menu

Monday 2 July 2012

မက္ကဆီကို ကလေးငယ်၏ ၃၃ ပေါင်ရှိ အသားပိုအကျိတ်ကို ခွဲထုတ်





မက္ကဆီကိုနိုင်ငံမှ နှစ်နှစ်သား အရွယ်ကလေးငယ်၏ ခန္ဓာကိုယ်တွင် တွဲနေသော ၃၃ ပေါင်ရှိ အသားပိုအကျိတ်ကို ဆရာဝန်များက ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီးနောက် ကလေးငယ်မှာ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနိုင်ပြီဖြစ် သည်။
နိုင်ငံမြောက်ပိုင်း ဒူရန်ဂိုပြည်နယ်မှ ဂျီးဆပ်စ်ရိုဒရီဂွက်ဇ် အမည်ရ ကလေးငယ်သည် မွေးဖွားစဉ်ကပင် ခန္ဓာကိုယ်ညာဘက်ခြမ်းတွင် ချိုင်းကြားမှ တင်ပါးဆုံအထိရှိသော ဘုကြီးပါလာခဲ့ပြီး တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့သည်။ နှစ်နှစ်သားအရွယ်တွင် ၃၃ ပေါင်မျှရှိလာပြီဖြစ်သည့် ယင်းအသားပိုကြီးကို မက္ကဆီကိုစီးတီးရှိ La Raza Medical Center တွင် ဆရာဝန်များက ၁၀ နာရီကြာ အချိန်ယူပြီး ခွဲစိတ်ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၁၄ ရက်နေ့က ခွဲစိတ်မှုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်သက်သာပြီး ကျန်းမာလာပြီဖြစ်သည်။

အသားပို မရှိတော့ချိန်တွင် ကလေးငယ်၏ ကိုယ်အလေးချိန်မှာ ၂၆ ပေါင်သာရှိတော့ပြီး အသားပို၏ အလေးချိန်က ကိုယ်အလေးချိန်ထက် များနေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်အလေးချိန်ထက်များသော အသားပိုကို ခွဲစိတ်ဖယ်ရှားမှုမှာ မက္ကဆီကိုတွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
Ref;AFP,AP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis