menu

Saturday 1 December 2012

iPhone 5 ကိုအဆင့်မြင့် ဒီဂျစ်တယ် ကင်မရာအဖြစ် ပြောင်းလဲပေးမည့် i.am+ ကာဗာ

Photo: iPhone 5 ကိုအဆင့်မြင့် ဒီဂျစ်တယ် ကင်မရာအဖြစ် ပြောင်းလဲပေးမည့် i.am+ ကာဗာ

အမေရိကန် ဟစ်ပ်ဟော့အဆိုတော့ will.i.am နဲ့ ပူးပေါင်းလို့ ဗြိတိန်က foto-sosho ကုမ္မဏီက ကုန်ပစ္စည်းအသစ် တစ်ခု ထုတ်လုပ်ထားပါတယ်။ သာမန် အိုင်ဖုန်း တစ်လုံးကို 14 megapixel ရှိတဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ် ကင်မရာ အဖြစ်သို့ ပြောင်းလဲပေးမယ့် ဟန်းဆက်ကာဗာ ဖြစ်ပါတယ်။ 

will.i.am နဲ့ပေါင်းတယ်ဆိုတာက သူ့ကိုအခြေပြုလို့ ပရိုမိုးရှင်းလုပ်ဖို့ ပဲ ဖြစ် ပါတယ်။ ပစ္စည်းကတော့ sosho ကထုတ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကုန်ပစ္စည်းကျတော့ i.m+foto-soscho လို့အမည်ပေးပါတယ်။ iPhone 4, iPhone 4s, iPhone 5 တို့မှာ အသုံးပြုနိုင်မယ့် ကာဗာများ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း သုံးမျိုးလောက် ထုတ်လုပ်ထားပါတယ်။ 

ယင်းကာဗာက အိုင်ဖုန်းရဲ့  ကင်မရာ Megapixel ကိုအသုံးမပြုပါဘူး။ သူ့မှာ ကိုယ်ပိုင် ကင်မရာပါပြီး Processing လုပ်ဖို့ကျတော့ iPhone ရဲ့  hardware များကို ပြန်လည်အခြေခံမှာမို့ ဖြစ်ပါတယ်။ i.m+ ကာဗာမှာတင် အလင်း အမှောင် ချိန်ပေးမယ့် funcation, autofocus, auto flash အစရှိသဖြင့် ကင်မရာ application အားလုံး အစုံအလင်ပါရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ application တွေကိုလည်း ထပ်မံ Download ဆွဲ Install လုပ်နိုင် အုံးမှာ ဖြစ်ပါတယ်။ 

ကာဗာဆိုပေမယ့် Transformer စက်ရုပ်ကြီး ဆက်ရသလိုပါပဲ နောက်ဘက် ကနေ ကြည့်လိုက်ရင် iPhone ရယ်လို့တောင် ထင်ရတော့မှာ မဟုတ်ပါဘူး။ ကင်မရာရဲ့ မှန်ဘီလူးကလည်း focal length အမျိုးမျိုး လိုသလို ဆွဲယူနိုင်တဲ့ အတွက် ကြည့်လိုက်ရင် ဒီဂျစ်တယ် ကင်မရာ တစ်လုံးပဲ ဖြစ် ပါတယ်။ ဒီဂျစ်တယ် ကင်မရာထက် အားသာတဲ့အချက် ကတော့ Up do Date -application များ ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ မျက်နှာပြင်ပိုကျယ်ခြင်း၊ Photo Editing ကို ဖုန်းမှာ တစ်ခါတည်း ပြုလုပ်နိုင်ခြင်း အစရှိသဖြင့် အချက်ပေါင်းများစွာ ရှိပါတယ်။ 

အသုံးပြုဖို့လည်း လွယ်ကူပါတယ်။ အိုင်ဖုန်းရဲ့ နောက်ဘက်ဘက်မှာ အလွယ် တကူ တပ်ဆင်ပေးရုံပဲ ဖြစ်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ application တွေကို အလွယ်တကူ Install လုပ်ရုံပဲ ဖြစ်ပါတယ်။ ဒီလို များစွာ အသုံးပြုလို့ရမယ့် i.m+ ကာဗာရဲ့ တန်ဖိုးကလည်း မနည်းပါဘူး။ အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် တန်ဖိုးရှိပါတယ်။ ဒါကြောင့် မြန်မာပြည် မှာ သုံးသိန်း ဝန်းကျင် ပေါက်ဈေး ရှိနိုင်ပါတယ်။ 

ဒီဇင်ဘာလ ၆ ရက်နေ့ကစလို့ ကမ္ဘာတစ်ဝန်း စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: Sosho
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/iphone-5-iam.html

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journal
အမေရိကန် ဟစ်ပ်ဟော့အဆိုတော့ will.i.am နဲ့ ပူးပေါင်းလို့ ဗြိတိန်က foto-sosho ကုမ္မဏီက ကုန်ပစ္စည်းအသစ် တစ်ခု ထုတ်လုပ်ထားပါတယ်။ သာမန် အိုင်ဖုန်း တစ်လုံးကို 14 megapixel ရှိ
တဲ့ အဆင့်မြင့် ဒစ်ဂျစ်တယ် ကင်မရာ အဖြစ်သို့ ပြောင်းလဲပေးမယ့် ဟန်းဆက်ကာဗာ ဖြစ်ပါတယ်။

will.i.am နဲ့ပေါင်းတယ်ဆိုတာက သူ့ကိုအခြေပြုလို့ ပရိုမိုးရှင်းလုပ်ဖို့ ပဲ ဖြစ် ပါတယ်။ ပစ္စည်းကတော့ sosho ကထုတ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကုန်ပစ္စည်းကျတော့ i.m+foto-soscho လို့အမည်ပေးပါတယ်။ iPhone 4, iPhone 4s, iPhone 5 တို့မှာ အသုံးပြုနိုင်မယ့် ကာဗာများ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း သုံးမျိုးလောက် ထုတ်လုပ်ထားပါတယ်။

ယင်းကာဗာက အိုင်ဖုန်းရဲ့  ကင်မရာ Megapixel ကိုအသုံးမပြုပါဘူး။ သူ့မှာ ကိုယ်ပိုင် ကင်မရာပါပြီး Processing လုပ်ဖို့ကျတော့ iPhone ရဲ့  hardware များကို ပြန်လည်အခြေခံမှာမို့ ဖြစ်ပါတယ်။ i.m+ ကာဗာမှာတင် အလင်း အမှောင် ချိန်ပေးမယ့် funcation, autofocus, auto flash အစရှိသဖြင့် ကင်မရာ application အားလုံး အစုံအလင်ပါရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ application တွေကိုလည်း ထပ်မံ Download ဆွဲ Install လုပ်နိုင် အုံးမှာ ဖြစ်ပါတယ်။

ကာဗာဆိုပေမယ့် Transformer စက်ရုပ်ကြီး ဆက်ရသလိုပါပဲ နောက်ဘက် ကနေ ကြည့်လိုက်ရင် iPhone ရယ်လို့တောင် ထင်ရတော့မှာ မဟုတ်ပါဘူး။ ကင်မရာရဲ့ မှန်ဘီလူးကလည်း focal length အမျိုးမျိုး လိုသလို ဆွဲယူနိုင်တဲ့ အတွက် ကြည့်လိုက်ရင် ဒီဂျစ်တယ် ကင်မရာ တစ်လုံးပဲ ဖြစ် ပါတယ်။ ဒီဂျစ်တယ် ကင်မရာထက် အားသာတဲ့အချက် ကတော့ Up do Date -application များ ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ မျက်နှာပြင်ပိုကျယ်ခြင်း၊ Photo Editing ကို ဖုန်းမှာ တစ်ခါတည်း ပြုလုပ်နိုင်ခြင်း အစရှိသဖြင့် အချက်ပေါင်းများစွာ ရှိပါတယ်။

အသုံးပြုဖို့လည်း လွယ်ကူပါတယ်။ အိုင်ဖုန်းရဲ့ နောက်ဘက်ဘက်မှာ အလွယ် တကူ တပ်ဆင်ပေးရုံပဲ ဖြစ်ပါတယ်။ ပြီးတော့ လိုအပ်တဲ့ application တွေကို အလွယ်တကူ Install လုပ်ရုံပဲ ဖြစ်ပါတယ်။ ဒီလို များစွာ အသုံးပြုလို့ရမယ့် i.m+ ကာဗာရဲ့ တန်ဖိုးကလည်း မနည်းပါဘူး။ အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် တန်ဖိုးရှိပါတယ်။ ဒါကြောင့် မြန်မာပြည် မှာ သုံးသိန်း ဝန်းကျင် ပေါက်ဈေး ရှိနိုင်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ကစလို့ ကမ္ဘာတစ်ဝန်း စတင်ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: Sosho
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/11/iphone-5-iam.html

TechSpace Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis