menu

Saturday 1 December 2012

သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည်

လက်ပန်တောင်းတောင် ကြေးနီးစီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသည့် ရဟန်းသဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်နင်း ဖြိုခွဲခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒေသခံ ရဟန်သံဃာတော်များကို ဝန်ချတောင်းပန်ပွဲတစ်ရပ် မနက်ဖြန် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်၊ စနေနေ့တွင် မုံရွာမြို့ ရွှေစည်းခုံစေတီတော်ရှိ၊
တင်ဝင်းထွန်း ဓမ္မာရုံ၌ မွန်းလွဲ ၁နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဒေသရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

အဆိုပါ တောင်းပန်ပွဲသို့ တက်ရောက်ရန် မုံရွာမြို့ပေါ်ရှိ ရဟန်းသံဃာတော် အပါး ၁၀၀အထက် ရှိသော ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်ကြီးများကို ပင့်ဖိတ်ထားပြီး မြို့မိမြို့ဖများကိုလည်း ဖိတ်ကြားထားကြောင်း အဆိုပါသတင်းရပ်ကွက်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis