..ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ
ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့
ကြားနေခဲ့ရပါတယ်။
ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း
လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန်
ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ
အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ်
... ။
ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ...
ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ နိုင်ငံရေးသမားလဲ မဟုတ်ပါ ...
ကိုကျော်သူတို့ မရွှေဇီးကွက်တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ...
ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...
၂၀၀၀
ခုနှစ်နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့
ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး
ဆယ်ကျော်သက်လူငယ်အများစု ကို အတိုင်းအတာကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်
ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်
မျိုးကျော့မြိုင်
ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့
သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစားနေတဲ့
မြောက်များလှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင်သစ်တွေ
ပေါ်ထွန်းလာတဲ့ထိပါဘဲ ..
ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်
ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ
ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ်
အားလုံးက
Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum
Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ ကာရန်တွေ နဲ့ အညီ ဖွဲ့စည်းထားတဲ့
ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင်
ရွတ်ဆိုခြင်းပါဘဲ
ဒါကလဲ လွယ်ကူသလားဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး
Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်
ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်
သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်
ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...
အဲ့ဒါကတော့
မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့
တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ
ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...
အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ
Hip Hop ) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု
ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက်
ထင်ပေါ်လာခဲ့ပါတယ်
ဒါ သားစိုး ရဲ့ သမိုင်းပါ ...
သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး
ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....
"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"
"
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ်
တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက်
နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ
အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲ " ဆိုတဲ့ အမေး ကို တော့ သားစိုးက
”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။
ကျွန်တော်
နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့
အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို
ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက်
ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း
ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့
လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။
ဒါကြောင့်
ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။
ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့
ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော
ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။ အခုလက်ရှိ အစိုးရ ကကော ဘာတွေ
လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ
ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင်
ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ကျွန်တော့်မှာ
ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော်
သီချင်းစပ်ထားပါတယ်။ သာကူး နဲ့ နှာဘူး ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့
အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်”
လို့ပြောပါတယ်။
ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်
ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင်
ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ
ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က
ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက်
တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့
ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့
နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ
မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း
၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ” လို့ ပြောပါတယ်။
(လင်းအက္ခရာ)
ဆိုပြီးပါလာပါတယ် ...
သူ့ဘာသာ
ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို
ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ
လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ
ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..
" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ ".. တဲ့
အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ
ခုထိလဲ
အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က
ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ
ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ
အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ
သားစိုးဆိုတာ
မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို
ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက်
အညတြ ကောင်ပါ
ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော
အမေစု
ကို ထာဝရ လေးစာချစ်ခင်ခဲ့ ပေသော်လည်း လက်ရှိ အစိုးရရန်ကိုကြောက်နေရလို့
မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင်
ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...
" သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ” လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊
ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်
တစ်ကယ်တန်း
သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း
ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ
လုံးဝ သိသာထင်ရှားပါတယ် ..
ဒါကြောင့် ကျွန်တော်ချစ်တဲ့
မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့
နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင်
ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့
မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့
တိုက်တွန်းလိုက်ပါတယ် ...
သားစိုး
ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ
အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ်
..
ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ်
မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာပါတဲ့ " အမေစု " ကိုစော်ကားလာရင်
ကျွှန်တော် ဘယ်တော့မှ ဘာကောင်ကို မှ ဘာအကြောင်းပြချက် နဲ့ မှ သည်းခံ နားလည်
ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ် ...
ထာရမေတ္တာဖြင့်
မျိုးချစ်မြန်မာ (Facebook)
No comments:
Post a Comment