menu

Saturday 1 December 2012

တစ်ဖက်နိုင်ငံသို့ ခိုးထုတ်မည့် နွားအကောင် ၃ဝ နှင့် ကျွဲနှစ်ကောင် ဖမ်းမိ

Photo: တစ်ဖက်နိုင်ငံသို့ ခိုးထုတ်မည့် နွားအကောင် ၃ဝ နှင့် ကျွဲနှစ်ကောင် ဖမ်းမိ


စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်နံဘေးတွင် တစ် ဖက်နိုင်ငံသို့ သွားရောက်ရောင်းချမည့် နွားထီးကြီး အကောင် ၃ဝ နှင့် ခိုင်းကျွဲ နှစ်ကောင်တို့ကို ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အရှေ့ခြမ်း ငါးမိုင် စိုက်ကွင်း အနီး ဧရာဝတီမြစ်ကမ်းနံဘေးတွင် ဧရာဝတီမြစ်ကိုဖြတ်ကူး၍ တစ်ဖက်နိုင် ငံသို့တင်ပို့ကြမည့် နွားအကောင်၃ဝ နှင့်ကျွဲနှစ်ကောင်၊လူ၁၁ဦး ရောက် ရှိနေကြောင်းတာဝန်သိပြည်သူများ၏သတင်းပေးချက်အရနယ်ထိန်း
ခေါင်းဆောင် ဒုတိယရဲအုပ်အေးနိုင်နှင့်အဖွဲ့ သည် သွားရောက်ဖမ်း ဆီးသည်။

ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း၏ စီစဉ်ညွှန်ကြားမှု၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲအုပ်ဘိုမင်း၊ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်အေးနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ကုန်းကြီး ရဲစခန်းနယ်မြေ တာဝန်ခံ တပ်ကြပ်ကြီး ခင်မောင်ကြည် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သွားရောက် ဖမ်းဆီး နိုင်ခဲ့သည်။

နွားအုပ်ကြီးနှင့် အတူ ဖမ်းဆီးရမိသောတရားခံများမှာ ဇော်မင်းထွန်း (ဘ) ဦးကြည်မင်း၊ သိန်းဇော်ဝင်း (ဘ) ဦးမောင်ကြည်၊ သန်းထိုက် (ဘ)ဦးမြ သောင်း၊ ခိုင်လင်းသိန်း (ဘ) ဦးတင် ဝင်း၊ လှိုင်မျိုးအောင် (ဘ)ဦးမြင့်၊ ရွှေ တုတ်(ဘ)ဦးဖိုးစန်း၊ အောင်ကိုဦး(ဘ) ဦးရဲလွင်၊ လွမ်းဗို (ဘ)ဦးခွေညို၊ကိုဝင်း(ဘ)ဦးထွန်း၊လင်းအောင်(ဘ)ဦးသန်းနှင့် 
အောင်ထွန်းဝင်း(ဘ)ဦးဖိုးရွှေ တို့ဖြစ်သည်။

ကျွဲနွား ၃၂ ကောင်နှင့် လူ ၁၁ ဦး တို့ကို နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီ က ဧရာဝတီမြစ်ကမ်းအနီးမှ ဖမ်းဆီး ရမိခဲ့သည်။ သို့ဖြစ်၍ ခင်ဦးရဲစခန်းမှ (ပ)၄၃၉/၂ဝ၁၂ ပုဒ်မ သွင်းကုန်/ထုတ် ကုန် ပုဒ်မ (၅)အရ ဖမ်းဆီးအရေးယူ ထားပြီး အမှုကို မြို့နယ်တရားရုံးသို့ အမြန်တရားစွဲ တင်ပို့နိုင် ရန်ဆောင် ရွက် နေကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်နံဘေးတွင် တစ် ဖက်နိုင်ငံသို့ သွားရောက်ရောင်းချမည့် နွားထီးကြီး အကောင် ၃ဝ နှင့် ခိုင်းကျွဲ နှစ်ကောင်တို့ကို
ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အရှေ့ခြမ်း ငါးမိုင် စိုက်ကွင်း အနီး ဧရာဝတီမြစ်ကမ်းနံဘေးတွင် ဧရာဝတီမြစ်ကိုဖြတ်ကူး၍ တစ်ဖက်နိုင် ငံသို့တင်ပို့ကြမည့် နွားအကောင်၃ဝ နှင့်ကျွဲနှစ်ကောင်၊လူ၁၁ဦး ရောက် ရှိနေကြောင်းတာဝန်သိပြည်သူများ၏သတင်းပေးချက်အရနယ်ထိန်း
ခေါင်းဆောင် ဒုတိယရဲအုပ်အေးနိုင်နှင့်အဖွဲ့ သည် သွားရောက်ဖမ်း ဆီးသည်။

ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း၏ စီစဉ်ညွှန်ကြားမှု၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲအုပ်ဘိုမင်း၊ နယ်ထိန်းခေါင်းဆောင် ဒုတိယ ရဲအုပ်အေးနိုင်နှင့် တပ်ဖွဲ့ဝင်များသည် ကုန်းကြီး ရဲစခန်းနယ်မြေ တာဝန်ခံ တပ်ကြပ်ကြီး ခင်မောင်ကြည် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သွားရောက် ဖမ်းဆီး နိုင်ခဲ့သည်။

နွားအုပ်ကြီးနှင့် အတူ ဖမ်းဆီးရမိသောတရားခံများမှာ ဇော်မင်းထွန်း (ဘ) ဦးကြည်မင်း၊ သိန်းဇော်ဝင်း (ဘ) ဦးမောင်ကြည်၊ သန်းထိုက် (ဘ)ဦးမြ သောင်း၊ ခိုင်လင်းသိန်း (ဘ) ဦးတင် ဝင်း၊ လှိုင်မျိုးအောင် (ဘ)ဦးမြင့်၊ ရွှေ တုတ်(ဘ)ဦးဖိုးစန်း၊ အောင်ကိုဦး(ဘ) ဦးရဲလွင်၊ လွမ်းဗို (ဘ)ဦးခွေညို၊ကိုဝင်း(ဘ)ဦးထွန်း၊လင်းအောင်(ဘ)ဦးသန်းနှင့်
အောင်ထွန်းဝင်း(ဘ)ဦးဖိုးရွှေ တို့ဖြစ်သည်။

ကျွဲနွား ၃၂ ကောင်နှင့် လူ ၁၁ ဦး တို့ကို နိုဝင်ဘာ ၁၂ ရက် ညနေ ၃ နာရီ က ဧရာဝတီမြစ်ကမ်းအနီးမှ ဖမ်းဆီး ရမိခဲ့သည်။ သို့ဖြစ်၍ ခင်ဦးရဲစခန်းမှ (ပ)၄၃၉/၂ဝ၁၂ ပုဒ်မ သွင်းကုန်/ထုတ် ကုန် ပုဒ်မ (၅)အရ ဖမ်းဆီးအရေးယူ ထားပြီး အမှုကို မြို့နယ်တရားရုံးသို့ အမြန်တရားစွဲ တင်ပို့နိုင် ရန်ဆောင် ရွက် နေကြောင်း သိရသည်။

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis