menu

Saturday 1 December 2012

လက်ပံတောင်းတောင် သပိတ် စခန်းတွင် ပါဝင်သူ အသက်(၁၈)နှစ်အရွယ် ကိုရင် ရှင်ဝိစာရပျောက်ဆုံးလျက်ရှိ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ဇောတိက ကျောင်းတိုက် ရှိ စာသင်သား ကိုရင် ရှင်ဝိစာရ အသက် (၁၈)နှစ် သည် ယခုအချိန်ထိ ပျောက်ဆုံး လျက်ရှိနေကြောင်းသိရသည်။

ကိုရင် ရှင်ဝိစာရ အသက် (၁၈)နှစ်သည် လက်ပံတေ

ာင်းတောင် သပိတ် စခန်းများ ဖျက်သိမ်းရာတွင် ပါဝင်ခဲ့ပြီး ယင်းမှာ ယခုအချိန် ထိ ပျောက်ဆုံးနေ ဆဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာသင်သား ကိုရင် ရှင်ဝိစာရ ၏ နေရပ် ဖြစ်သော ဖြစ်သော မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့နယ် မြို့သာရွာရှိ ဆွေမျိုးများထံ စုံစမ်းမေးမြန်းရာ တွင် ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ပြောကြားသည်။

မုံရွာမြို့တွင် ယနေ့ နေ့လည် ၂နာရီ တွင် ကျင်းပရန်ရှိသည့် တင်ဝင်းထွန်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်မည့် သြ၀ါဒ ဟောကြား ပွဲသို့ ဇောတိကကျောင်း တိုက် မှ တက်ရောက်မည့် ဆရာတော်ကြီး အားမေးမြန်းကြည့်ရာ “ကိုယ် တော်တို့ သြ၀ါဒပွဲကိုတက်မယ် ဒါပေမယ့် သြ၀ါဒတော့ မပေးဘူး ၊ ဘာလို့ လဲ ဆိုတော့ ကျောင်းရှိ တပည့်သားတွေကို ပစ်ခတ်ခဲ့တာကြောင့်ပါ” ဟု မိန့်ကြား ခဲ့သည်။
Yangon Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis