menu

Wednesday 18 January 2012

တရုတ်နှင့် အိန္ဒိယ ပေါင်းကာ ကမ္ဘာ့အကြီးဆုံး တယ်လီစကုပ်တီထွင်


တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း၍ကမ္ဘာ့ အကြီးဆုံးတယ်လီ စကုပ်အားယခု ဆယ်စုနှစ်အကုန်တွင် တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါတယ်လီစကုပ် တည်ဆောက်ရန် ကုန်ကျမည့် အမေရိကန် ဒေါ်လာသန်း ၁၀၀၀ အား တရုတ်နှင့်အိန္ဒိယတို့ မျှဝေကျခံမည်ဖြစ် သည်။ ၎င်းတယ်လီစကုပ်အား ဟာဝိုင်အီကျွန်း Mauna Kea မီးတောင်ထိပ်ပေါ်တွင် ထားရှိမည်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး နှစ်နိုင်ငံ စုပေါင်း၍ ပြုလုပ်သော အဆင့်မြင့် တယ်လီစကုပ်တစ်ခုလည်း ဖြစ်သည်။

တရုတ်အမျိုးသား နက္ခတ်ဗေဒ လေ့လာရေးပညာရှင်များအဖွဲ့မှ  ပါမောက္ခရှုတေးမော်က ယခုတယ်လီစကုပ်သည် တရုတ်လူ့အဖွဲ့အစည်းအတွက် ကွမ်တမ်နည်းပညာဆိုင်ရာ မဟာခုန်ပျံကျော်လွှားမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။  မီတာသုံးဆယ်တယ်လီစကုပ်  (TMT) ဟု အမည်ပေးထားသည့် အတိုင်း မီတာ ၃၀ (ပေ ၁၀၀ နီးပါး) ရှည်လျားပြီး ယခုလက်ရှိကမ္ဘာ့ အကြီးဆုံးတယ်လီစကုပ်များထက် အလင်းစုဆောင်းအား ကိုးဆရှိကာ ကြည်လင်ပြတ်သားမှုသုံးဆပိုကြောင်း သိရသည်။ TMT တယ်လီစကုပ်သည် နေနှင့်ကြယ်များကို လှည့်ပတ်နေသော ဂြိုဟ်များကို ကောင်းမွန်ရှင်းလင်စွာ ကြည့်ရှုနိုင်ရုံသာမက ဂြိုဟ်အသစ်များနှင့် ကြယ်များ စတင်ဖြစ်ပေါ်ပုံများနှင့် တွင်းနက်ကြီးများ၊ နေအဖွဲ့အစည်းများ၊ အမှောင်ထုများနှင့် ဆက်စပ်သော ဖြစ်ရပ်များအားလည်း စောင့်ကြည့်လေ့လာနိုင်မည် ဖြစ်ပါသည်။
၂၀၀၉ ခုနှစ်ကတည်းက တရုတ်နိုင်ငံသည် (TMT) ဘုတ်အဖွဲ့ အတွင်းသို့ ၀င်ရောက်ခဲ့ပြီး နောက်တစ်နှစ်တွင် အိန္ဒိယမှ ၀င်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ၎င်း Mauna Kea  မီးတောင်၌ပင် ၈ ဒသမ ၃ မီတာ ရှည်လျားသော တယ်လီစကုပ်ပိုင်ဆိုင်သည့် ဂျပန်သည်လည်း(TMT)ဘုတ်အဖွဲ့ဝင် ဖြစ်လာခဲ့ပါသည်။
(TMT) တယ်လီစကုပ်သည် ယခုအချိန်တွင် ကမ္ဘာအကြီးဆုံး တယ်လီစကုပ်ဖြစ်နေသော်လည်း ထိုနေရာအား ဥရောပနိုင်ငံများမှ တီထွင်မည့် ၄၂ မီတာ (၁၃၈ ပေ)ရှည်လျားသော တယ်လီစကုပ်ကြီးအား လွှဲပေးရဦးမည်ဖြစ်ပါသည်။
ပါမောက္ခရှုတေးမော်က ယခု အချိန်တွင် တရုတ်သည် သီအိုရီပိုင်းဆိုင်ရာ ထိပ်တန်း အာကာသရူပဗေဒ ပညာရှင်များရှိနေသော်လည်း နက္ခတ်ဗေဒ လေ့လာစူးစမ်းမှုနယ်ပယ်တွင် နောက်ကျကျန်နေသေးကြောင်း ပြောကြားခဲ့သည်။  သို့သော TMT တယ်လီစကုပ်အပြီးတွင် ယင်းနောက်ကျကျန်နေသည့်ဖြစ်စဉ်ကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း မော်ကပြောကြားခဲ့သည်။' 'တရုတ်က သိပ္ပံနည်းပညာနဲ့ပတ်သက်ပြီး ရည်မှန်းချက်ကြီးကြီး ထားပါတယ်။ မြန်နိုင်သမျမြန်မြန် အမီလိုက်သွားမှာပါ''ဟု မော်ကပြော ကြားခဲ့သည်။
By EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis