menu

Wednesday 18 January 2012

တောင်ဆူဒန်နိုင်ငံသစ်နှင့် မီဒီယာလွတ်လပ်ခွင့်(မောင်ကြွယ်စိုး)

The Citizen သတင်းစာ၏ သတင်းခန်း
သမိုင်းကိုဖန်တီးသူတွေဟာ ပြည်သူတွေဖြစ်ပါတယ်။ သမိုင်းအကြောင်းကို မှတ်တမ်းတင်ထားတာကတော့ သတင်းစာနဲ့ သတင်းမီဒီယာ တွေဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း၊လူသားတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ရှိ မရှိကို သတင်းစာနဲ့ မီဒီယာတွေရဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ တိုင်းတာရင် ရပါတယ်။ သတင်းစာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ ရပ်တည် ရှင်သန်ခွင့်ဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံမှာပဲဖြစ်ဖြစ် လွတ်လပ်တဲ့ သတင်းမီဒီယာ၊ ပုဂ္ဂလိကပိုင်သတင်း မီဒီယာဟာ မျက်စိနဲ့နား၊ ပါးစပ်ပဲ ဖြစ်ပါတယ်။ လူဟာ အသက်ရှုခွင့် မရှိတော့ဘူးဆိုရင် မရှင်နိုင်တော့သလို မျက်လုံးပိတ်ထားမယ်ဆိုရင်လည်း ဘာမှမြင်နိုင်မှာ မဟုတ်တော့ပါဘူး။ ပါးစပ်ပေါက်ပိတ်ပင်ထားရင်လည်း ဘာမှမပြောဆိုနိုင်ဘဲ ဆွံ့အတဲ့လူဖြစ်မှာ သေချာနေပါတယ်။

လူတစ်ယောက် အသက်ရှင်နေချိန်မှာ မမြင်ရအောင် ပိတ်ထားတာ၊ ပြောခွင့်မရအောင် တားဆီးထားတာ၊ ပြီးတော့ အသက်ရှုခွင့်မရအောင် လုပ်တာဟာ  သေဆုံးအောင်ပြုလုပ်တာနဲ့ အတူတူပါပဲ။   တောင်ဆူဒန်နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာကျန်မာရေးမကောင်း တဲ့လူမမာတစ်ယောက်လို့ အကဲဖြတ် မယ်ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ လွတ် လပ်တဲ့၊ အမှီခိုကင်းတဲ့ သတင်းစာ တစ်စောင်ရဲ့အသက်ဟာလည်း သေ တော့မယ့်လူမမာလို ဖုတ်လိုက် ဖုတ် လိုက်ဖြစ်နေပါတယ်။
တောင်ဆူဒန်နိုင်ငံမြို့တော် ဂျူဘာမှာရှိတဲ့ တဲကုပ်တစ်ခုတွင်းမှာ ယောက်ျားနဲ့ မိန်းမပျိုလူငယ် ၁၀ ဦးဟာ စားပွဲခုံတစ်လုံးထက်မှာ တင်ထားတဲ့ ကွန်ပျူတာရှေ့မှာ အလုပ်ရှုပ်နေကြပါတယ်။ ပူအိုက်တဲ့ ဒဏ်ခံနိုင်ဖို့ နံဘေးနား မှာရှိတဲ့ ပန်ကာနှစ်လုံးက တစ်ဝီ၀ီလည်နေပါတယ်။ လူ ၁၀ ဦးကတော့ ပန်ကာသံလည်း မကြားသလို၊ အနီးနားရှိ ခြံပြင်ဘက်က ဆူညံသံတွေကိုလည်း မကြားနိုင်ဘဲ ကိုယ့်အလုပ်ထဲမှာပဲ ဇောကပ်ထားကြ ပါတယ်။ အသံကတဖြည်းဖြည်း ကျယ်လာတာမို့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး လုပ်လက်စအလုပ်ကို လက်စသတ်လိုက်ကြတယ်။ အနားက ကွန်ပျူတာဖန်သားပြင်လည်း ပိတ်သွားပါတယ်။ စောစောကကြားနေရတဲ့ ဆူညံသံကမီးစက်အသံဖြစ်ပြီး ဆီကုန်သွားလို့ ရပ်သွားတာဖြစ်ပါတယ်။ သူတို့ ၁၀ ဦးဟာ တောင်ဆူဒန်နိုင်ငံရဲ့ တစ်စောင်တည်း သောသတင်းစာ The Citizen ကို ထုတ်နေသူတွေဖြစ်ပါတယ်။  တောင်ဆူဒန်နိုင်ငံမှသာ မဟုတ်ပါဘူး။ ဘယ်ဒေသဘယ်ရပ်မှာမဆို သတင်းစာတစ်စောင်ထုတ်ဖို့ဆိုတာက မလွယ်ကူပါဘူး။ တောင်ဆူဒန်နိုင်ငံမှာတော့ ပိုလို့တောင် ခက်နေပါသေးတယ်။
တောင်ဆူဒန်နိုင်ငံရဲ့အရွယ်အစားက အရီဇိုးနားပြည်နယ်ရဲ့ နှစ်ဆရှိပြီး လူဦးရေ ၁၀ သန်းလောက် မှာ ၈၀ ရာခိုင်နှုန်းခန့်က စာမတတ်ကြပါဘူး။ မီးကမမှန်၊ လမ်းပန်း ဆက်သွယ်ရေးက မကောင်း၊ အင် တာနက် ဆက်သွယ်မှုက ညံ့၊ ဒါ့ပြင် လူမျိုးရေး တိုက်ခိုက်မှုတွေကလည်း ထူပြောနေတာကြောင့် သတင်းစာထုတ်ဝေရေးက ပိုခက်ခဲစေပါတယ်။ ၂၀၀၅ ခုနှစ်မှာ The Citizen စတင် ထုတ်ဝေခဲ့ပါတယ်။ The Citizen ထုတ်ဝေရေးဟာ နည်းပညာနဲ့ စက်မှုပစ္စည်း အခက်အခဲတွေကြုံတွေ့နေရတဲ့အပြင် အစိုးရရဲ့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ လက်ရှိအစိုးရဟာ စစ်အစိုးရဖြစ်တာကြောင့် လွတ်လပ်တဲ့ သတင်းစာ ထုတ်ဝေခွင့်ပြုရေး၊ လွတ်လပ်တဲ့ သတင်းစာပေါ်ထွန်းရေးဆိုတဲ့ ယဉ်ကျေးမှုနဲ့ စိမ်းနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်း လောက်တုန်းက သတင်းထောက်ဂါ ရန်အေရီယက်ဟာ သတင်းစာတိုက်လို့ဆိုရတဲ့ တဲထဲဝင်လာပြီး လုပ်ဖော်ကိုင်ဘက်နှစ်ဦးနဲ့အတူ သတင်းကိစ္စ ဆွေးနွေးနေပါတယ်။ အယ်ဒီတာချုပ် နဟီးလ်ဘိုးက အပြင်သွားနေပါတယ်။  စက္ကူပြတ်လပ်တဲ့အတွက် သတင်း စာစက္ကူဝယ်ယူဖို့သွားနေတာဖြစ်ပါ တယ်။ The Citizen သတင်းစာဟာ စောင်ရေ ၂၀၀၀ ကနေ ၆၀၀၀ အထိ စောင်ရေတက်လာပါပြီ။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ တောင်ဆူဒန်နိုင်ငံ လွတ်လပ်ရေးရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တခြားသတင်းစာတွေထွက်လာပြီး အခြေခံဥပဒေမှာလည်း သတင်းစာလွတ်လပ်ခွင့်အတွက် အာမခံချက်ပေးထားတာကြောင့် သတင်းစာတွေ ထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သတင်းစာလွတ်လပ်ခွင့် မပြုထားပါဘူး
သတင်းထောက်အေရီယက်ခင်ဗျာ လုံခြုံရေးဌာနမှာ အကြီးကဲတွေနဲ့ မီဒီယာသမားတွေ့ဆုံပွဲ သတင်းရယူဖို့ မိုင်ဝက်ခန့် လမ်းလျှောက်ခဲ့ရပါတယ်။ မော်တော်ယာဉ်လိုင်းလည်း မရှိ၊ ဆိုင်ကယ်ငှားဖို့လည်း ငွေကြေးမလုံလောက်တာမို့ သူခြေကျင်လျှောက် ခဲ့ရတာပါ။ သတင်းထောက်အေရီယက် ရတဲ့လစာက ဆူဒန်ပေါင် ၉၀၀၊ ဒေါ်လာ ၃၀၀လောက်ပါပဲ။ သတင်းပုဒ်ရေ ၄၀ ခန့်ရေး၊ လစာဒေါ်လာ ၃၀၀နဲ့ မိသားစုလုပ်ကျွေးနေရတဲ့သူပါပဲ။ ဘာပဲဖြစ်ဖြစ် အေရီယက်ကတော့ သတင်းထောက်အလုပ်ကို ဂုဏ် ယူနေပါတယ်။
ငွေကြေးနဲ့ နည်းပညာအခက်အခဲကြောင့် သတင်းစာဟာ အဖြူ အမည်းနဲ့ပဲ ထုတ်နေရပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ တောင်ဆူဒန်နိုင်ငံ လွတ်လပ်ရေးရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တခြားသတင်းစာတွေ ထွက်လာပြီး အခြေခံ ဥပဒေမှာလည်း သတင်းစာလွတ်လပ်ခွင့်အတွက် အာမခံချက်ပေးထားတာကြောင့် သတင်းစာတွေ ထွက်လာကြတာပါ။ ဒါပေမဲ့လက်တွေ့မှာသတင်း စာတွေကို လွတ်လပ်ခွင့်မပေးထားပါဘူး။

၂၀၁၁ ခုနှစ်အောက်တိုဘာလမှာ The Destiny သတင်းစာက သမ္မတသမီး အီသီယိုပီးယားတစ်ယောက်နဲ့ လက်ထပ်ခဲ့တာကြောင့် မျိုးချစ်စိတ်မရှိသူလို့ ရေးခဲ့တာကြောင့် ပြည်ထဲရေးကနေ အယ်ဒီတာချုပ်နဲ့ ရေးတဲ့သူ ကို အမျိုးသားလုံခြုံရေး နှစ်ပတ်လောက် ဖမ်းဆီးခဲ့ပါတယ်။ နောက်တော့ The Destiny သတင်းစာပိတ်လိုက် ရပါတယ်။ စစ်ထောက်လှမ်းရေး ပြောခွင့်ရသူ ဖီးလစ်ချိုလ်က တာဝန်သိတဲ့ဂျာနယ်လစ်ဆိုရင် နိုင်ငံအတွက် အကျိုးရှိတာတွေပဲ ရေးသင့်တယ်လို့ ပြောခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတယ်လို့ ရေးခဲ့တဲ့သတင်းထောက်အေရီယက်ဟာ အဖမ်းမခံရပေမယ့် အယ်ဒီတာချုပ် မစ္စတာဆိုလ်ကတော့ သုံးကြိမ်ခန့် ဖမ်းဆီးခံခဲ့ရပါတယ်။
သတင်းသမားတွေကတော့ လျှပ်စစ်မီး အခက်အခဲတွေကြားထဲကနေ သတင်းစာကို ရအောင် ထုတ်ဝေနေကြပါတယ်။ နောက်တစ်မနက် အရုဏ်တက်ချိန်မှာတော့ လက်ပွေ့ရောင်းတဲ့လူတွေလက်ထဲမှာ The Citizen သတင်းစာကို တွေ့ရမှာဖြစ်ပါတယ်။ သတင်းစာမျက်နှာဖုံးမှာ ''ပြည်ထဲရေးဋ္ဌာန ဒုဝန်ကြီးနဲ့ မီဒီယာ ပူးပေါင်းရေးပြောကြား''ဆိုတဲ့ အေရီယက်ရဲ့သတင်းကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ မီဒီယာလွတ်လပ်ခွင့် စမ်းသပ်နေဆဲ တောင်ဆူဒန်နိုင်ငံမှာရှိတဲ့ သတင်းမီဒီယာသမားတွေရဲ့ဘ၀ဟာ ခယောင်းတောမှာ လမ်းလျှောက်နေရသလိုပါပဲ။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis