menu

Saturday 1 December 2012

ဂျပန် နိုင်ငံတွင် 3D နည်းပညာဖြင့် အသုံးပြု ပုံဖော်ထားသည့် သန္ဓေသား တွေ့မြင် နိုင်တော့မည်

Photo: ဂျပန် နိုင်ငံတွင် 3D နည်းပညာဖြင့် အသုံးပြု ပုံဖော်ထားသည့် သန္ဓေသား တွေ့မြင် နိုင်တော့မည်

ဂျပန်နိုင်ငံမှ ကိုယ်ဝန်ဆောင် မိခင်များသည် ၎င်းတို့၏ ရင်သွေးငယ်အား MRI ရောင်ခြည်ဖြင့် စစ်ဆေး ပြီးနောက် ]]3D}} နည်းပညာကို အသုံးပြု၍ ၉ စင်တီမီတာ (၃ ဒသမ ၆ လက်မ)အရွယ် ကော်စေ့ခန့် အဖြူရောင် သန္ဓေသား ပုံစံငယ်ကို မြင်တွေ့နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ အမျိုးသမီးငယ် များသည် ယန်း ၁ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၁၂ဝဝ) တန်ဖိုးရှိ ]Shape of on Angle}} အမည်ရှိ လူပုံ အသေးစားကို မိုဘိုင်းလ်ဖုန်းတွင် အလှ တပ်ဆင် အသုံးပြု နေကြကြောင်း သိရသည်။

တိုကျိုမြို့၏ ဆေးခန်း တစ်ခု၌ ဒီဇင်ဘာလတွင် ယန်း ၅ဝဝဝဝ (ဒေါ်လာ ၆ဝဝ) ဖြင့် ၎င်းတို့ သန္ဓေသား၏ မျက်နှာပုံ သဏ္ဌာန်ကို 3Dပုံစံဖြင့် ဖော်ပြထား သည့် မော်ဒယ်လ် ပုံများကို ထုတ်လုပ် သွားမည် ဖြစ်ကြောင်းFASOTEC ကုမ္ပဏီက ပြောကြားခဲ့သည်။

FASOTEC ကုမ္ပဏီသည် ၎င်းတို့နှင့် အကျိုးတူ ပူးပေါင်းထားသည့် တိုကျိုမြို့ ရှိ ဆေးရုံ တစ်ရုံတွင် သန္ဓေသား များ၏ မျက်နှာသွင်ပြင် များကို Ultrasound ရိုက်ယူ၍ 3D နည်းပညာကို အသုံးပြုပြီး ဖော်ပြသွားမည် ဖြစ်သည်။

မိခင်လောင်းများ အနေဖြင့် ကိုယ်ဝန်ဆောင် ကာလ ရှစ်လ သို့မဟုတ် ကိုးလ ဝန်းကျင် သည်သာ စကင်ဖတ် စစ်ဆေးရန် အကောင်းဆုံးအချိန် ဖြစ်ကြောင်း ဂျပန်နိုင်ငံFASOTEC ကုမ္ပဏီမှ တိုမိုဟီရို ကီနိုရှီတာက ပြောကြားခဲ့ သည်။ 

http://www.myawady.com.mm/allnews/global/item/566-2012-12-01-02-13-40

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis