‘ဟိုတုန်းက. . .ညနေခင်းများ . . . ကြည်ပြာကန်ဘေးမှာ . . .
သံစဉ်လှိုင်းခတ်. . . တေးဖွဲ့လွင့်ပျံနေ ရစ်စဉ်. . .’ လွမ်းစရာ
ကောင်းလှအောင် တိတ်ဆိတ်နေသော ညနေခင်းလေးမှာ ဟိုဘက်ခြံက လွင့်မျော လာသည့်
‘ဝေးခဲ့ပြီ ပန်းခရမ်းပြာ’ သီချင်းကို ကြားလိုက်ရချိန်မှာ
မရှိတော့ပြီဖြစ်သည့် ခင်မောင်တိုးကို လွမ်းလွမ်းဆွတ်ဆွတ် တမ်းတမိရ
ပြန်ပါတယ်။ သူကွယ်လွန်ပြီဟု တိတိပပ သိလိုက်ရသည့်အချိန်က အစဉ် တဖြည်းဖြည်း
တိုးပွားလာသော အလွမ်း နှင့်နှမြောတသစိတ်တို့ ပေါင်းထားသည့်ဝေဒနာကလည်း
အခုထိဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်သေး။ ဒါ့အပြင် FM လိုင်းများမှ
ဂုဏ်ပြုနှုတ်ဆက် ကာလွှင့်ထုတ်ပေးနေသည့် ခင်မောင်တိုး ၏ သီချင်းများကြောင့်
သူအသက်ရှင် နေသလို ခံစားရသည်ထက် နောင်ကို ဘယ်တော့မှသူ့အသံကိုအပြင်မှာ
ကြားရတော့မှာ မဟုတ်တော့ဘူးဆိုသည့် အသိကစိုးမိုးကာ ဝေဒနာညနေခင်းများကို
ကြိုးစားကျော်ဖြတ်နေရသည်။
‘မဟာဆန်သူ’ နှင့် ပရိသတ်ကြားမှာ ‘ခင်မောင်တိုး’ ဟူ၍ ထင်ရှားကျော်ကြား
လာခဲ့သည့် သူသည် ရန်ကုန်မှာ ခိုင်ထူး၏ ‘အဉ္စလီ’ စီးရီး အောင်မြင်စွာ
ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာ ‘အဉ္စလီအတွက်ဂီတဉ္စလီ’ ဟူသော
တေးစီးရီးနှင့်အတူ
အထက် မြန်မာပြည်မှာ အောင်မြင်နေခဲ့ပြီး ဖြစ်သည်။
ကိုယ်ပိုင်သံစဉ်တစ်ခေတ် မှာ ရှမ်းသံဝဲ၀ဲနှင့် ပရိသတ်ရင်ကို
ဆွဲကိုင်လှုပ်နိုးခဲ့သည့် ‘စိုင်းထီးဆိုင်’ ၏ ၁၉၇၀ ပြည့်နှစ်များနှင့်
‘ခင်မောင်တိုး၊ ခိုင်ထူး’ တို့လို ကိုယ်ပိုင်သံစဉ်သမားတွေ
ထိုးဖောက်ဝင်ရောက်လာသည့် ၁၉၇၀ နှောင်းပိုင်းကြားကာလမှာ ‘ခင်ဝမ်း’ ၏
နှုတ်ဆက်ခဲ့ပါတယ်။ ဧရာဝတီ သီချင်းအပါအ၀င် ပရိသတ်ရင်ထဲမှာ စွဲရှိကျန်ခဲ့သည့်
ကိုယ်ပိုင်သံစဉ် သီချင်းများ လူငယ်ထုကြားမှာ တော်တော်ကြီးကို
ရေပန်းစားခဲ့သည်။ ထိုစဉ် က နိုင်ငံတ၀န်းမှ လူငယ်တို့ဆုံဆည်းရာ
ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် တစ်ဝိုက်မှာ သူတို့သီချင်းတွေ လွှမ်းမိုး
ခဲ့ကြဖူးသည်ကို မနေ့တစ်နေ့ကလိုပင် ခံစားနေရဆဲ။ ဂီတကို ခုံမင်တွယ်တာ
စွာနားဆင်ဖို့ ၀ါသနာကြီးသည်မှအပ ဂီတပါရမီ တစ်စက်ကလေးမှ မပါသော ကျွန်တော်သည်
‘ခရမ်းပြာ’ ဟု နာမည် ကြီးမားခဲ့သည့် ပြည်လမ်းတံတားဖြူ ရှေ့မှာရှိသည့်
နေရာလေးတစ်ခုမှာ ဂီတသမားများစွာနှင့် အတူနေကာဖြတ်သန်းခဲ့ဖူးသည်မို့
‘ခရမ်းပြာ’ဆိုသည့် အမည်ကိုကြားလိုက်လျှင်ပင် ရင်ထဲက
သံယောဇဉ်နှင့်ယှက်နွယ်သည့် အလွမ်း ဝေဒနာတို့က နိုးထလာတတ်စမြဲ။
ဆောင်းဦးညချမ်းကို အလွမ်းနှင့် လုံးထွေးနေရသူအတွက် ဖြေသိမ့်စရာ
နည်းလမ်းမရှိပါချေ။ ဒီအထဲမှာ ကိုယ်ပိုင်သံစဉ် သီချင်းဟောင်းတွေကို
ဆိုသူတွေကိုမှ ရွေးချယ်ခေါ် တတ်လေသည့် သေမင်းကိုလည်း ဒေါသဖြစ်ရသည်။
လူတိုင်းသွားရမည့် ခရီးမှန်းသိသော်လည်း အစားထိုးမရနိုင်သည့်
စိုင်းထီးဆိုင်၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ မောင်မောင် (အဉ္စလီ)၊ စိုးလွင်လွင်၊
ထူးအိမ်သင် စသည့် အနုပညာသမား စစ်စစ်တွေကိုမှ ဘာကြောင့် တမင်ရွေး
ခေါ်ရပါမလဲ
|
ဘယ်လောက်ထိ ဖြစ်သလဲဆိုလျှင် တစ်ခါတစ်ရံမှာ အပေါင်းအသင်းများ နှင့်
မိုက်ခဲ့ကြသည့်အခါတိုင်း ‘ဝေးခဲ့ပြီ ပန်းခရမ်းပြာ’ ကို
မဆိုမဖြစ်ဆိုလေ့ရှိသည်။ ဆိုသည့်အခါတိုင်းလည်း မျက်ရည်ဝဲရသည်။
နောင်တစ်ချိန်မှာ ခရမ်းပြာဟု အမည်သညာ တွင်လာမည့် ထိုနေရာသည် မူလက အမှတ် ၁/က
ရတနာမြိုင်ခြံဟုခေါ်သော ပြည်လမ်း ငါးမိုင်ခွဲမှာရှိသော တိုက်ဖြူတစ်လုံး
ဖြစ်သည်။ ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းကြောင့် လူတိုင်းသတိပြုမိသည့်
ထိုတိုက်ဖြူဖြူ၏ နောက်ဘက်ခြံဝန်းကျယ်မှာ ပြင်ပကျောင်သားဆောင် ရှည်ကြီး
တစ်ခုရှိခဲ့ဖူးသည်။
ထိုအဆောင်မှာ ကျောင်းသား တွေနှင့်အတူ အနုပညာသမားတွေလည်း ရှိခဲ့ကြသည်။
ကွယ်လွန်ရှာပြီဖြစ်သည့် ပိုင်သ၊ ရွှေစိုးဟန်၊ မုတ်သုံ၊ ရွှေမောင်မောင်စသည့်
ပန်းချီဆရာတွေ နေခဲ့ဖူးသလို ‘ဇူလိုင်လမိုးရေစက်များ’နှင့် ကျော်ကြားခဲ့သည့်
တေးရေး ဆရာသုခမိန်လှိုင်လည်း ရှိသည်။ သူ နှင့်အတူ ကိုနေ၀င်း၊
ခင်ဝမ်းတို့လည်း မကြာခဏ ၀င်ထွက်သွားလာလေ့ ရှိသည့်အတွက်
ရန်ကုန်သားဖြစ်ပေမယ့် ထိုရတနာမြိုင် (ခရမ်းပြာမဖြစ်သေး) အဆောင်ကို
ခင်တွယ်လှသည့် ကျွန်တော်တို့နှင့်သူတို့အားလုံး ရင်းရင်းနှီးနှီး
ရှိခဲ့ကြသည်။ အထူးသဖြင့် ပိုင်သ တစ်ခါက ရေးခဲ့ဖူးသည့် မိတ္ထီလာမှ
သူဌေးသားသုံးဦးဖြစ်သည့် ထွန်းမိုး၊ မျိုးမြင့်သန်း၊ စိုးနိုင်တို့ကဲ့သို့
ငွေကြေး ပြည့်စုံသည့်နယ်မှ ကျောင်းသားများကြောင့် ရတနာမြိုင်အဆောင်မှာ
စားစားသောက်သောက်နှင့် ပျော်ရွှင်စရာ ကောင်းလှသည့် အချိန်တွေများခဲ့သည်။
ဒါကြောင့်လည်း ရတနာမြိုင်တစ်ဖြစ် လဲ ခရမ်းပြာဆိုသည့်အ မည်သည်ယနေ့ အသက် ၅၀
ကျော်ပြီဖြစ်သည့် ကျွန်တော့်ရင်ထဲမှာရှိနေဆဲ၊ ကျန်သည့်သူငယ် ချင်းတွေလည်း
အသက်ရှင်နေသေး လျှင် သူတို့ခင်တွယ်ရာ ‘ခရမ်းပြာ’ကို တမ်းတမ်းတတ
ရှိနေကြဦးမှာ မလွဲ။ အထက်က ရေးပြခဲ့သည့်အမည်များတွင် (ကို)သုခမိန်လှိုင်၊
ကိုနေ၀င်းနှင့် ထွန်းမိုး တို့သာ အသက်ထင်ရှားရှိတော့ပြီ။
(ကို) သုခမိန်လှိုင်ဆီ လာလည်လေ့ရှိသော (ကို)ခင်ဝမ်းသည်လည်း
ပန်းခရမ်းပြာကို သံယောဇဉ်ကြီးစွာ ဖြင့် ရေးစပ်ရင်း ‘ခရမ်းပြာ’ သီချင်း
အထူးကျော်ကြားခဲ့သည်။ ‘နန်းတံတားပြုနေရာလေး . . .တေးသံလွှမ်း စေကွယ်’ . .
.ဆိုသည့်အတိုင်း ရတနာ မြိုင်ဟူသည့် မူလအမည်မှခရမ်းပြာ ဟု
အမည်တွင်လာမည့်အချိန်တွင် မန္တလေးတက္ကသိုလ်မှ စိုင်းထီးဆိုင်တို့သည် လည်း
ထိုအဆောင်ကိုရောက်လာကြ သည်။ ၁၉၇၉-၈၀ မှာ ကျောင်းပြီးဆုံး၍
နေရပ်ပြန်သွားသည့် မိတ္ထီလာသားတို့ အခန်းမှာ ဗိုလ်ထီးတို့ဆက်နေ ခဲ့ကြသည်။
ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်ဝင်းကြီးထဲမှာ (သူ့စကားတိုင်း)
တက္ကသိုလ်ဂျပိုးလေးပေါ့ဗျာဟု ဆိုရလောက်အောင် နေ့ညအနှံ့လျှောက် သွားနေတတ်သည့်
ခိုင်ထူးနှင့် ရီဇော် တို့၏ တေးမြုံငှက် သီချင်းစီးရီး ထွက်မလာသေးသော်လည်း
သူတို့သီချင်း တွေက တက္ကသိုလ်အဆောင် တစ်ဝိုက် မှာ လူတိုင်းသိနေကြလေပြီ။
တက္ကသိုလ် ရေကူးနည်းပြအဖြစ် သိထားသည့် ခိုင်ထူးကို ညဘက် အဆောင်တစ်ဝိုက် မှာ
အသံကောင်းလှသူအဖြစ် ကျောင်းသား တွေ ပိုသတိပြုလာမိသည်။
(ကို) ခင်ဝမ်းတင်စားရေးခဲ့သလို ‘နန်းတံတားဖြူ’ သည်လည်း
စိုင်းထီးဆိုင်တို့အဖွဲ့တို့ အဖွဲ့အင်အားကြောင့်
ပို၍မြိုင်ဆိုင်လာခဲ့သည်တွင် ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုရဲလွင် နှင့်
ကိုခင်မောင်တိုး တို့တွေလည်း ရန်ကုန်မှာပိုပြီး အနေများလာပြီဖြစ်သည်။
သို့နှင့်အများတောင်းဆိုမှုအရ ထိုနေရာလေးမှာ လက်ဖက်ရည်ဆိုင် လေးတစ်ဆိုင်
ပေါ်ထွက်လာခဲ့ကာ ဆိုင်နှင့်ကပ်လျက်မှာ ပန်းချီ(ကို) မြင့်ဆန်း၏
ပန်းချီပြခန်းတစ်ခုလည်း ကပ်လျက်ရှိနေခဲ့သည်။ ထိုနေရာလေးကို
အမည်တပ်လိုက်သည်က ‘ခရမ်းပြာ’။
ထိုခရမ်းပြာဆောင်မှာ နေရင်းကပင် ရေဒီယိုကမာရွတ် သီချင်းလည်း ဖြစ်လာရသည်။
ဗိုလ်ထီးတို့ မရောက်ခင်တုံးက ‘ရတနာမြိုင်’ အချိန်တုန်းက
အဆောင်နောက်ဘက်ခြံမှာ အလယ်တန်း ကျောင်းသူလေး တစ်ဦးရှိသည်။ ထို
ကျောင်းသူလေးမှာ ‘အီကြာကွေး’ ဟုခေါ်သော ခွေးလေးတစ်ကောင်ရှိ ပြီး
ထိုခွေးလေးကို လိုက်ရှာသည့်အခါ ‘‘အီကြာကွေး . . အီကြာကွေး’’ ဟု
သေးသေးညှစ်ညှစ်လေးနှင့် ခေါ်တတ် သည့် ချစ်စရာအသံလေးကြောင့် ကျွန်တော်တို့က
အီကြာကွေးဟု ထိုကလေး မလေးကို အမည်ပေးခဲ့ဖူးသည်။ ဗိုလ်ထီးတို့ရောက်ချိန်မှာ
သူကလေး ၁၀ တန်းကျောင်းသူဖြစ်ကာ စာတွေတော်တော်ကျက်ရင်း ရေဒီယိုကမာရွတ် အဖြစ်
ထင်ရှားသွားခဲ့ရတာ အမှန်။ ဟိုတုန်းက ညနေခင်းတွေ ပြန်တွေး ရေးရင်း
စဉ်းစားမိသည်မှာ အီကြာကွေး တစ်ဖြစ်လဲ ‘‘ရေဒီယိုကမာရွတ်လေး’’ သည်ပင် အသက် ၅၀
ဝန်းကျင် ရှိလေရော့မည် ထင်သည်။
တွေးမိလေလေ လွမ်းစရာကောင်း လေလေဟု ဆိုရပါမည်။ ထိုကဲ့သို့ ဘ၀နှင့်
ရစ်ပတ်ခဲ့ရသော ခရမ်းပြာ နေရာလေးလည်း အခုမရှိတော့။ ထိုခရမ်းပြာကို
ရေးဖွဲ့သီကုံးရင်း ခံစား သီဆိုခဲ့ကြသည့် အဆိုတော်များ အနက်မှ
အထင်ရှားဆုံးဖြစ်သည့် ခင်ဝမ်း၊ ခင်မောင်တိုး နှစ်ယောက်စလုံး မရှိကြတော့။
တေးသံလွှမ်းစေခဲ့သည့် နန်းတံတားဖြူ နေရာလေးသည်လည်း အသွေးသစ် အလှသစ်နဲ့
ဘ၀တစ်ချိုး ကွေ့သွားရှာလေပြီ။
‘နေ၀င်ချိန် . . ရောင်စုံတိမ်များ လွင့်နေ. .’ ဟု ရေးဖွဲ့ထားသည့်
‘ဝေးခဲ့ပြီ ပန်းခရမ်းပြာ’ သီချင်းဆို ခဲ့သည့် ခရမ်းပြာသီချင်း၊
‘ကြည်ပြာကန်. . ကာရံဆော့ကစားနေ . .’ ဟု ရေးဖွဲ့ထားသည့် ‘ဝေးခဲ့ပြီပန်းခ
ရမ်းပြာ’ သီချင်းနှင့် တိုင်တည်ခဲ့သူ ခင်မောင်တိုးသည်လည်း မရှိတော့။
ထိုနေရာလေးကနေ ‘ရေဒီယိုကမာ ရွတ်’ သီချင်းရှာဖွေတွေ့ခဲ့သူ ‘စိုင်းထီးဆိုင်’
သည်လည်း ခွဲခွာသွားခဲ့ လေပြီ။ မြန်မာသီချင်းသံတွေကို
ကိုယ်ပိုင်သံစဉ်စစ်စစ်နှင့် ဖန်တီးသီကုံးရင်း အနုပညာကို
မြတ်နိုးခင်တွယ်စွာနေ သွားခဲ့ကြသည်။ သူတို့ကို မလေးစား ဘဲမနေနိုင်၊ RIT
ကျောင်းဆင်းအင်ဂျင်နီယာ ဘွဲ့ရတစ်ယောက် ဖြစ်ပါလျက် ဂီတလမ်းကြောင်းကိုသာ
ရွေးကာ ဘ၀နှင့်အတူ ဂီတကိုမိုင်ထောင်ချီကာ ပျံသန်းခဲ့လေသည့် ခင်မောင်တိုး
ကွယ်လွန်သည်မှာ ရက်သတ္တပတ် ပြည့်လေပြီ။
‘မဟာဆန်သူ . . မင်းအတွက် ပေါ့’ ‘ရိုးရိုးလေးသာ ၀တ်ခဲ့ပါလေ . .
အေးမြလို့’ ‘လိုချင်တာများရှိရင် လည်း ပြောပါလေ . . မင်းအတွက် အသက်ကိုပင်
စွန့်ရဲတယ်’’ . . စသည့် လူကြိုက်များအောင်မြင်လှ သည့်
သီချင်းများထက်ခင်မောင်တိုး ၏ ‘လွန်ခဲ့သောနေ့’ နှင့် ‘ညီစေမင်း’ ကိုပို၍
နှစ်သက်ခံစားမိသည်။ နား ထောင်မိတိုင်း တက္ကသိုလ်ကျောင်း သားဘ၀ကို
ပြန်လည်တမ်းတလွမ်း ဆွတ်ရသည့် ‘ဝေးခဲ့ပြီပန်းခရမ်းပြာ’ နီးပါး
ထိုနှစ်ပုဒ်ကို မက်မောမိသည်။ ကိုနေ၀င်း ဘ၀တစ်ဆစ်ဟုဆိုသည့် ‘လွန်ခဲ့သောနေ့’
‘သီချင်းထဲက. .’ ‘မိုးမခပင်တွေ . . တို့သက်သေတည် . . စိမ်းရင့်သော
အေးမြကန်သာမြေ’ ဆိုသည့် စကားပိုဒ်နှင့် ‘ညီစေမင်း’ ထဲက ‘အို. .ဟို. .
ဖွင့်ဟ၀န်ခံရင်း . . ချစ်ကြည်ခြင်းမို့ ညီစေမင်း . .’ ဆိုသည့်နေရာများမှာ
ရင်နှင့်လိုက်ကာ သီဆိုခဲ့သည့် ခင်မောင်တိုး၏အသံက နှလုံးသားထိ
တိုက်ရိုက်စီးဝင်တတ် စမြဲဖြစ်သည်။ အခုတော့ သူလည်း မရှိတော့ပြီ။
ခင်မောင်တိုး၏ တည်ငြိမ်အေးဆေးသည့် အသွင်သဏ္ဍာန်၊ အေးမြသည့် သီချင်းဆိုသံ၊
ပရိသတ်နှစ် ခြိုက်လက်ခံမည့် သီချင်းများကို ရွေးချယ်နိုင်မှုစသည့်
ဂီတနှင့်ပတ်သက် ပြီး ပြောစမှတ်ကျန်ခဲ့သည့် အရည်အချင်းများစွာ ရှိခဲ့သလို
တရားဓမ္မကို ကြည်ညိုလေးစားတတ်ခြင်း၊ မိဘ ကောင်းပီသစွာ တစ်နိုင်ငံလုံးမှာ
အမှတ် အများဆုံးရရှိသည့် သမီးကိုထူးချွန်စွာ ပြုစုပျိုးထောင်နိုင်ခြင်း
စသည့် သာမန် လူသားတစ်ဦးထက် ပိုမိုသည့်ဘ၀ အရည်အသွေးများလည်း ရှိခဲ့ပါသည်။
ဒါကြောင့်လည်း ပိုလို့ပင်နှမြောစရာ ကောင်းစရာ ဖြစ်နေပါသည်။ ရေးလျှင်
ဆုံးနိုင်ဖွယ်မရှိသည့် ကောင်းကွက်များ နှင့်အတူ ခင်မောင်တိုးသည် တစ်ပြည်
တစ်ရွာမှာ ခေါင်းချသွားခဲ့ပြီဖြစ်ပေမယ့် သူ၏သီချင်းသံများက ကျွန်တော်တို့
တွေရင်ထဲမှာ ဆက်လက်ရှင်သန်နေဦး မှာ အသေအချာဖြစ်ပါသည်။ သူ့လို
ဖန်တီးရေးဖွဲ့အားကောင်းသည့်အပြင် ဂီတအပေါ် မြတ်နိုးရိုးသားစွာခံယူ ခဲ့ကြသည့်
သူမျိုးတွေထပ်ပြီး ပေါ်ထွက်လာဖို့ဆိုတာလည်း မဖြစ်နိုင်ကောင်း ဟုပင်
ဆိုရပါမည်။
စောစောက ကြားနေခဲ့သည့် ခင်မောင်တိုး၏ ‘ဝေးခဲ့ပြီ ပန်းခရမ်း ပြာ’
သီချင်းသံလည်းတိတ်ကာ ကျွန်တော့်ဝန်းကျင်မှာ ပြန်လည်တိတ်ဆိတ် သွားခဲ့လေပြီ။
ဆောင်းဦးညချမ်းကို အလွမ်းနှင့် လုံးထွေးနေရသူ အတွက် ဖြေသိမ့်စရာ
နည်းလမ်းမရှိပါချေ။ ဒီအထဲမှာ ကိုယ်ပိုင်သံစဉ် သီချင်းဟောင်းတွေကို
ဆိုသူတွေကိုမှ ရွေးချယ်ခေါ်တတ်လေသည့် သေမင်းကိုလည်း
ဒေါသဖြစ်ရသည်။လူတိုင်းသွားရမည့် ခရီးမှန်းသိသော်လည်း အစားထိုးမရ နိုင်သည့်
စိုင်းထီးဆိုင်၊ ခင်ဝမ်း၊ ခင်မောင် တိုး၊ မောင်မောင် (အဉ္စလီ)၊
စိုးလွင်လွင်၊ ထူးအိမ်သင် စသည့် အနုပညာသမား စစ်စစ်တွေကိုမှ
ဘာကြောင့်တမင်ရွေး ခေါ်ရပါမလဲဟု မေးလိုက်ချင်ပါသည်။
‘နန်းတံတားဖြူနေရာလေးတေး သံလွမ်းစေတယ်’ ဟု ခင်ဝမ်းသီကုံး ထားရစ်သည့်
‘ခရမ်းပြာ’ နေရာ လေးကိုဖြတ်၍သွားတိုင်း ‘ဟိုတုန်း ကညနေခင်းများ’ အစရှိသည့်
‘ဝေး ခဲ့ပြီ ပန်းခရမ်းပြာ’ သီချင်းကို အမြဲ သတိတရ ရှိတတ်သူအဖို့
ခင်မောင်တိုး ဆုံးပါးခြင်းကို ဖြေမဆည်နိုင်အောင် ခံစားရသည်ကို အဆိုးမဆို
သာပါလေ။ တစ်ပြည်တစ်ရွာမှာ ခေါင်း ချသွားသည့်တိုင် ခင်မောင်တိုး၏သီ
ချင်းသံများက ကျွန်တော်တို့ အပါး မှာ အမြဲထာဝစဉ်ရစ်ဝဲနေမှာသာ ဖြစ်ပါသည်။
သို့သော် တကယ်ကို ဝေးသွားခဲ့သည့် ပန်းခရမ်းပြာ ခင်မောင်တိုးကိုတော့
ဘယ်တော့မှပြန်လည် ဆုံတွေ့ရတော့မှာ မဟုတ်တော့ပါ။
‘ရတနာမြိုင်’ တစ်ဖြစ်လဲ ‘ခရမ်း ပြာ’ နေရာလေးမှာ နေထိုင်ရှင်သန်ရင်း
အနုပညာအတွက် ကြိုးပမ်းသွား ခဲ့သည့် တမလွန်ရောက် အနုပညာသမား အားလုံးကို
ဂုဏ်ပြုရင်းခင်မောင်တိုး နှင့် သူ၏ဂီတကိုပါ ဦးညွတ်လိုက်ရ ပါသည်။
EMG |
No comments:
Post a Comment