menu

Saturday 10 March 2012

တရုတ်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဆီးရီးယားပြောကြား




ဆီးရီးယားအနောက်မြောက်ဘက် Idlib မြို့တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် မီးလောင်သွားသော အိမ်တစ်အိမ်ကို မတ်လ ၇ ရက်နေ့က ဗီဒီယိုမှ မြင်တွေ့ရစဉ်
ဆီးရီးယားတွင် အတိုက်အခံနှင့် အစိုးရတပ်ဖွဲ့များအကြား ဆွေးနွေးမှုစတင်ရန် တရုတ်က ဦးဆောင်တင်ပြသော အချက် ၆ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ၀ါလစ်မူအာလန်က မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း လီဝါရှင်းနှင့် တွေ့ဆုံပြီးနောက် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ငြိမ်းချမ်းရေးအစီအစဉ်ကို ကြိုဆိုကြောင်း သွေးထွက်သံယို ပဋိပက္ခများ ရပ်ဆိုင်းသွားရန် ရည်ရွယ်သည့် အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ဆာနာသတင်းအေဂျင်စီက ပြောကြားခဲ့သည်။ မတ်လ ၄ ရက်နေ့တွင် တရုတ်က ဦးဆောင်တင်ပြခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်တွင် သွေးထွက်သံယို ပဋိပက္ခများချက်ခြင်း အဆုံးသတ်ပြီး သမ္မတအာဆတ်အစိုးရနှင့် အတိုက် အခံတို့အကြား စေ့စပ်ဆွေးနွေးရန် တိုက်တွန်းထားသည်။
သမ္မတအာဆတ် အာဏာတည်နေသ၍ တွေ့ဆုံဆွေးနွေးမည် မဟုတ်ကြောင်း ဆီးရီးယားအတိုက်အခံတို့က ပယ်ချထားသည်။ တရုတ်အကြံပြုချက်များတွင် ဆီးရီးယားတွင် အစိုးရအပြောင်းအလဲအတွက် ပြင်ပမှဝင် ရောက်စွပ်ဖက်မှုကို ပယ်ချထားပြီး ကုလသမဂ္ဂ ပဋိညာဉ်၏မူများနှင့် ရည်ရွယ်ချက်အတိုင်း လုံခြုံရေးကောင်စီက ပါဝင်ဆောင်ရွက်မှုကို ထောက်ခံထားသည်။
ဆီးရီးယားတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအား ရှုတ်ချသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှစ်ခုကို တရုတ်နှင့်ရုရှားတို့က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ ယမန်နှစ် မတ်လက ကန့်ကွက်ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဆီးရီး ယားတွင် သေဆုံးသူ ၈၄၀၀ ကျော်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက်အဖွဲ့ တစ်ဖွဲ့က မတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ 
Ref:AFP
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis