menu

Saturday 10 March 2012

iPad 3 ကိုဗားရှင်းသုံးမျိုးဖြင့် ထုတ်လုပ်ဖွယ်ရှိ



Apple ကုမ္ပဏီမှ အသစ်ထုတ်လုပ်မည့် iPad 3 ကို Wi-Fi သီးသန့်ဗားရှင်းအပြင် GSM, CDMA နှင့် LTE တို့ကိုရောစပ်ထားသည့် ဆယ်လူလာအမျိုးအစားနှစ်ခုဖြင့် ထုတ်လုပ်ဖွယ်ရှိကြောင်း 9to5 Mac မှဖော်ပြခဲ့သည်။ ကိုယ်ပိုင်သတင်းရင်းမြစ်များကို ကိုးကားကာဖော်ပြခဲ့သည့် 9to5Mac သတင်းဌာနမှဖော်ပြချက်အရ iPad အသစ်များကို code အမည် J1, J2 နှင့် J2a ဟုအမည်ပေးထားကြောင်း၊

J1 မှာ Wi-Fi အမျိုးအစားဖြစ်ကြောင်း၊ J2 နှင့် J2a မှာ ကမ္ဘာတစ်ဝန်းရှိ 3G နှင့်4G ကွန်ရက်များပေါ်တွင်အသုံးပြုနိုင်ရန် လိုအပ်သည့် GSM, CDMA နှင့် LTE တို့ကိုရောနှောထားသည့် ဆယ်လူလာဗားရှင်းများဖြစ်ကြောင်း သိရသည်။ သိုလှောင်မှုပမာဏအနေဖြင့် လက်ရှိ 16GB, 32GB, 64GB အမျိုးအစားတို့နှင့်ကွဲပြားနိုင်ပြီး 128GB ပမာဏ ၀င်ဆံ့သည့်ဗားရှင်းဖြင့် ထွက်ပေါ်လာနိုင်ကြောင်း 9to5Mac မှဖော်ပြခဲ့သည်။
ထို့အပြင် Apple ကုမ္ပဏီသည် မတ်လ ၇ ရက်တွင်ကျင်းပမည့် iPad သစ်မိတ်ဆက်ပွဲဟု မျှော်လင့်ရဖွယ်ရှိသော ပွဲတစ်ခုအတွက် ဖိတ်ကြားလွှာများပေးပို့ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ iPad 3 တင်ပို့မှုသည် လာမည့် တနင်္ဂနွေနေ့တွင် ချီကာဂို၊ လော့စ်အိန်ဂျလိစ်နှင့် နယူးယောက်မြို့ရှိလေဆိပ်များသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တခြားသတင်းဖော်ပြချက်တစ်ခုမှလည်း မတ်လ ၇ ရက်တွင် ကျင်းပမည့်ပွဲတွင် အဆင့်မြှင့်ထားသည့် Apple TV ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

ရေးသားသူ -နောင်နောင်
Ref: CNET
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis