအထိ ရောက်လာ ခြင်းဖြစ်နိုင်ပြီး အချိန်မီ မဖယ်ရှားနိုင်ပါက အမြင်အာရုံ ဆုံးရှုံးသွားနိုင် သည်ဟု ဒေါက်တာဆီသာရာမန်က သုံးသပ်ခဲ့သည်။

Ref;AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis