menu

Wednesday 18 January 2012

လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်ဆုရ ဒါရိုက်တာသုံးဦး ဂျာမဏီ နော်မန်ဖောင်ဒေးရှင်း၏စီစဉ်မှုဖြင့်ဇာတ်ကားတိုများရိုက်မည်

‘လွတ်လပ်ခြင်းအနုပညာ’ ရုပ်ရှင်ပွဲတော်တွင် ဆုရရှိသည့်ဒါရိုက်တာသုံးဦးမှ ဂျာမနီနိုင်ငံ၊ နော်မန် ဖောင်ဒေးရှင်း၏စီစဉ်မှုဖြင့် ဇာတ်ကားတိုများရိုက်ကူးရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။ ပရိသတ်အကြိုက်ဆုံး ဆုရရှိခဲ့သည့် ဒါရိုက်တာ ၀ိုင်း၊ မျက်နှာသစ် ထူးချွန်ဆုရရှိခဲ့ သည့် ဒါရိုက်တာအောင်ဇော်မိုး၊ အကောင်းဆုံး ဇာတ်ကားတိုဆုရရှိခဲ့သည့် ဒါရိုက်တာမင်းသိုက်တို့အား ရွေးချယ်ထားခဲ့ပြီး ဇာတ်ကားတိုတစ်ကားစီ ရိုက်ကူးရန် စီစဉ်ပေးခြင်းဖြစ်သည်ဟု သိရှိရသည်။

“နော်မန်ဖောင်ဒေးရှင်းက တစ်ဦးကို အမေရိကန်ဒေါ်လာ ငါးထောင် ထောက်ပံ့ပြီး ကြိုက်နှစ်သက်ရာခေါင်းစဉ်၊ အတွေးနဲ့ဇာတ်ကားတို တစ်ကား စီရိုက်ကူးစေမှာပါ။ animation ဒါရိုက်တာနဲ့ ပြည်ပရောက်နေတဲ့ ဒါရိုက်တာ နှစ်ဦးကတော့ မပါဘူးပေါ့လေ။ နိုင်ငံတကာ အတွေ့အကြုံရော ရိုက်ကူးခွင့်ရတဲ့ အခွင့်အရေးအနေနဲ့ပါ အကျိုးရှိနိုင်တယ်လို့ ခံယူထားပါတယ်” ဟု ဒါရိုက်တာမင်းထင်ကိုကို ကြီးက ရှင်းပြခဲ့သည်။
ဒါရိုက်တာဝိုင်းကလည်း “ကျွန်တော်တို့ကို နော်မန်ဖောင်ဒေးရှင်းက ဇာတ်ကားတိုတစ်ကားစီ ရိုက်ဖို့စီစဉ် ထားပါတယ်။ အဓိကတော့ လွတ်လပ်စွာဖန်တီးနိုင်ဖို့ပဲ ရည်ရွယ်တယ် လို့ သိရပါတယ်။ ဒီလိုရိုက်ကူးခွင့်ရခြင်းက မြန်မာလူမျိုးတွေရဲ့ဖန်တီးနိုင်မှု၊ တွေးခေါ်စွမ်းအားတွေကို နိုင်ငံတကာကသိနိုင်ဖို့ အခွင့်အရေးတစ်ရပ် လို့မြင်ပါတယ်။ ဒါကြောင့်ကျွန်တော့်ဘက်က အစစအရာရာပြင်ဆင်ပြီးတော့ ရိုက်ကူးဖန်တီးသွားမှာပါ။ နိုင်ငံတကာ ပွဲတော်တွေအထိ သွားရောက် ပြသခွင့်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်ဘက်က အကောင်းဆုံးဖြစ်အောင်တော့ ဖန်တီးမှာပါ”ဟု ရှင်းပြခဲ့သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis