menu

Wednesday 18 January 2012

ဖိလစ်ပိုင်တောင်ပိုင်းရှိရွာတစ်ရွာတွင်ငါးမိုးရွာ

လွန်ခဲ့သော ဇန်နဝါရီ ၁၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတောင် ပိုင်းရှိရွာတစ်ရွာတွင် ကောင်း ကင်မှ ငါးအရှင်များ မိုးသဖွယ်ရွာကျလာ ကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ေ ကြညာခဲ့သည်။ဒေသဆိုင်ရာရဲများ၏ ပြောပြ ချက်အရ ငါးအရှင်များသည် အိမ် ခေါင်မိုး များပေါ်သို့ စုပြုံကျရောက် လာကြကြောင်း သိရသည်။ဖြစ်ပွားရာနေရာမှာ ဖိလစ်ပိုင် နိုင် ငံတောင်ပိုင်းရှိ လောရီတိုမြို့ (Loreto) အနီး ပိုလာကွန်ရွာ (Polacion) ဖြစ် သည်။သည်း ထန် လှသောမိုးရွာမှုအတွင်း မကြုံစဖူး ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဟု ဒုတိယ မြို့တော်ဝန်Joy Lepaspiက ရှင်းပြခဲ့သည်။ငါးများမှာ အများအားဖြင့် သုံး လက်မခန့် အရွယ်အစားဖြစ်ပြီး အိမ် ခေါင်မိုးနှင့် နံရံများပေါ်သို့ လာ ရောက်ရိုက်ခတ်ကျရောက်ခဲ့ကြောင်း သိရှိရသည်။ ငါးများတွင် အဝါစင်း များနှင့် ဝမ်းဗိုက်တွင် အနက်ရောင်ပါ ရှိပြီး ရွှံ့နွံထူသော မြစ်ကြီးများ တွင်နေသည့် ငါးမျိုး ဖြစ်သည်။ ၄င်းငါးမျိုးများမှာLepidosiren Paradoxa ဟု စစ်ဆေးရေးအကြီး အကဲဖြစ်သူWilson Corpuz က ဖော်ပြသည်။ ကျေးရွာအကြီးအ ကဲ ဖြစ်သူ Eliseo Ong ကလည်း မိမိ အနေဖြင့် ယခုကဲ့သို့ မိုးပေါ်က ငါးများရွာကျ လာသည်ကို တွေ့ရှိရ၍ အထူးပင်တုန်လှုပ်ကြောင်း၊ မိမိ သည် မိုးရပ်သွား၍ ငါးများကို စု ဆောင်းကောက်ယူရာတွင် ငါးများ မှာ အသက်ရှင်လျက်ပင်ရှိသေးကြောင်း ပြောပြ သည်။ထို့အပြင် စုဆောင်းကောက်ယူရ ရှိသော ငါးအချို့ကို ငါးလုပ်ငန်းဗျူရိုသို့ လေ့လာ သုတေသနပြုနိုင်ရန် ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။ ၄င်းအဖြစ်အပျက်ကို စနစ်တကျ စစ် ဆေးလေ့လာနေကြသည်ဟု တာ ဝန်ရှိသူများက ထုတ်ပြန်အသိပေး ထားသည်။
KLMA, Ref : Xinhua
ပေါ်ပျူလာဂျာနယ် (ဖေ့စ်ဘုတ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis