menu

Saturday 10 March 2012

သပွတ်အူလိုက်နေတဲ့ ကွယ်လွန်သူရဲ့ အွန်လိုင်းပိုင်ဆိုင်မှု

သင်ကွယ်လွန်သွားတဲ့အခါ သင့်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်လည်း သင်နဲ့ အတူ ကွယ်ပျောက်သွားမှာလား။ အွန်လိုင်း ဓာတ်ပုံ အယ်လ်ဘမ် ကကော ဘယ်လိုလဲ။ iTunes playlist ၊ ဘလော့ဂ် နဲ့ တွစ်တာတွေကရော ဘယ်လိုဖြစ်သွား လေမလဲ။
အမေရိကန်နိုင်ငံနဲ့ တခြားနေရာ နိုင်ငံတွေက ဥပဒေတွေဟာ လူတစ်ဦး ကွယ်လွန်သွားပြီးတဲ့နောက် အွန်လိုင်း အကောင့်နဲ့ ပတ်သက်တဲ့ ဒစ်ဂျစ်တယ် လုပ်ပိုင်ခွင့်ရဲ့ ကံကြမ္မာကို မရေမရာ ဖြစ်စေပြီး ကွယ်လွန်သူရဲ့ အကောင့် ကို ဆက်သွယ်ကြည့်ရှုချင်သူ ကျန်ရစ် သူတွေကို တရားဥပဒေအရ အငြင်း အခုံ လုပ်ရတာတွေနဲ့ ရှင်းမရတဲ့ အရှုပ်အထွေးတွေကို ဖြစ်စေပါတယ်။
"cloud"ဆိုတဲ့ အင်တာနက်မှာ ဘယ် သူကဘာပိုင်တယ်ဆိုတာ ရှင်းရှင်းလင်း လင်း မရှိကြောင်းနဲ့ လူတစ်ဦး သေဆုံး သွားတဲ့အခါ အီးမေးလ်နဲ့ လူမှုရေး ကွန်ရက်ဝက်ဘ်ဆိုက်တွေ ပိတ်ဖို့ အတွက် သုံးစွဲသူတွေရဲ့ သဘောတူညီ ချက်နဲ့ ပတ်သက်ပြီးတော့လည်း တချို့ ကိစ္စတွေမှာ မရှင်းလင်းပါဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အွန်လိုင်းဖိုတိုအယ်လ်ဘမ်နဲ့ ပတ် သက်ပြီး ပြောရမယ်ဆိုရင် "ဒီမှာရှိတဲ့ ဓာတ်ပုံတွေဟာ ခင်ဗျားပုံတွေဖြစ်ပြီး မူပိုင်ခွင့်လည်း ရှိပါတယ်။
ဒါပေမယ့် ဒီပုံတွေကို Shutterfly လို ၀က်ဘ်ဆိုက် တွေမှာ တင်လိုက်တဲ့အခါ ခင်ဗျားတို့ ပိုင်တဲ့ ဒီပုံဟာ လိုင်စင်တစ်ခုရဲ့နောက် ကို ရောက်သွားတဲ့အတွက် ပိတ်ပစ် ချင်တိုင်း ပိတ်ပစ်လို့မရတော့ဘူး" လို့ အမွေပစ္စည်းကိစ္စတွေကို အထူး ဆောင် ရွက်ပေးတဲ့ Wisconsin ရှေ့နေ Nathan Dosch က ပြောပါတယ်။
"အခြေခံပစ္စည်းကိုတော့ ခင်ဗျား ကိုယ်တိုင် ပိုင်ဆိုင်ပေမယ့် ခင်ဗျား ကွယ်လွန်သွားတဲ့အခါ ဒီအယ်လ်ဘမ် ကို ပိတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အီးမေးလ်အကောင့်လည်း ဒီလိုပါပဲ"လို့ သူက ပြောပါတယ်။
'ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု'သတ်မှတ် ချက်နဲ့ ပတ်သက်ပြီး Texas Tech University School of Law မှ ပါမောက္ခ ဂယ်ရီဘေယာက အကောင့်ပိုင်ရှင်ရဲ့ အနေအထားပေါ် မူတည်တယ်လို့ ပြောပါတယ်။
အဓိကပြဿနာကတော့ အွန်လိုင်း အကောင့်ပိုင်ရှင်ပေါ် မူတည် ပြီး သူ့ရဲ့ တန်ဖိုးကို သတ်မှတ်ကြောင်းနဲ့ တချို့အကောင့်တွေဆို တရားရုံးကနေ ဖြေရှင်းရတဲ့အထိရှိတယ်လို့ သူက ပြောပါတယ်။
"ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိန် အဆိုတော် အေမီဝိုင်းဟောက်စ် တွစ်လုပ်ထားတဲ့ စာတွေဆို အရေးပါ တယ်လို့ ခင်ဗျားတို့ ထင်မှာပါ။ ဒါတွေကို ကုမ္ပဏီက ဖျက်ပစ်သင့်သလား" လို့ ဘေယာက မေးခွန်းထုတ်ထားပါတယ်။
တချို့အကောင့်တွေက တကယ့်ကို အရေးပါတဲ့ အကောင့်တွေပါ။ဥပမာ- တခြားအကောင့်တွေက အမှတ်တရ ကြည့်ဖို့လောက်ပဲ အရေးပါပေမယ့် တချို့အကောင့်တွေက ၀င်ငွေရစေတဲ့ ဘလော့ဂ်တွေ ဖြစ်နေတတ်ပါတယ်။ အီရတ်မှာ သေဆုံးသွားခဲ့တဲ့ အမေရိ ကန်ရေတပ်စစ်သားတစ်ဦးရဲ့ Yahoo အီးမေးလ်အကောင့်ကို ကုမ္ပဏီက ပိတ်လိုက်တဲ့အတွက် မိသားစုဝင်တွေ ဟာ ၂၀၀၅ ခုနှစ်မှာ ကုမ္ပဏီကို တရား စွဲခဲ့ပါတယ်။
ကုမ္ပဏီကတော့ ဒီ အကောင့်ကနေ "ပုဂ္ဂလိက"သတင်း အချက်အလက်တွေ မပေးနိုင်တော့ သလို ၀န်ဆောင်မှုစည်းမျဉ်း အရ"လွှဲပြောင်းပေးနိုင်ခြင်းလည်းမရှိ"တဲ့ အတွက် ပိတ်လိုက်တာလို့ ကုမ္ပဏီက ချေပခဲ့ပါတယ်။
အိုကလာဟိုးမားနဲ့ အိုင်ဒါဟိုပြည်နယ် နှစ်ခုမှာ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအပေါ် ကျန်ရစ်သူရဲ့ ပိုင်ဆိုင်ခွင့်ပြဿနာ ကို ဖြေရှင်းပေးမယ့် ဥပဒေကို အတည်ပြု ပေးထားပါတယ်။
ဒါပေမယ့် တရား ဥပဒေရဲ့နယ်ပယ်ဟာ တဖြည်းဖြည်း နဲ့ အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာ နေပါတယ်လို့ ဥပဒေကျွမ်းကျင်သူတွေ က ပြောပါတယ်။
ဝန်ဆောင်မှုတစ်ခုစီမှာ သူ့ရဲ့ ကိုယ် ပိုင်သတ်မှတ်ချက်တွေ ရှိပါတယ်။ဖေ့စ် ဘွတ်ခ်မှာဆိုရင် အကောင့်တစ်ခုကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် 'အမှတ်တရ စာမျက်နှာ' အဖြစ်ထားရှိဖို့ မိသားစုဝင် တွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်။
ဂူးဂဲလ်အသုံးပြုသူတွေရဲ့ သဘော တူညီချက်အရ 'တချို့ဖြစ်ခေါင့်ဖြစ်ခဲ ကိစ္စ'တွေမှာဆိုရင် ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဂျီမေးလ် သုံးစွဲသူရဲ့ အခွင့်ရ ကိုယ်စားလှယ်ကို သူ့ဂျီမေးလ်မှာရှိတဲ့ အချက်အလက်တွေအားလုံး ပေးလိုက်မှာပါ။
Yahoo ကတော့ တရားရုံး အမိန့်စာအရသာ ကွယ်လွန်သူရဲ့ အကောင့်ကို ဆက်သွယ်ခွင့်ပေးမှာ ဖြစ်ပါတယ်။
ဝါရှင်တန်က ပိုင်ဆိုင်မှုဆိုင်ရာ ရှေ့နေ ခရစ္စတိုဖာဂတ်စ်က ဒီလို ပြဿနာ တွေကတော့ ရှားပါတယ်။
ဒါပေမယ့် တဖြည်းဖြည်း ကြီးထွားလာနေပါ တယ်လို့ ပြောပါတယ်။
"ထုံးစံအရဆိုရင်တော့ ပိုင်ဆိုင်မှု ကို တောင်းခံသူကတော့ အနိုင်ရပါ တယ်။ ဒါပေမယ့် တရားရုံးစရိတ်ကတော့ တော်တော် ကုန်ပါတယ်။ ဒီနေရာက တော့ တရားဥပဒေရဲ့ တိုးတက် ပြောင်းလဲနေတဲ့ နယ်ပယ်တစ်ရပ်ပဲ ဖြစ်တယ်"လို့ သူက ပြောပါတယ်။
တချို့ကတော့ အွန်လိုင်း ၀န်ဆောင် မှုတစ်ခုခုမှာ အကူအညီတောင်းချင် တောင်းထားကြမှာပါ။
တချို့ကတော့ သူတို့ အကောင့်နဲ့ ပတ်သက်တဲ့ spreadsheet တစ်ခုခုလုပ်ထားတာ ဒါမှမဟုတ် သူတို့မိသားစုကို ရှင်းရှင်း လင်းလင်း ပြောပြထားကြတဲ့နည်းနဲ့ ဖြေရှင်းနိုင်ကြပါတယ်။
ဒါပေမယ့် ဒီလို လုပ်ဖို့ဆိုတာလည်း ကြိုတင်စီစဉ်ထား ရမှာတွေ ရှိပါတယ်။
"ဒစ်ဂျစ်တယ် အသိုင်းအ၀ိုင်း တစ်ခု ကျွန်တော်တို့ လိုချင်တယ်ဆိုရင် ကွယ် လွန်သွားသူရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုတယ် ဆိုတာကို သိထားဖို့လိုပါတယ်" လို့ Romano က ပြောပါတယ်။
သုံးစွဲသူတွေရဲ့ အမြင်ဘက်က ကြည့် မယ်ဆိုရင် သူ့အကောင့်ကို ဆက်ခံမယ့် သူရဲ့ အမည်ကို ပေးထားနိုင်ရင် အကျိုး ရှိမှာပါ။ ဒါပေမယ့် စီမံခန့်ခွဲရေးစရိတ် ကတော့ အတော်ကုန်မှာပါ။ "ဂူးဂဲလ် ဒါမှမဟုတ် ဖေ့စ်ဘွတ်ခ်က တော့ သေဆုံးသူတွေကို စိစစ်ပေး နိုင်မှာ မဟုတ်ပါဘူး။ သူတို့မှာ သုံးစွဲသူတွေက အများကြီးပါ"လို့ Entrusted လို့ခေါ်တဲ့ ၀န်ဆောင်မှုလုပ်ငန်းအတွက် အကြံပေး လုပ်နေတဲ့ Dosch က ပြောပါတယ်။
"အခု အင်တာနက် သုံးသူတွေက အရမ်းကို ငယ်ကြသေးတဲ့အတွက် ဒီပြဿနာကို ဂရုမစိုက်လည်း ရပါသေး တယ်။ ဒါပေမယ့် ဒီအင်တာနက်သုံးစွဲသူ တွေမှာ အငြိမ်းစားယူရတော့မယ့် သူတွေ နဲ့ အသက်ကြီးပိုင်းတွေ ခပ်များများသာ ရှိနေလို့ကတော့ ဒီကိစ္စဟာ အရမ်းကို အရေးကြီးတဲ့ ပြဿနာ ဖြစ်လာမှာပါ" လို့ သူက ပြောပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis